မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုအသစ် ထပ်မံပြုလုပ်

မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုအသစ် ထပ်မံပြုလုပ်

တာတိုပစ်ဒုံးကျည်လို့ယူဆရတဲ့ ဒုံးကျည် ၂ စင်းကို မြောက်ကိုရီးယားက ဒီကနေ့ ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားပူးတွဲစစ်ဦးချုပ်များအဖွဲ့က ထုတ်ပြန်ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ကန့်ကွက်ကြောင်း အင်အားပြတဲ့အနေနဲ့  မြောက်ကိုရီးုယား တပ်တွေကလည်း နွေရာသီစစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေသလို၊ နောက်ထပ်လည်း ဒုံးကျည်ပစ်လွှတ်တာတွေ လုပ်လာနိုင် တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်မ်ဂျုံအန်းဆီကပို့လိုက်တဲ့စာကို သမ္မတထရမ့် ချီးကျူးပြောဆိုခဲ့ပြီးနာရီပိုင်းအကြာမှာ မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်ခဲ့တာပါ။ ဇွန်လ ၃၀ရက်နေ့ဆွေးနွေးပွဲမှာ အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ နျူကလီးယား လက်နက် ဖျက်သိမ်းရေးဆွေးနွေး ပွဲတွေ ပြန်စဖို့ သဘောတူခဲ့ပေမဲ့ အဲဒီအချိန်ကစလို့ မြောက်ကိုရီးယားဘက်က ဒုံးကျည်ပစ်ခတ်စမ်းသပ်မှုတွေ ဆက်တိုက်ဆိုသလို လုပ်လာခဲ့တာပါ။

မြောက်ကိုရီးယားက အခုပစ်လွှတ်တဲ့ဒုံးကျည်တွေဟာ အရင်ပစ်လွှတ်ခဲ့တဲ့တာတိုပစ်ဒုံးကျည်တွေနဲ့ဆင်တူတယ်လို့လည်း အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။ဒီကနေ့မှာ ပစ်လွှတ်ခဲ့တဲ့ဒုံးကျည် ၂ စင်းဟာ အမြင့် ၄၈ ကီလိုမီတာ၊ အကွာအဝေး ကီလိုမီတာ ၄၀၀ (မိုင် ၂၅၀)လောက် အထိ ရောက်ရှိခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်းမြောက်ကိုရီးယားရဲ့ဒုံးလက်နက်ပစ်ခတ်စမ်းသပ်မှုတွေနဲ့ပတ်သက်လို့ သမ္မတဒေါ်နယ်လ်ထရမ့်က အရေးတယူမလုပ်ဘဲ လျှောချလာခဲ့ပါတယ်။ အခုလ ၉ရက်နေ့မှာ သမ္မတထရမ့်က ‘မြောက်ကိုရီးယားက နျူကလီးယားစမ်းသပ်မှုလုပ်တာ မရှိပါဘူး။ တာတိုပစ် ဒုံးကျည်တွေပဲ သူတို့စမ်းသပ်တာပါ။ ပဲ့ထိန်းဒုံးကျည်နဲ့ တာဝေးပစ်ဒုံးကျည်တွေ စမ်းသပ်တဲ့ထဲ မပါဘူး’လို့ ပြောဆိုလိုက်ပါတယ်။

ရည်မွန်
Ref: telegraph
ဆိုးလ်၊ သြဂုတ် ၁၀

(  Zawgyi  )

 တာတိုပစ္ဒုံးက်ည္လို႔ယူဆရတဲ့ ဒုံးက်ည္ ၂ စင္းကို ေျမာက္ကိုရီးယားက ဒီကေန႔ ပစ္လႊတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားပူးတြဲစစ္ဦးခ်ဳပ္မ်ားအဖြဲ႕က ထုတ္ျပန္ပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ရဲ႕ ပူးတြဲစစ္ေရးေလ့က်င့္မႈေတြကို ကန႔္ကြက္ေၾကာင္း အင္အားျပတဲ့အေနနဲ႔  ေျမာက္ကိုရီးုယား တပ္ေတြကလည္း ေႏြရာသီစစ္ေရးေလ့က်င့္မႈေတြ ျပဳလုပ္ေနသလို၊ ေနာက္ထပ္လည္း ဒုံးက်ည္ပစ္လႊတ္တာေတြ လုပ္လာႏိုင္ တယ္လို႔ ထုတ္ျပန္ခ်က္မွာပါရွိပါတယ္။

ေျမာက္ကိုရီးယားေခါင္းေဆာင္ကင္မ္ဂ်ဳံအန္းဆီကပို႔လိုက္တဲ့စာကို သမၼတထရမ့္ ခ်ီးက်ဴးေျပာဆိုခဲ့ၿပီးနာရီပိုင္းအၾကာမွာ ေျမာက္ကိုရီးယားက ဒုံးက်ည္ပစ္လႊတ္ခဲ့တာပါ။ ဇြန္လ ၃၀ရက္ေန႔ေဆြးေႏြးပြဲမွာ အေမရိကန္သမၼတနဲ႔ ေျမာက္ကိုရီးယားေခါင္းေဆာင္တို႔ န်ဴကလီးယား လက္နက္ ဖ်က္သိမ္းေရးေဆြးေႏြး ပြဲေတြ ျပန္စဖို႔ သေဘာတူခဲ့ေပမဲ့ အဲဒီအခ်ိန္ကစလို႔ ေျမာက္ကိုရီးယားဘက္က ဒုံးက်ည္ပစ္ခတ္စမ္းသပ္မႈေတြ ဆက္တိုက္ဆိုသလို လုပ္လာခဲ့တာပါ။

ေျမာက္ကိုရီးယားက အခုပစ္လႊတ္တဲ့ဒုံးက်ည္ေတြဟာ အရင္ပစ္လႊတ္ခဲ့တဲ့တာတိုပစ္ဒုံးက်ည္ေတြနဲ႔ဆင္တူတယ္လို႔လည္း အေမရိကန္ အရာရွိ တစ္ဦးက ေျပာပါတယ္။ဒီကေန႔မွာ ပစ္လႊတ္ခဲ့တဲ့ဒုံးက်ည္ ၂ စင္းဟာ အျမင့္ ၄၈ ကီလိုမီတာ၊ အကြာအေဝး ကီလိုမီတာ ၄၀၀ (မိုင္ ၂၅၀)ေလာက္ အထိ ေရာက္ရွိခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ထုတ္ျပန္ခဲ့ပါတယ္။

ဒီအေတာအတြင္းေျမာက္ကိုရီးယားရဲ႕ဒုံးလက္နက္ပစ္ခတ္စမ္းသပ္မႈေတြနဲ႔ပတ္သက္လို႔ သမၼတေဒၚနယ္လ္ထရမ့္က အေရးတယူမလုပ္ဘဲ ေလွ်ာခ်လာခဲ့ပါတယ္။ အခုလ ၉ရက္ေန႔မွာ သမၼတထရမ့္က ‘ေျမာက္ကိုရီးယားက န်ဴကလီးယားစမ္းသပ္မႈလုပ္တာ မရွိပါဘူး။ တာတိုပစ္ ဒုံးက်ည္ေတြပဲ သူတို႔စမ္းသပ္တာပါ။ ပဲ့ထိန္းဒုံးက်ည္နဲ႔ တာေဝးပစ္ဒုံးက်ည္ေတြ စမ္းသပ္တဲ့ထဲ မပါဘူး’လို႔ ေျပာဆိုလိုက္ပါတယ္။

ရည္မြန္
Ref: telegraph
ဆိုးလ္၊ ၾသဂုတ္ ၁၀