နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် ဗင်းနစ်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွား

နှစ် ၅၀ အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် ဗင်းနစ်မြို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွား

နှစ်ပေါင်း ၅၀ ကျော်အတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့်  အီတလီနိုင်ငံ မြို့တော်ဗင်းနစ်၏ အစိတ်အပိုင်းအချို့တွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ပါတယ်။

ရေအမြင့်သည် ၁ ဒသမ ၈၇ မီတာ (၆ ပေ)အထိ ရောက်ရှိခဲ့ကြောင်း မြစ်ရေစောင့်ကြည့်ရေးဌာနက ထုတ်ပြန်ခဲ့ပါတယ်။ ယင်းကဲ့သို့ ရေကြီးမှုသည် ၁၉၂၃ ခုနှစ်နောက်ပိုင်း ပြုလုပ်ခဲ့သည့် မှတ်တမ်းထား ရှိမှုများအနက် စံချိန်တင် မြင့်တက်သည့် ပမာဏဖြစ်ပြီး ၁၉၆၆ ခုနှစ်က ၁ ဒသမ ၉၄ မီတာအထိ မြင့်တက်ခဲ့ပါတယ်။

ဗင်းနစ်မြို့တွင် မုန်တိုင်းတစ်လုံးလည်း ဝင်ရောက်ခဲ့ပြီး ကမ္ဘာလှည့်ခရီးသည်များလာရောက်လည်ပတ်လေ့ ရှိသည့် နေရာများတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်ခဲ့ပါတယ်။မြို့၏အနိမ့်ဆုံး နေရာတစ်ခု တွင် ပါဝင်သည့် စိန့်မာ့ခ်ရင်ပြင်လည်း ပါဝင်ခဲ့သလို့ St Mark's Basilica ဘုရားကျောင်းသည်လည်း နှစ်ပေါင်း ၁၂၀၀ အတွင်း ၆ ကြိမ် ရေလွှမ်းမိုးခံခဲ့ရကြောင်း ဘုရားကျောင်း၏ မှတ်တမ်းများမှာ ဖော်ပြထားပါတယ်။

ဘုရားကျောင်းအဖွဲ့ဝင် ပီယာပေါ်လိုကန်ပေါ့စ်ထရီနီက နောက်ဆုံး ရေလွှမ်းမိုးမှု ၄ ကြိမ်သည် လွန်ခဲ့သည့် နှစ် ၂၀ အတွင်း ဖြစ်ခဲ့ကြောင်း ပြောကြားပါတယ်။ ဗင်းနစ်မြို့သည် အီတလီ အရှေ့မြောက် ကမ်းရိုးတန်းအနီး ရေအိုင်ကြီး တစ်ခုအတွင်း ကျွန်းပေါင်း ၁၀၀ ကျော်ဖြင့် ဖွဲ့စည်း ထားပါတယ်။

ပယ်လက်စထရီးနားကျွန်းတွင် လူ ၂ ဦးသေဆုံးခဲ့ပါတယ်။ အဆိုပါ ကျွန်းသည် ရေအိုင်ကြီးနှင့် အဒီရာတစ်ပင်လယ်တို့အား ပိုင်းခြားထားသည့် ကုန်းမြေတစ်ခုတစ်ခုဖြစ်ပါတယ်။ ဗင်းနစ် မြို့တော် ဝန် လီဂီဘရူနာရိုက သဘာဝဘေးအန္တရာယ် အရေးပေါ်အခြေအနေတစ်ရပ် ကြေညာမည် ဖြစ်ကြောင်းနှင့် အဆိုပါရေကြီးမှုသည် တစ်သက်လုံး အမှတ်ရစရာဖြစ်နေမည်ဟု ပြောပါတယ်။

“အခြေအနေက ဆိုးပါတယ်။ အစိုးရကနေ အကူအညီတောင်းမယ်။ ကုန်ကျစရိတ်လည်း များပါလိမ့် မယ်။ ရာသီ ဥတုပြောင်းလဲမှုကြောင့် သက်ရောက်မှုတစ်ခုပါ” ဟု ၎င်း၏တွစ်တာမှာ ရေးသားထား ပါတယ်။

ဗင်းနစ်မြို့တော်အား ရေလွှမ်းမိုးမှုမှ ကာကွယ်ရန် စီမံကိန်းကို ၂၀၀၃ ခုနှစ်မှ စတင် လုပ်ဆောင်နေသော် လည်း ကုန်ကျစရိတ်မြင့်မားမှု၊ အလွဲသုံးစားမှုနှင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေပါတယ်။  ယင်းစီမံကိန်းတွင် ရေလွှမ်းမိုးမှုအား ဟန့်တားမြစ် ရေတံခါးများ တည်ဆောက်ရေးတို့ ပါဝင်ပါတယ်။အီတလီတွင် နိုဝင်ဘာ ၁၂ ရက်မှ စတင်၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး နောက်နေ့များမှာလည်း ရာသီဥတု ဆိုးရွားနိုင်သေးကြောင်း ခန့်မှန်းထားပါတယ်။

Linko
Ref:BBC
ရောမ၊နိုဝင်ဘာ ၁၃

(  Zawgyi  )

 ႏွစ္ေပါင္း ၅၀ ေက်ာ္အတြင္း အဆိုး႐ြားဆုံး ေရႀကီးမႈေၾကာင့္  အီတလီႏိုင္ငံ ၿမိဳ႕ေတာ္ဗင္းနစ္၏ အစိတ္အပိုင္းအခ်ိဳ႕တြင္ ေရလႊမ္းမိုးမႈမ်ား ျဖစ္ပြားခဲ့ပါတယ္။

