မြောက်ကိုရီးယားသတိပေးမှုကို လျစ်လျူကာ တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှုပြုလုပ်

မြောက်ကိုရီးယားသတိပေးမှုကို လျစ်လျူကာ တောင်ကိုရီးယားနှင့် အမေရိကန် စစ်ရေးလေ့ကျင့်မှုပြုလုပ်

တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၅ ရက်မှာစတင်ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။အဆိုပါ နှစ်နိုင်ငံ ၏ စစ်ရေးလေ့ကျင့်မှုများသည် နျူကလီးယားဆွေးနွေးပွဲများကိုထိခိုက်စေနိုင်ကြောင်း မြောက်ကိုရီးယားကသတိပေးထားသော်လည်းယခုကဲ့သို့ ပြုလုပ်ခြင်းဖြစ်ပါတယ်။

“စစ်ပွဲတစ်ခုအတွင်းတောင်ကိုရီးယားရဲ့ စွမ်းရည်ကိုစမ်းသပ်သိရှိနိုင်ဖို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကိုလုပ်ဆောင်ခြင်း ဖြစ်ပါတယ်” ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ ပြီးခဲ့သည့် ရက်များအတွင်းမြောက်ကိုရီးယားက တာတိုပစ် ဒုံးကျည်စမ်းသပ်မှုများကိုစမ်းသပ်ခဲ့မှုများတွင် တစ်ကြိမ်စမ်းသပ်မှုသည် တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ကွန်ပြူတာအသုံးပြု သဏ္ဍာန်တူစစ်ရေးလေ့ကျင့်မှုကိုလေးလေးနက်နက် သတိပေးထားပါတယ်။

စစ်ရေးလေ့ကျင့်မှုများကိုလုပ်ဆောင်မည်ဆိုပါကမိမိတို့ဘက်ကရပ်ဆိုင်းထားသည့် နျူကလီးယားအစီအစဉ်နှင့် တာဝေးပစ် ဒုံးကျည်ပစ်လွှတ်မှု များကို ပြန်လည်လုပ်ဆောင်မယ်လို့လည်းမြောက်ကိုရီးယားကသတိပေးထားပါတယ်။အမေရိကန်နှင့် တောင်ကိုရီးယားသဘောတူညီချက် အရစစ်ပွဲတစ်ခုဖြစ်ပွားချိန်တွင် အမေရိကန်ဗိုလ်ချုပ်ကြီးတစ်ဦးက ကြီးကြပ်ကွပ်ကဲရမှာဖြစ်သောကြောင့် တောင်ကိုရီးယားက ယင်းသဘော တူညီချက် ကိုပြောင်းလဲဖို့ လုပ်ဆောင်နေပါတယ်။

ယခုကဲ့သို့ စစ်ရေးအရအပြန်အလှန် ဆောင်ရွက်မှုများကြောင့် မြောက်ကိုရီးယား၏ လက်နက်အစီအစဉ် ဆွေးနွေးမှုကိုယခုနှစ်ကုန်ပိုင်းအထိ ကြန့်ကြာသွားစေနိုင်ကြောင်း ကျွမ်းကျင်သူများကသုံးသပ်ထားပါတယ်။ ဇွန်လအတွင်းကကိုရီးယားနှစ်နိုင်ငံကိုပိုင်းခြားထားသည့် စစ်မဲ့ဇုန်၌ သမ္မတထရမ့်နှင့် ခေါင်းဆောင်ကင်ဂျုံအွန်းတို့ ခဏတာတွေ့ဆုံစဉ်အတွင်း နျူကလီးယားဆွေးနွေးပွဲများကို ပြန်လည်စတင်နိုင်ဖို့ သဘောတူညီ ထားပါတယ်။

တောင်ကိုရီးယားနိုင်ငံတွင် မြောက်ကိုရီးယား၏ ရန်ကိုကာကွယ်ရန် အမေရိကန်တပ်ဖွဲ့ဝင် ၂၈၅၀၀ ချထားပြီးအများစုသည် ဆိုးလ်မြို့တောင်ဘက်ပြောင်တေးအက် အရပ်ရှိဟမ်ဖာရက်စခန်းတွင် တပ်စွဲထားကာအမေရိကန်၏ ပြည်ပအကြီးဆုံးစစ်အခြေစိုက်စခန်းတစ်ခုလည်း ဖြစ်ပါတယ်။

Linko
Ref:aljazeera.co
ဆိုးလ်၊သြဂုတ် ၅

(  Zawgyi  )

