မိကျောင်းဗိုက်ထဲ လူတွေမှာ အစားထိုးကုတဲ့ ဆေးပညာသုံး အရိုးပြား မပျက်မစီးဘဲ တွေ့ရှိ

မိကျောင်းဗိုက်ထဲ လူတွေမှာ အစားထိုးကုတဲ့ ဆေးပညာသုံး အရိုးပြား မပျက်မစီးဘဲ တွေ့ရှိ

သြစတြေးလျနိုင်ငံ အရှေ့မြောက်ပိုင်း ကွင်းစလန်ပြည်နယ်မှာ သေသွားတဲ့ မိကျောင်းဝမ်းဗိုက်ထဲကနေ လူတွေမှာ အရိုးအစားထိုးကုရင်ထည့်တဲ့ ဆေးပညာသုံး အရိုးတစ်ချောင်း တွေ့ခဲ့ပါတယ်။အဲဒီမှာ မူလီ ၆ ခုလည်း ပါပါတယ်။

ပုံမှန်ဆိုရင် အစားထိုးတဲ့ အရိုးတွေမှာ နံပါတ်ပါပေမဲ့ မိကျောင်းဗိုက်ထဲမှာ အက်ဆစ်ဓာတ် ပါဝင်မှုများတာကြောင့် အဲဒီနံပါတ်ပျက်သွားတယ်လို့ ဆိုပါတယ်။

အက်ဆစ်ဓာတ်များတဲ့ ဝမ်းဗိုက်ထဲ စတီးနဲ့လုပ်တဲ့ အစားထိုးအရိုးတစ်ခု အခုလိုမပျက်မစီးဘဲ အကောင်းအတိုင်းရှိနေတာ တွေ့ရလို့ မွေးမြူရေးစခန်း မန်နေဂျာကိုယ်တိုင် အံ့အားသင့်ခဲ့ရပြီး၊ လူမှုကွန်ရက်မှာလည်း စိတ်ဝင်စားတဲ့ သတင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

MJ လို့ နာမည်ပေးထားတဲ့ အဲဒီမိကျောင်းဟာ အလျား ၄.၇ မီတာ ရှည်ပြီး၊ ၇၀၀ ကီလို အလေးချိန်ရှိပါတယ်။ပြီးခဲ့တဲ့ ၆ နှစ်လောက်က ကွင်းစလန် မြောက်ပိုင်း၊ မိကျောင်းမွေးမြူရေးစခန်းတစ်ခုကနေ Mr. John Leverက ဝယ်ယူခဲ့တာဖြစ်ပါတယ်။MJ ဟာ အဲဒီမတိုင်ခင်က တောထဲမှာနေခဲ့တာလို့ ဆိုပါတယ်။၂၀၁၈ နွေရာသီမှာ Big Joe ဆိုတဲ့ မိကျောင်းနဲ့ တိုက်ခိုက်ရာကနေ ကျန်းမာရေးအခြေအနေ တစ်နေ့တစ်ခြား ဆိုးရွားလာခဲ့တာပါ။၇ လလောက် နေမကောင်းဖြစ်၊ အစားမစားရာကနေ အခုလိုသေဆုံးခဲ့တာ ဖြစ်ပါတယ်။သေဆုံးချိန်မှာ ရင်ခွဲစစ်ဆေးရာကနေ ၁၀ စင်တီမီတာလောက်ရှိတဲ့ ဆေးပညာသုံး အရိုးတစ်ခု တွေ့ခဲ့တာဖြစ်ပါတယ်။အဲဒီအရိုးဟာ ဆွစ်ဇာလန်နိုင်ငံလုပ်ဖြစ်ပြီး၊ မော်ဒယ်ဟောင်းဖြစ်တယ်လို့လည်း သိရပါတယ်။

‘ဒီအရိုးက လူနဲ့ အိမ်မွေးတိရစ္ဆာန်တွေကို အရိုးအစားထိုးကုသမှု လုပ်တဲ့နေရာမှာ သုံးတာဖြစ်နိုင်ပါတယ်။ကျွန်တော်တို့လည်း သေချာမသိဘူး။မိကျောင်းဗိုက်ထဲမှာ ၄၅ နှစ်၊ အနှစ် ၅၀ လောက် ရှိတာဖြစ်နိုင်တယ်’ လို့ Mr. John Lever က AP ကို ပြောပါတယ်။

ဘာပဲပြောပြော အက်စစ်ဓာတ်တွေများတဲ့ မိကျောင်းဗိုက်ထဲမှာ အချိန်အတော်ကြာ မပျက်မစီးဘဲ ရှိနေတယ်ဆိုတာ ထူးဆန်းဖွယ်ဖြစ်ပါတယ်။

မန်နေဂျာ Mr. Lever ကလည်း ဒါကိုပဲ အဖြေရှာလိုတာဖြစ်ပြီး၊ အွန်လိုင်းမှာလည်း ဒီအကြောင်း သိနားလည်သူ ပညာရှင်တစ်ယောက်ယောက်နဲ့ တွေ့ရဖို့ သူက မျှော်လင့်နေပါတယ်။

ဒီကိစ္စဖော်ထုတ်နိုင်ဖို့အတွက်လည်း မိကျောင်းမွေးမြူရေးစခန်းက လူတွေက တတ်သိနားလည်တဲ့ ဆရာဝန်တွေအပြင် ဆိုရှယ်မီဒီယာအသုံးပြုသူတွေနဲ့ ဆွေးနွေးအဖြေရှာနေပါတယ်။

ရည်မွန်
Ref : TheGuardian
ကွင်းစလန်၊ ဇူလိုင် - ၃၁

( Zawgyi )

