နိုင်ဂျီးရီးယားနိုင်ငံသားတွေအပေါ် ကျူးလွန်တိုက်ခိုက်ခဲ့မှုအတွက် တောင်အာဖရိကသားတွေ တောင်းပန်

နိုင်ဂျီးရီးယားနိုင်ငံသားတွေအပေါ် ကျူးလွန်တိုက်ခိုက်ခဲ့မှုအတွက် တောင်အာဖရိကသားတွေ တောင်းပန်

တောင်အာဖရိကနိုင်ငံသားတွေ အုပ်စုလိုက် လမ်းပေါ်ချီတက်ပြီး၊ သူတို့နိုင်ငံမှာရှိနေတဲ့ နိုင်ငံခြားသားတွေအပေါ် ကျူးလွန်ခဲ့တာတွေအတွက် တောင်းပန်တဲ့ဗီဒီယို လတ်တလော ဆိုရှယ်မီဒီယာမှာ ရေပန်းစားနေပါတယ်။

တောင်အာဖရိကနိုင်ငံမှာ နိုင်ငံခြားသားတွေအပေါ် ကြောက်စိတ်နဲ့ အထူးသဖြင့် နိုင်ငံတွင်းနေထိုင်တဲ့ နိုင်ဂျီးရီးယား နိုင်ငံသားတွေကို တိုက်ခိုက်တာ၊ နိုင်ငံခြားသားရောင်းတဲ့ ဈေးဆိုင်တွေ လုယက်တာတွေ သီတင်းပတ်အတန်ကြာ ပြုလုပ်လာခဲ့တာ ဖြစ်ပါတယ်။

ဂျိုဟန်နစဘက်ခ်မြို့မှာ လူထုအုပ်စုလိုက် ချီတက်ပြီး သူတို့ရဲ့ မှားယွင်းတဲ့လုပ်ရပ်အပေါ် တောင်းပန်သလို၊ နိုင်ငံခြားသားတွေ ဒီနိုင်ငံကနေ ထွက်မသွားဖို့နဲ့ စီးပွားရေးလုပ်ငန်းတွေ အရင်အတိုင်း ဆက်လုပ်ဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

နိုင်ငံခြားသား ကြောက်စိတ်နဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်တဲ့ကိစ္စ ကိုင်တွယ်ဖြေရှင်းဖို့ တောင်အာဖရိအစိုးရ ကြိုးပမ်းနေမှုအပေါ် ကျန်အာဖရိကနိုင်ငံတွေကလည်း ထောက်ခံအားပေးဖို့ သမ္မတ ရာမာဖိုဆာ တိုက်တွန်းပြီးတဲ့နောက် အခုလို လမ်းပေါ်ထွက် ဝန်ချတောင်းပန်တဲ့ကိစ္စ ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။

ရည်မွန်
အဘူဂျာ၊ စက်တင်ဘာ - ၁၆
Ref : Politics Nigeria

( Zawgyi )

ေတာင္အာဖရိကႏိုင္ငံသားေတြ အုပ္စုလိုက္ လမ္းေပၚခ်ီတက္ၿပီး၊ သူတို႔ႏိုင္ငံမွာရွိေနတဲ့ ႏိုင္ငံျခားသားေတြအေပၚ က်ဴးလြန္ခဲ့တာေတြအတြက္ ေတာင္းပန္တဲ့ဗီဒီယို လတ္တေလာ ဆိုရွယ္မီဒီယာမွာ ေရပန္းစားေနပါတယ္။

ေတာင္အာဖရိကႏိုင္ငံမွာ ႏိုင္ငံျခားသားေတြအေပၚ ေၾကာက္စိတ္နဲ႔ အထူးသျဖင့္ ႏိုင္ငံတြင္းေနထိုင္တဲ့ ႏိုင္ဂ်ီးရီးယား ႏိုင္ငံသားေတြကို တိုက္ခိုက္တာ၊ ႏိုင္ငံျခားသားေရာင္းတဲ့ ေဈးဆိုင္ေတြ လုယက္တာေတြ သီတင္းပတ္အတန္ၾကာ ျပဳလုပ္လာခဲ့တာ ျဖစ္ပါတယ္။

ဂ်ိဳဟန္နစဘက္ခ္ၿမိဳ႕မွာ လူထုအုပ္စုလိုက္ ခ်ီတက္ၿပီး သူတို႔ရဲ႕ မွားယြင္းတဲ့လုပ္ရပ္အေပၚ ေတာင္းပန္သလို၊ ႏိုင္ငံျခားသားေတြ ဒီႏိုင္ငံကေန ထြက္မသြားဖို႔နဲ႔ စီးပြားေရးလုပ္ငန္းေတြ အရင္အတိုင္း ဆက္လုပ္ဖို႔ကိုလည္း ေတာင္းဆိုခဲ့ပါတယ္။

ႏိုင္ငံျခားသား ေၾကာက္စိတ္နဲ႔ တိုက္ခိုက္မႈေတြ ျပဳလုပ္တဲ့ကိစၥ ကိုင္တြယ္ေျဖရွင္းဖို႔ ေတာင္အာဖရိအစိုးရ ႀကိဳးပမ္းေနမႈအေပၚ က်န္အာဖရိကႏိုင္ငံေတြကလည္း ေထာက္ခံအားေပးဖို႔ သမၼတ ရာမာဖိုဆာ တိုက္တြန္းၿပီးတဲ့ေနာက္ အခုလို လမ္းေပၚထြက္ ဝန္ခ်ေတာင္းပန္တဲ့ကိစၥ ျဖစ္လာခဲ့တယ္လို႔ သိရပါတယ္။

ရည္မြန္
အဘူဂ်ာ၊ စက္တင္ဘာ - ၁၆
Ref : Politics Nigeria