ပြုပြင်ပြောင်းလဲရေး သတ်မှတ်ချိန်နီးကပ်လာချိန် လက်ဘနွန်မှာ အထွေထွေသပိတ်စတင်

ပြုပြင်ပြောင်းလဲရေး သတ်မှတ်ချိန်နီးကပ်လာချိန် လက်ဘနွန်မှာ အထွေထွေသပိတ်စတင်

လက်ဘနွန်နိုင်ငံမှာ ဝန်ကြီးချုပ်ဟာရီရီတိုက်တွန်းတဲ့ ပြုပြင်ပြောင်းလဲရေးသတ်မှတ်ချိန်နီးကပ်လာချိန် အထွေထွေသပိတ် စတင်ပေါ်ပေါက် ခဲ့ပါတယ်။ အစိုးရနုတ်ထွက်ပေးရေး ဆန္ဒပြမှု ၅ ရက်မြောက်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၁ ရက်နေ့မှာ တစ်နိုင်ငံလုံးအတိုင်းအတာပါဝင်တဲ့ အထွေထွေသပိတ် စတင်ခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၁ ရက်နေ့မှာ အထွေထွေသပိတ်မှောက်ဖို့အတွက် အလုပ်သမားသမဂ္ဂအဖွဲ့က ဆော်သြခဲ့တာပါ။ ဆန္ဒပြမှုတွေကြောင့် ဘဏ်တွေ၊ ကျောင်းတွေနဲ့ တက္ကသိုလ်တွေ ဆက်ပိတ်ထားရတယ်လို့ ဆိုပါတယ်။ ဆရာများသမဂ္ဂရဲ့ထုတ်ပြန်ချက်မှာလည်း ‘ဒီကနေ့ တိုင်းပြည် စီးပွားရေးအခြေအနေ အကျပ်ဆိုက်နေပြီး၊ ခက်ခဲတဲ့အခြေအနေကို ဖြတ်ကျော်နေရပါတယ်။ ဒီအခြေအနေထိရောက်မှာကို ကျွန်တော်တို့ အမြဲသတိပေးလာခဲ့ပါတယ်။ နိုင်ငံရေးဂိုဏ်းဂဏကွဲမှုကြောင့် ပြည်သူတွေရဲ့ လူမှုဖူလုံရေးလိုအပ်ချက်တွေ ဖြည့်ဆည်းမပေးနိုင်တဲ့အခြေ ဆိုက်လာတာပါ။ စီးပွားရေးနဲ့ ငွေကြေး အဆင်မပြေရာက အခုလို လူ့အဖွဲ့အစည်းတွေကတော်လှန်တဲ့အထိ ဖြစ်လာတာ’လို့ ဆရာများ သမဂ္ဂက လည်း ထုတ်ပြန်ပါတယ်။

ဝန်ကြီးချုပ် Saad al-Hariri ဟာလည်း သူ့ရဲ့ပြုပြင်ပြောင်းလဲရေးမူဝါဒထောက်ခံကြဖို့ ဝန်ကြီးအဖွဲ့ဝင်တွေကို အချိန် ၇၂ နာရီသတ်မှတ်ပေး ထားပြီး၊ အဲဒီမူဝါဒမထောက်ခံဘူးဆိုရင် ရာထူးကနေ နုတ်ထွက်မယ်လို့လည်း အရိပ်အမြွက်ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ် ဟာရီရီ ဦးဆောင် တဲ့ အစိုးရအဖွဲ့မှာ ဂိုဏ်းဂဏစွဲရှိသူတွေနဲ့ ပြိုင်ဘက်အများစု ပါဝင်နေတယ်လို့လည်း သိရပါတယ်။ ပြုပြင်ပြောင်းလဲရေးမူသစ်က အနောက်နိုင် ငံတွေ ကပေးမယ့် ကန်ဒေါ်လာ ၁၁ ဘီလျံအကူအညီတွေကို လမ်းဖွင့်ပေးနိုင်မှာဖြစ်လို့ လက်ရှိတိုင်းပြည်စီးပွားရေးအကျပ်အတည်းကို တားဆီးနိုင် မှာဖြစ်တယ်လို့ ဝန်ကြီးချုပ်ဟာရီရီက ဆိုပြီး၊ သူ့ရဲ့ပြိုင်ဘက်တွေက အဲဒီမူဝါဒကို ဟန့်တားနှောင့်ယှက်နေတာလို့လည်း ပြောဆိုထားပါတယ်။

ရည်မွန်
Ref: english.alarabiya.net
ဘေရွတ်၊ အောက်တိုဘာ ၂၁

(  Zawgyi  )