 ေတာင္ကိုရီးယားႏွင့္ အေမရိကန္တို႔၏ ပူးတြဲစစ္ေရးေလ့က်င့္မႈကို ၾသဂုတ္ ၅ ရက္မွာစတင္ျပဳလုပ္ဖို႔ စီစဥ္ထားပါတယ္။အဆိုပါ ႏွစ္ႏိုင္ငံ ၏ စစ္ေရးေလ့က်င့္မႈမ်ားသည္ န်ဴကလီးယားေဆြးေႏြးပြဲမ်ားကိုထိခိုက္ေစႏိုင္ေၾကာင္း ေျမာက္ကိုရီးယားကသတိေပးထားေသာ္လည္းယခုကဲ့သို႔ ျပဳလုပ္ျခင္းျဖစ္ပါတယ္။

“စစ္ပြဲတစ္ခုအတြင္းေတာင္ကိုရီးယားရဲ႕ စြမ္းရည္ကိုစမ္းသပ္သိရွိႏိုင္ဖို႔ ပူးတြဲစစ္ေရးေလ့က်င့္မႈကိုလုပ္ေဆာင္ျခင္း ျဖစ္ပါတယ္” ဟု ေတာင္ကိုရီးယား ကာကြယ္ေရးဝန္ႀကီးဌာန တာဝန္ရွိသူတစ္ဦးက ဆိုပါတယ္။ ၿပီးခဲ့သည့္ ရက္မ်ားအတြင္းေျမာက္ကိုရီးယားက တာတိုပစ္ ဒုံးက်ည္စမ္းသပ္မႈမ်ားကိုစမ္းသပ္ခဲ့မႈမ်ားတြင္ တစ္ႀကိမ္စမ္းသပ္မႈသည္ ေတာင္ကိုရီးယားႏွင့္ အေမရိကန္တို႔၏ ကြန္ျပဴတာအသုံးျပဳ သ႑ာန္တူစစ္ေရးေလ့က်င့္မႈကိုေလးေလးနက္နက္ သတိေပးထားပါတယ္။

စစ္ေရးေလ့က်င့္မႈမ်ားကိုလုပ္ေဆာင္မည္ဆိုပါကမိမိတို႔ဘက္ကရပ္ဆိုင္းထားသည့္ န်ဴကလီးယားအစီအစဥ္ႏွင့္ တာေဝးပစ္ ဒုံးက်ည္ပစ္လႊတ္မႈ မ်ားကို ျပန္လည္လုပ္ေဆာင္မယ္လို႔လည္းေျမာက္ကိုရီးယားကသတိေပးထားပါတယ္။အေမရိကန္ႏွင့္ ေတာင္ကိုရီးယားသေဘာတူညီခ်က္ အရစစ္ပြဲတစ္ခုျဖစ္ပြားခ်ိန္တြင္ အေမရိကန္ဗိုလ္ခ်ဳပ္ႀကီးတစ္ဦးက ႀကီးၾကပ္ကြပ္ကဲရမွာျဖစ္ေသာေၾကာင့္ ေတာင္ကိုရီးယားက ယင္းသေဘာ တူညီခ်က္ ကိုေျပာင္းလဲဖို႔ လုပ္ေဆာင္ေနပါတယ္။

ယခုကဲ့သို႔ စစ္ေရးအရအျပန္အလွန္ ေဆာင္႐ြက္မႈမ်ားေၾကာင့္ ေျမာက္ကိုရီးယား၏ လက္နက္အစီအစဥ္ ေဆြးေႏြးမႈကိုယခုႏွစ္ကုန္ပိုင္းအထိ ၾကန႔္ၾကာသြားေစႏိုင္ေၾကာင္း ကြၽမ္းက်င္သူမ်ားကသုံးသပ္ထားပါတယ္။ ဇြန္လအတြင္းကကိုရီးယားႏွစ္ႏိုင္ငံကိုပိုင္းျခားထားသည့္ စစ္မဲ့ဇုန္၌ သမၼတထရမ့္ႏွင့္ ေခါင္းေဆာင္ကင္ဂ်ဳံအြန္းတို႔ ခဏတာေတြ႕ဆုံစဥ္အတြင္း န်ဴကလီးယားေဆြးေႏြးပြဲမ်ားကို ျပန္လည္စတင္ႏိုင္ဖို႔ သေဘာတူညီ ထားပါတယ္။

ေတာင္ကိုရီးယားႏိုင္ငံတြင္ ေျမာက္ကိုရီးယား၏ ရန္ကိုကာကြယ္ရန္ အေမရိကန္တပ္ဖြဲ႕ဝင္ ၂၈၅၀၀ ခ်ထားၿပီးအမ်ားစုသည္ ဆိုးလ္ၿမိဳ႕ေတာင္ဘက္ေျပာင္ေတးအက္ အရပ္ရွိဟမ္ဖာရက္စခန္းတြင္ တပ္စြဲထားကာအေမရိကန္၏ ျပည္ပအႀကီးဆုံးစစ္အေျခစိုက္စခန္းတစ္ခုလည္း ျဖစ္ပါတယ္။

Linko
Ref:aljazeera.co
ဆိုးလ္၊ၾသဂုတ္ ၅