မက္ကဆီကို ဒုစရိုက်ဂိုဏ်းများ အချင်းချင်း တိုက်ခိုက်မှုတွင် လူ ၁၉ ဦး သေဆုံး

မက္ကဆီကို ဒုစရိုက်ဂိုဏ်းများ အချင်းချင်း တိုက်ခိုက်မှုတွင် လူ ၁၉ ဦး သေဆုံး

မက္ကဆီကို ဒုစရိုက်ဂိုဏ်များအချင်းချင်း တိုက်ခိုက်မှုတွင် သေဆုံးသွားသည့် လူ၁၉ ဦး၏ အလောင်းများကို ရဲများက သြဂုတ် ၈ ရက်မှာ တွေ့ရှိခဲ့ပါတယ်။

၉ ဦး၏ အလောင်းများကို တံတားတစ်ခုတွင် ကြိုးဖြင့် တွဲလောင်းချလျှက်လည်းကောင်း၊ ၇ ဦးကို ခုတ်ပိုင်းထား၍ လည်းကောင်း၊ ၃ ဦးကို ပြီးစလွယ် စွန့်ပစ်ထားသည့် ပုံစံဖြင့်လည်းကောင်းတွေ့ခဲ့ရာမှာ အမျိုးသမီး တစ်ဦးထက်မနည်း ပါဝင်ခဲ့ပါတယ်။ကြိုးဖြင့် တွဲလောင်းချထားသည့် အလောင်းများအနီးတွင် မကြာခဏ လူသတ်ဖြတ်လေ့ရှိသည့် Jalisco မူးယစ်အဖွဲ့၏ အတိုကောက်စာလုံးပါသည့် စာတမ်းတစ်ခုကို တွေ့ပြီး ပြိုင်ဘက်အဖွဲ့တစ်ဖွဲ့ကို ခြိမ်းခြောက် ထားကြောင်း နိုင်ငံအနောက်ပိုင်း မီချိုအာကန် ပြည်နယ်မှ ဥပဒေအရာရှိများက ပြောပါတယ်။

“မိမိတို့အဖွဲ့ကို ကာကွယ်ပါ။ Viagra တစ်ယောက်ကို သတ်ပါ” ဟု Viagras အဖွဲ့အား ရည်ညွှန်းပြီး စာတမ်းမှာ ရေးသားထားပါတယ်။“ဒုစရိုက် ဂိုဏ်းအချို့ဟာ နယ်မြေပိုင်ဆိုင်မှု၊ မူးယစ်ထုတ်လုပ်၊ ဖြန့်ချိ၊ သုံးစွဲမှုနဲ့ ပတ်သက်တဲ့ လုပ်ငန်းတွေကို ထိန်းချုပ်ဖို့အတွက် တိုက်ခိုက်နေ ကြ ပါတယ်” လို့ ပြည်နယ်ရှေ့နေချုပ် လိုပက်ဇ်ဆိုလစ်က ပြောပါတယ်။

“သူတို့အချင်းချင်း တိုက်ခိုက်မှုဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ်လုံခြုံမှုအပေါ် ထိခိုက်စေပါတယ်” အလောင်း ၂ လောင်းကို ဝတ်လစ်စလစ်ဖြင့် လည်ပင်းမှ ချိတ်ဆွဲကာ တံတားတွင်တွဲလောင်းချထားပြီး ပိုင်းဖြတ်ထားသည့် အလောင်းများအနက်မှ တစ်ခုမှာ အမျိုးသမီး တစ်ဦးဖြစ်ကြောင်း ရှေ့နေချုပ်ဆိုလစ်က ပြောပါတယ်။

ယခုသတ်ဖြတ်မှုသည် အာဏာပိုင်များကို မက်ဆေ့ချ်တစ်ခုပေးခြင်းဖြစ်ကြောင်း မက္ကဆီကို လုံခြုံရေး လေ့လာသုံးသပ်သူ အလီဂျန်ဒရိုက ပြောပါတယ်။ မက္ကဆီကိုတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုမှာ ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်အထိ ၁၇၆၀၈ ဦးအထိ စံချိန်တင်ခဲ့ပြီး ယမန်နှစ်အလားတူကာလထက် ၅ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။

Linko
Ref: nypost.com
မက္ကဆီကို၊သြဂုတ် ၉

(  Zawgyi  )

