မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတ ရှီတွေ့ဆုံ

မြန်မာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် သမ္မတ ရှီတွေ့ဆုံ

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် မြန်မာတပ်တော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို စနေနေ့က တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုသည် ဘဝအလွှာပေါင်းစုံမှ နှစ်နိုင်ငံပြည်သူ များ ပူးပေါင်းဆောင်ရွက်မှုနှင့် တပ်မတော်ချင်း ဆက်ဆံရေးများ အပေါ်မူတည်ကြောင်းပြောကြားခဲ့သည်။

ယခုခရီးစဉ်သည် ၁၉ နှစ်ကြာကာလအတွင်း တရုတ်သမ္မတတဦး မြန်မာနိုင်ငံသို့လာရောက်သည့် ခရီးစဉ်ဖြစ်သကဲ့သို့ သူ၏ယခုနှစ်အတွက် ပထမဆုံးပြည်ပခရီးဖြစ်ကြောင်း ထို့ကြောင့် လက်ရှိ နှစ်နိုင်ငံဆက်ဆံရေး၏ အဆင့်မြင့်မားမှုကို ပြသနေကြောင်း ရှီပြောသည်။

တရုတ်မြန်မာဆက်ဆံရေး ထူထောင်ခဲ့သည့် လွန်ခဲ့သော နှစ်ပေါင်း ၇၀ အတွင်း နှစ်နိုင်ငံလုံးတွင် အပြောင်းအလဲများရှိသကဲ့သို့ ဆက်ဆံရေး အတက်အကျများရှိသော်လည်း တရုတ်နှင့် မြန်မာနှစ်နိုင်ငံ တို့သည် နောက်ဆုံးတွင် နီးကပ်သောပူးပေါင်းဆောင် ရွက်မှုနှင့် အပြန်အလှန်ထောက်ခံရေးဟူသည့် မှန်ကန်သည့် လမ်းကြောင်းသို့ ပြန်လည်ရောက်ရှိသွားကြကြောင်း ရှီပြောသည်။

အဖိုးတန်လှသော ပေါက်ဖေါ်ဆက်ဆံရေးကို နှစ်ဖက်လုံးက ကောင်းစွာစောင့်ရှောက်ကာကွယ်ပြီး တိုးတက်အောင်လုပ်သင့်ကြောင်း ၊ ရလဒ်ကောင်းများကို အစောဆုံးရရှိစေရန်နှင့် ပြည်သူများကို အကျိုးပြုနိုင်ရန်အတွက် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) မူဘောင်အောက်တွင် အားပေးသင့်ကြောင်း လည်း ရှီပြောသည်။

မြန်မာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာတပ်မတော်တို့သည် တူညီသော အနာဂါတ်ရှိ သည့် တရုတ်-မြန်မာ လူမှု အသိုင်းအဝန်းထူထောင်ခြင်းကို ပူးတွဲလုပ်ဆောင်ရန်အတွက် တရုတ် တပ်မတော်နှင့် ဆက်ဆံရေးတောင့်တင်းအောင်လုပ်ဆောင် ရမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဒေသ များ ငြိမ်းချမ်းတည်ငြိမ်ရေးနှင့် နယ်စပ်ဒေသများ စီးပွားရေးတိုးတက်မှုအတွက် အခြေအနေကောင်း များဖန်တီပေးရန်အတွက် ထိုပူးတွဲအားထုတ်မှုကို လုပ်ဆောင်သင့်ကြောင်းရှိသည်။

တရုတ်နှင့် မြန်မာနှစ်နိုင်ငံလုံးသည် ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်ရေးမူကြီး ငါးချက်ကို ရှေ့တန်း တင်သော နိုင်ငံများဖြစ်ကြောင်း ရှီအလေးထားပြောသည်။ တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်သည့်မှုကို လိုက်နာကျင့်သုံးပြီး နိုင်ငံအမျိုးမျိုး ပြည်သူများ လွတ်လပ်စွာရွေးချယ်သော ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကိုလေးစားကြောင်းလည်း ရှီပြောသည်။တနိုင်ငံနှင့်တနိုင်ငံအပြန်အလှန်နားလည်ထောက်ခံရေးကို ထိန်းသိမ်းရန်၊ ညှိနှိုင်းဆောင်ရွက်မှု တောင့်တင်းကြံ့ခိုင်ရေး၊ ၎င်းတို့၏ အချုပ်အခြာအာဏာအသီးသီးကို အခိုင်အမာ ကာကွယ်စောင့်ရှောက်ရေး၊ လုံခြုံရေးနှင့် အကျိုးစီးပွားများ တိုးတက်ရေး၊ ၎င်းတို့၏ ဘုံ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်ရေးနှင့် နိုင်ငံတကာဆက်ဆံရေးကို ထိန်းချုပ်သည့် အခြေခံစံနှုန်းများကို ကာကွယ်စောင့်ရေး တို့ကို ထိန်းသိမ်းထားရန် ရှီတောင်းဆိုသည်။