လက္ဘႏြန္ႏိုင္ငံမွာ ဝန္ႀကီးခ်ဳပ္ဟာရီရီတိုက္တြန္းတဲ့ ျပဳျပင္ေျပာင္းလဲေရးသတ္မွတ္ခ်ိန္နီးကပ္လာခ်ိန္ အေထြေထြသပိတ္ စတင္ေပၚေပါက္ ခဲ့ပါတယ္။ အစိုးရႏုတ္ထြက္ေပးေရး ဆႏၵျပမႈ ၅ ရက္ေျမာက္ေန႔ျဖစ္တဲ့ ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ တစ္ႏိုင္ငံလုံးအတိုင္းအတာပါဝင္တဲ့ အေထြေထြသပိတ္ စတင္ခဲ့တာ ျဖစ္ပါတယ္။

ေအာက္တိုဘာ ၂၁ ရက္ေန႔မွာ အေထြေထြသပိတ္ေမွာက္ဖို႔အတြက္ အလုပ္သမားသမဂၢအဖြဲ႕က ေဆာ္ၾသခဲ့တာပါ။ ဆႏၵျပမႈေတြေၾကာင့္ ဘဏ္ေတြ၊ ေက်ာင္းေတြနဲ႔ တကၠသိုလ္ေတြ ဆက္ပိတ္ထားရတယ္လို႔ ဆိုပါတယ္။ ဆရာမ်ားသမဂၢရဲ႕ထုတ္ျပန္ခ်က္မွာလည္း ‘ဒီကေန႔ တိုင္းျပည္ စီးပြားေရးအေျခအေန အက်ပ္ဆိုက္ေနၿပီး၊ ခက္ခဲတဲ့အေျခအေနကို ျဖတ္ေက်ာ္ေနရပါတယ္။ ဒီအေျခအေနထိေရာက္မွာကို ကြၽန္ေတာ္တို႔ အၿမဲသတိေပးလာခဲ့ပါတယ္။ ႏိုင္ငံေရးဂိုဏ္းဂဏကြဲမႈေၾကာင့္ ျပည္သူေတြရဲ႕ လူမႈဖူလုံေရးလိုအပ္ခ်က္ေတြ ျဖည့္ဆည္းမေပးႏိုင္တဲ့အေျခ ဆိုက္လာတာပါ။ စီးပြားေရးနဲ႔ ေငြေၾကး အဆင္မေျပရာက အခုလို လူ႔အဖြဲ႕အစည္းေတြကေတာ္လွန္တဲ့အထိ ျဖစ္လာတာ’လို႔ ဆရာမ်ား သမဂၢက လည္း ထုတ္ျပန္ပါတယ္။

ဝန္ႀကီးခ်ဳပ္ Saad al-Hariri ဟာလည္း သူ႔ရဲ႕ျပဳျပင္ေျပာင္းလဲေရးမူဝါဒေထာက္ခံၾကဖို႔ ဝန္ႀကီးအဖြဲ႕ဝင္ေတြကို အခ်ိန္ ၇၂ နာရီသတ္မွတ္ေပး ထားၿပီး၊ အဲဒီမူဝါဒမေထာက္ခံဘူးဆိုရင္ ရာထူးကေန ႏုတ္ထြက္မယ္လို႔လည္း အရိပ္အႁမြက္ေျပာဆိုထားပါတယ္။ ဝန္ႀကီးခ်ဳပ္ ဟာရီရီ ဦးေဆာင္ တဲ့ အစိုးရအဖြဲ႕မွာ ဂိုဏ္းဂဏစြဲရွိသူေတြနဲ႔ ၿပိဳင္ဘက္အမ်ားစု ပါဝင္ေနတယ္လို႔လည္း သိရပါတယ္။ ျပဳျပင္ေျပာင္းလဲေရးမူသစ္က အေနာက္ႏိုင္ ငံေတြ ကေပးမယ့္ ကန္ေဒၚလာ ၁၁ ဘီလ်ံအကူအညီေတြကို လမ္းဖြင့္ေပးႏိုင္မွာျဖစ္လို႔ လက္ရွိတိုင္းျပည္စီးပြားေရးအက်ပ္အတည္းကို တားဆီးႏိုင္ မွာျဖစ္တယ္လို႔ ဝန္ႀကီးခ်ဳပ္ဟာရီရီက ဆိုၿပီး၊ သူ႔ရဲ႕ၿပိဳင္ဘက္ေတြက အဲဒီမူဝါဒကို ဟန႔္တားေႏွာင့္ယွက္ေနတာလို႔လည္း ေျပာဆိုထားပါတယ္။

ရည္မြန္
Ref: english.alarabiya.net
ေဘ႐ြတ္၊ ေအာက္တိုဘာ ၂၁