 မကၠဆီကို ဒုစ႐ိုက္ဂိုဏ္မ်ားအခ်င္းခ်င္း တိုက္ခိုက္မႈတြင္ ေသဆုံးသြားသည့္ လူ၁၉ ဦး၏ အေလာင္းမ်ားကို ရဲမ်ားက ၾသဂုတ္ ၈ ရက္မွာ ေတြ႕ရွိခဲ့ပါတယ္။

၉ ဦး၏ အေလာင္းမ်ားကို တံတားတစ္ခုတြင္ ႀကိဳးျဖင့္ တြဲေလာင္းခ်လွ်က္လည္းေကာင္း၊ ၇ ဦးကို ခုတ္ပိုင္းထား၍ လည္းေကာင္း၊ ၃ ဦးကို ၿပီးစလြယ္ စြန႔္ပစ္ထားသည့္ ပုံစံျဖင့္လည္းေကာင္းေတြ႕ခဲ့ရာမွာ အမ်ိဳးသမီး တစ္ဦးထက္မနည္း ပါဝင္ခဲ့ပါတယ္။ႀကိဳးျဖင့္ တြဲေလာင္းခ်ထားသည့္ အေလာင္းမ်ားအနီးတြင္ မၾကာခဏ လူသတ္ျဖတ္ေလ့ရွိသည့္ Jalisco မူးယစ္အဖြဲ႕၏ အတိုေကာက္စာလုံးပါသည့္ စာတမ္းတစ္ခုကို ေတြ႕ၿပီး ၿပိဳင္ဘက္အဖြဲ႕တစ္ဖြဲ႕ကို ၿခိမ္းေျခာက္ ထားေၾကာင္း ႏိုင္ငံအေနာက္ပိုင္း မီခ်ိဳအာကန္ ျပည္နယ္မွ ဥပေဒအရာရွိမ်ားက ေျပာပါတယ္။

“မိမိတို႔အဖြဲ႕ကို ကာကြယ္ပါ။ Viagra တစ္ေယာက္ကို သတ္ပါ” ဟု Viagras အဖြဲ႕အား ရည္ၫႊန္းၿပီး စာတမ္းမွာ ေရးသားထားပါတယ္။“ဒုစ႐ိုက္ ဂိုဏ္းအခ်ိဳ႕ဟာ နယ္ေျမပိုင္ဆိုင္မႈ၊ မူးယစ္ထုတ္လုပ္၊ ျဖန႔္ခ်ိ၊ သုံးစြဲမႈနဲ႔ ပတ္သက္တဲ့ လုပ္ငန္းေတြကို ထိန္းခ်ဳပ္ဖို႔အတြက္ တိုက္ခိုက္ေန ၾက ပါတယ္” လို႔ ျပည္နယ္ေရွ႕ေနခ်ဳပ္ လိုပက္ဇ္ဆိုလစ္က ေျပာပါတယ္။

“သူတို႔အခ်င္းခ်င္း တိုက္ခိုက္မႈဟာ ျပည္သူေတြရဲ႕ အသက္အိုးအိမ္လုံၿခဳံမႈအေပၚ ထိခိုက္ေစပါတယ္” အေလာင္း ၂ ေလာင္းကို ဝတ္လစ္စလစ္ျဖင့္ လည္ပင္းမွ ခ်ိတ္ဆြဲကာ တံတားတြင္တြဲေလာင္းခ်ထားၿပီး ပိုင္းျဖတ္ထားသည့္ အေလာင္းမ်ားအနက္မွ တစ္ခုမွာ အမ်ိဳးသမီး တစ္ဦးျဖစ္ေၾကာင္း ေရွ႕ေနခ်ဳပ္ဆိုလစ္က ေျပာပါတယ္။

ယခုသတ္ျဖတ္မႈသည္ အာဏာပိုင္မ်ားကို မက္ေဆ့ခ်္တစ္ခုေပးျခင္းျဖစ္ေၾကာင္း မကၠဆီကို လုံၿခဳံေရး ေလ့လာသုံးသပ္သူ အလီဂ်န္ဒ႐ိုက ေျပာပါတယ္။ မကၠဆီကိုတြင္ အစုလိုက္အၿပဳံလိုက္ သတ္ျဖတ္ခံရမႈမွာ ၂၀၁၉ ခုႏွစ္ ပထမႏွစ္ဝက္အထိ ၁၇၆၀၈ ဦးအထိ စံခ်ိန္တင္ခဲ့ၿပီး ယမန္ႏွစ္အလားတူကာလထက္ ၅ ဒသမ ၃ ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ပါတယ္။

Linko
Ref: nypost.com
မကၠဆီကို၊ၾသဂုတ္ ၉