ေရအျမင့္သည္ ၁ ဒသမ ၈၇ မီတာ (၆ ေပ)အထိ ေရာက္ရွိခဲ့ေၾကာင္း ျမစ္ေရေစာင့္ၾကည့္ေရးဌာနက ထုတ္ျပန္ခဲ့ပါတယ္။ ယင္းကဲ့သို႔ ေရႀကီးမႈသည္ ၁၉၂၃ ခုႏွစ္ေနာက္ပိုင္း ျပဳလုပ္ခဲ့သည့္ မွတ္တမ္းထား ရွိမႈမ်ားအနက္ စံခ်ိန္တင္ ျမင့္တက္သည့္ ပမာဏျဖစ္ၿပီး ၁၉၆၆ ခုႏွစ္က ၁ ဒသမ ၉၄ မီတာအထိ ျမင့္တက္ခဲ့ပါတယ္။

ဗင္းနစ္ၿမိဳ႕တြင္ မုန္တိုင္းတစ္လုံးလည္း ဝင္ေရာက္ခဲ့ၿပီး ကမာၻလွည့္ခရီးသည္မ်ားလာေရာက္လည္ပတ္ေလ့ ရွိသည့္ ေနရာမ်ားတြင္လည္း ေရလႊမ္းမိုးမႈမ်ား ျဖစ္ေပၚခဲ့ပါတယ္။ၿမိဳ႕၏အနိမ့္ဆုံး ေနရာတစ္ခု တြင္ ပါဝင္သည့္ စိန႔္မာ့ခ္ရင္ျပင္လည္း ပါဝင္ခဲ့သလို႔ St Mark's Basilica ဘုရားေက်ာင္းသည္လည္း ႏွစ္ေပါင္း ၁၂၀၀ အတြင္း ၆ ႀကိမ္ ေရလႊမ္းမိုးခံခဲ့ရေၾကာင္း ဘုရားေက်ာင္း၏ မွတ္တမ္းမ်ားမွာ ေဖာ္ျပထားပါတယ္။

ဘုရားေက်ာင္းအဖြဲ႕ဝင္ ပီယာေပၚလိုကန္ေပါ့စ္ထရီနီက ေနာက္ဆုံး ေရလႊမ္းမိုးမႈ ၄ ႀကိမ္သည္ လြန္ခဲ့သည့္ ႏွစ္ ၂၀ အတြင္း ျဖစ္ခဲ့ေၾကာင္း ေျပာၾကားပါတယ္။ ဗင္းနစ္ၿမိဳ႕သည္ အီတလီ အေရွ႕ေျမာက္ ကမ္း႐ိုးတန္းအနီး ေရအိုင္ႀကီး တစ္ခုအတြင္း ကြၽန္းေပါင္း ၁၀၀ ေက်ာ္ျဖင့္ ဖြဲ႕စည္း ထားပါတယ္။

ပယ္လက္စထရီးနားကြၽန္းတြင္ လူ ၂ ဦးေသဆုံးခဲ့ပါတယ္။ အဆိုပါ ကြၽန္းသည္ ေရအိုင္ႀကီးႏွင့္ အဒီရာတစ္ပင္လယ္တို႔အား ပိုင္းျခားထားသည့္ ကုန္းေျမတစ္ခုတစ္ခုျဖစ္ပါတယ္။ ဗင္းနစ္ ၿမိဳ႕ေတာ္ ဝန္ လီဂီဘ႐ူနာ႐ိုက သဘာဝေဘးအႏၲရာယ္ အေရးေပၚအေျခအေနတစ္ရပ္ ေၾကညာမည္ ျဖစ္ေၾကာင္းႏွင့္ အဆိုပါေရႀကီးမႈသည္ တစ္သက္လုံး အမွတ္ရစရာျဖစ္ေနမည္ဟု ေျပာပါတယ္။

“အေျခအေနက ဆိုးပါတယ္။ အစိုးရကေန အကူအညီေတာင္းမယ္။ ကုန္က်စရိတ္လည္း မ်ားပါလိမ့္ မယ္။ ရာသီ ဥတုေျပာင္းလဲမႈေၾကာင့္ သက္ေရာက္မႈတစ္ခုပါ” ဟု ၎၏တြစ္တာမွာ ေရးသားထား ပါတယ္။

ဗင္းနစ္ၿမိဳ႕ေတာ္အား ေရလႊမ္းမိုးမႈမွ ကာကြယ္ရန္ စီမံကိန္းကို ၂၀၀၃ ခုႏွစ္မွ စတင္ လုပ္ေဆာင္ေနေသာ္ လည္း ကုန္က်စရိတ္ျမင့္မားမႈ၊ အလြဲသုံးစားမႈႏွင့္ ေႏွာင့္ေႏွးမႈမ်ား ျဖစ္ေပၚေနပါတယ္။  ယင္းစီမံကိန္းတြင္ ေရလႊမ္းမိုးမႈအား ဟန႔္တားျမစ္ ေရတံခါးမ်ား တည္ေဆာက္ေရးတို႔ ပါဝင္ပါတယ္။အီတလီတြင္ ႏိုဝင္ဘာ ၁၂ ရက္မွ စတင္၍ မိုးသည္းထန္စြာ ႐ြာသြန္းခဲ့ၿပီး ေနာက္ေန႔မ်ားမွာလည္း ရာသီဥတု ဆိုး႐ြားႏိုင္ေသးေၾကာင္း ခန႔္မွန္းထားပါတယ္။

Linko
Ref:BBC
ေရာမ၊ႏိုဝင္ဘာ ၁၃