ၾသစေၾတးလ်ႏိုင္ငံ အေရွ႕ေျမာက္ပိုင္း ကြင္းစလန္ျပည္နယ္မွာ ေသသြားတဲ့ မိေက်ာင္းဝမ္းဗိုက္ထဲကေန လူေတြမွာ အ႐ိုးအစားထိုးကုရင္ထည့္တဲ့ ေဆးပညာသုံး အ႐ိုးတစ္ေခ်ာင္း ေတြ႕ခဲ့ပါတယ္။အဲဒီမွာ မူလီ ၆ ခုလည္း ပါပါတယ္။

ပုံမွန္ဆိုရင္ အစားထိုးတဲ့ အ႐ိုးေတြမွာ နံပါတ္ပါေပမဲ့ မိေက်ာင္းဗိုက္ထဲမွာ အက္ဆစ္ဓာတ္ ပါဝင္မႈမ်ားတာေၾကာင့္ အဲဒီနံပါတ္ပ်က္သြားတယ္လို႔ ဆိုပါတယ္။

အက္ဆစ္ဓာတ္မ်ားတဲ့ ဝမ္းဗိုက္ထဲ စတီးနဲ႔လုပ္တဲ့ အစားထိုးအ႐ိုးတစ္ခု အခုလိုမပ်က္မစီးဘဲ အေကာင္းအတိုင္းရွိေနတာ ေတြ႕ရလို႔ ေမြးျမဴေရးစခန္း မန္ေနဂ်ာကိုယ္တိုင္ အံ့အားသင့္ခဲ့ရၿပီး၊ လူမႈကြန္ရက္မွာလည္း စိတ္ဝင္စားတဲ့ သတင္းတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

MJ လို႔ နာမည္ေပးထားတဲ့ အဲဒီမိေက်ာင္းဟာ အလ်ား ၄.၇ မီတာ ရွည္ၿပီး၊ ၇၀၀ ကီလို အေလးခ်ိန္ရွိပါတယ္။ၿပီးခဲ့တဲ့ ၆ ႏွစ္ေလာက္က ကြင္းစလန္ ေျမာက္ပိုင္း၊ မိေက်ာင္းေမြးျမဴေရးစခန္းတစ္ခုကေန Mr. John Leverက ဝယ္ယူခဲ့တာျဖစ္ပါတယ္။MJ ဟာ အဲဒီမတိုင္ခင္က ေတာထဲမွာေနခဲ့တာလို႔ ဆိုပါတယ္။၂၀၁၈ ေႏြရာသီမွာ Big Joe ဆိုတဲ့ မိေက်ာင္းနဲ႔ တိုက္ခိုက္ရာကေန က်န္းမာေရးအေျခအေန တစ္ေန႔တစ္ျခား ဆိုး႐ြားလာခဲ့တာပါ။၇ လေလာက္ ေနမေကာင္းျဖစ္၊ အစားမစားရာကေန အခုလိုေသဆုံးခဲ့တာ ျဖစ္ပါတယ္။ေသဆုံးခ်ိန္မွာ ရင္ခြဲစစ္ေဆးရာကေန ၁၀ စင္တီမီတာေလာက္ရွိတဲ့ ေဆးပညာသုံး အ႐ိုးတစ္ခု ေတြ႕ခဲ့တာျဖစ္ပါတယ္။အဲဒီအ႐ိုးဟာ ဆြစ္ဇာလန္ႏိုင္ငံလုပ္ျဖစ္ၿပီး၊ ေမာ္ဒယ္ေဟာင္းျဖစ္တယ္လို႔လည္း သိရပါတယ္။

‘ဒီအ႐ိုးက လူနဲ႔ အိမ္ေမြးတိရစာၦန္ေတြကို အ႐ိုးအစားထိုးကုသမႈ လုပ္တဲ့ေနရာမွာ သုံးတာျဖစ္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔လည္း ေသခ်ာမသိဘူး။မိေက်ာင္းဗိုက္ထဲမွာ ၄၅ ႏွစ္၊ အႏွစ္ ၅၀ ေလာက္ ရွိတာျဖစ္ႏိုင္တယ္’ လို႔ Mr. John Lever က AP ကို ေျပာပါတယ္။

ဘာပဲေျပာေျပာ အက္စစ္ဓာတ္ေတြမ်ားတဲ့ မိေက်ာင္းဗိုက္ထဲမွာ အခ်ိန္အေတာ္ၾကာ မပ်က္မစီးဘဲ ရွိေနတယ္ဆိုတာ ထူးဆန္းဖြယ္ျဖစ္ပါတယ္။

မန္ေနဂ်ာ Mr. Lever ကလည္း ဒါကိုပဲ အေျဖရွာလိုတာျဖစ္ၿပီး၊ အြန္လိုင္းမွာလည္း ဒီအေၾကာင္း သိနားလည္သူ ပညာရွင္တစ္ေယာက္ေယာက္နဲ႔ ေတြ႕ရဖို႔ သူက ေမွ်ာ္လင့္ေနပါတယ္။

ဒီကိစၥေဖာ္ထုတ္ႏိုင္ဖို႔အတြက္လည္း မိေက်ာင္းေမြးျမဴေရးစခန္းက လူေတြက တတ္သိနားလည္တဲ့ ဆရာဝန္ေတြအျပင္ ဆိုရွယ္မီဒီယာအသုံးျပဳသူေတြနဲ႔ ေဆြးေႏြးအေျဖရွာေနပါတယ္။

ရည္မြန္
Ref : TheGuardian
ကြင္းစလန္၊ ဇူလိုင္ - ၃၁