တရုတ်နိုင်ငံသည် နိုင်ငံတကာနယ်ပယ်တွင် မြန်မာနိုင်ငံအတွက် တရားမျှတမှုအတွက် ထုတ်ဖေါ်ပြော ဆို မည်ဖြစ်ကြောင်း ရှီပြောသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရှီ၏ မြန်မာနိုင်ငံခရီးစဉ်၏ အချိန်ကာလနှင့် မဟာထူးခြားမှုကို မှတ်ချက်ပေးပြီး ထိုခရီးစဉ်သည် အကျိုးရှိသောရလဒ်များ ထုတ်ပေးပြီ နှစ်နိုင်ငံဆက်ဆံရေး၏ မြင့်မားမှုနှင့် နက်ရှိုင်းမှုကို အပြည်အဝပြသနေကြောင်းပြော သည်။

သောကြာနေ့ကကျင်းပသည် နှစ်နိုင်ငံဆက်ဆံရေး နှစ် ၇၀ ပြည့်အထိမ်းအမှတ်အခမ်းအနားကို ရှီတက်ရောက်ခြင်းနှင့် တူညီသောအနာဂါတ်ရှိ တရုတ်-မြန်မာ လူမှုအသိုင်းအဝန်း တည်ထောင်ရေး ကို ကြေညာခြင်းသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် မဟာသမိုင်းဝင် ထူးခြားမှုဖြစ်ကြောင်း သူပြောသည်။

မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ တိုးတက်မှု မဟာအောင်မြင်မှုအတွက် ရိုးရှင်းသော ပျော်ရွှင်မှုကို ခံစားပါကြောင်း၊ တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံ စီးပွားရေး၊ လူမှုဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသား ကာကွယ်ရေးတည်ဆောက်မှု အပေါ် ရေရှည် အကူအညီများကို ကျေးဇူးတင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောသည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏အောင်မြင်အတွေ့အကြုံများကို မြန်မာနိုင်ငံအမျိုးသာ ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် လေ့လာနိုင်ရန် မျှော်လင့်ကြောင်းလည်း သူပြောသည်။

မြန်မာတပ်မတော်သည် တရုတ်တနိုင်ငံတည်း မူကို အခိုင်အမာလိုက်နာကြောင်း ဟောင်ကောင်နှင့် ရှင်ကျန်းကိစ္စများကို တရုတ်နိုင်ငံ၏ပြည်တွင်းရေးအဖြစ်သတ်မှတ်ပါကြောင်း နှင့် အခြားနိုင်ငံများ အနေဖြင့် ဝင်ရောက်စွက်ဖက်မှု ရပ်စဲရန်တောင်းဆိုကြောင်း လည်း သူပြောသည်။ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်-မြန်မာပေါက်ဖေါ် ဆက်ဆံရေးနှင့် နှစ်နိုင်ငံတပ်မတော်များ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းအောင်လုပ်ဆောင်ရေး၊ BRI နှင့် CMEC ပူးတွဲတည်ဆောက်ရေးကို တက်ကြွစွာထောက်ခံရေးနှင့် တူညီသောအနာဂါတ်ရှိ တရုတ်-မြန်မာလူမှု အသိုင်းအဝန်းကို ဆက်လက် တည်ဆောက်ရေးတို့ကို ကတိပြုသည်။ ရှီသည် သောကြာနေ့က နိုင်ငံတော်ခရီးစဉ် အတွက် သောကြာနေ့က ရောက်ရှိခဲ့သည်။

Linko
Ref: Xinhua
နေပြည်တော်၊ ဇန်နဝါရီ ၁၉

(  Zawgyi  )











Linko
Ref: Xinhua