ရုရှား၏ S-400 လေကြောင်းကာကွယ်ရေးစနစ်များက အမေရိကန် F-35 လေယာဉ်များကို မထောက်လှမ်းနိုင်ခဲ့

ရုရှား၏ S-400 လေကြောင်းကာကွယ်ရေးစနစ်များက အမေရိကန် F-35 လေယာဉ်များကို မထောက်လှမ်းနိုင်ခဲ့

ရုရှားတို့၏ S-400 လေကြောင်းကာကွယ်ရေးစနစ်များသည် အမေရိကန် F-35 လေယာဉ်များအား ကီလိုမီတာ ၂၀၀-၂၅၀ အကွာအဝေးမှပင် ထောက်လှမ်းနိုင်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ဆီးရီးယားတွင် ဖြန့်ကျက် ထားသည့် အဆိုပါ စနစ်သည် ယင်းကဲ့သို့ လုပ်ဆောင်နိုင်ခြင်း မရှိခဲ့ကြောင်း Al-Masdar News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဆိုပါစနစ်မအောင်မြင်မှုကြောင့် ရုရှားက အမေရိကန်တို့၏ ရေဒါပျောက် ဂျက်တိုက်လေယာဉ်များကို ထောက်လှမ်းနိုင်ရန် S-500 စနစ်များကို ထပ်မံ ထုတ်လုပ်ခဲ့ကြောင်းလည်း အဆိုပါသတင်းမှာ ဖော်ပြထားပါတယ်။“အမေရိကန်က လက်ရှိအသုံးပြုနေတဲ့ F-35 ရေဒါပျောက် တိုက်လေယာဉ်တွေ ကို တုန့်ပြန်နိုင်ဖို့အတွက် ရုရှားက S-500 Prometheus လေကြောင်းကာကွယ်ရေးစနစ်ကို ထပ်မံ ထုတ်လုပ်တာဖြစ် ပါတယ်” ဟု Al-Masdar သတင်းဌာနက ရေးသားပါတယ်။

အမေရိကန်၊ ဗြိတိန်နှင့် အစ္စရေးတို့၏ F-35 ဂျက်တိုက်လေယာဉ်များသည် S-400 လေကြောင်းကာကွယ်ရေးစနစ် ဖြန့်ကျက်ထားသည် နယ်မြေများတွင် ပျံသန်းခဲ့သော်လည်း ကီလိုမီတာ ၂၀၀-၃၀၀ အကွာအဝေးမှ ထောက်လှမ်းနိုင်ခြင်းမရှိခဲ့သောကြောင့် ရုရှားပညာရှင်များအကြား အငြင်းပွားဖွယ်ရာ ဖြစ်စေခဲ့ပါတယ်။

S-500 Prometheus စနစ်သည် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များကို ကြားဖြတ်ဟန့်တား ရန်နှင့် လေကြောင်းရန်အချက်ပေးစနစ်တို့ ပါဝင်ပါတယ်။ ကီလိုမီတာ ၆၀၀ (မိုင် ၃၇၀) အထိ သက်ရောက်မှု ရှိပြီး ပစ်မှတ် ၁၀ အထိကို တစ်ပြိုက်နက်တည်း ချိန်ရွယ်ပစ်ခတ်နိုင်ပါတယ်။ အမြင့်ပေ ၁၈၅ ကီလိုမီတာတွင် ကြားဖြတ်ဟန့်တားမှုများကို လုပ်ဆောင်နိုင်မှာ ဖြစ်သလို တုန့်ပြန်မှုကို ၃/၄ စက္ကန့်အတွင်း ပြုလုပ်နိုင်မှာ ဖြစ်တာကြောင့်  ယခင် S-400 စနစ် လုပ်ဆောင်နိုင်ခဲ့သည့် ၉/၁၀ စက္ကန့်ထက် ပိုမို မြန်ဆန်မှာ ဖြစ်ပါတယ်။

Linko
Ref:UAwire.org
ဒမတ်စကတ်၊နိုဝင်ဘာ ၁၄

(  Zawgyi  )

 ႐ုရွားတို႔၏ S-400 ေလေၾကာင္းကာကြယ္ေရးစနစ္မ်ားသည္ အေမရိကန္ F-35 ေလယာဥ္မ်ားအား ကီလိုမီတာ ၂၀၀-၂၅၀ အကြာအေဝးမွပင္ ေထာက္လွမ္းႏိုင္သည္ဟု သတင္းမ်ား ထြက္ေပၚခဲ့ေသာ္လည္း ဆီးရီးယားတြင္ ျဖန႔္က်က္ ထားသည့္ အဆိုပါ စနစ္သည္ ယင္းကဲ့သို႔ လုပ္ေဆာင္ႏိုင္ျခင္း မရွိခဲ့ေၾကာင္း Al-Masdar News သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

အဆိုပါစနစ္မေအာင္ျမင္မႈေၾကာင့္ ႐ုရွားက အေမရိကန္တို႔၏ ေရဒါေပ်ာက္ ဂ်က္တိုက္ေလယာဥ္မ်ားကို ေထာက္လွမ္းႏိုင္ရန္ S-500 စနစ္မ်ားကို ထပ္မံ ထုတ္လုပ္ခဲ့ေၾကာင္းလည္း အဆိုပါသတင္းမွာ ေဖာ္ျပထားပါတယ္။“အေမရိကန္က လက္ရွိအသုံးျပဳေနတဲ့ F-35 ေရဒါေပ်ာက္ တိုက္ေလယာဥ္ေတြ ကို တုန႔္ျပန္ႏိုင္ဖို႔အတြက္ ႐ုရွားက S-500 Prometheus ေလေၾကာင္းကာကြယ္ေရးစနစ္ကို ထပ္မံ ထုတ္လုပ္တာျဖစ္ ပါတယ္” ဟု Al-Masdar သတင္းဌာနက ေရးသားပါတယ္။

အေမရိကန္၊ ၿဗိတိန္ႏွင့္ အစၥေရးတို႔၏ F-35 ဂ်က္တိုက္ေလယာဥ္မ်ားသည္ S-400 ေလေၾကာင္းကာကြယ္ေရးစနစ္ ျဖန႔္က်က္ထားသည္ နယ္ေျမမ်ားတြင္ ပ်ံသန္းခဲ့ေသာ္လည္း ကီလိုမီတာ ၂၀၀-၃၀၀ အကြာအေဝးမွ ေထာက္လွမ္းႏိုင္ျခင္းမရွိခဲ့ေသာေၾကာင့္ ႐ုရွားပညာရွင္မ်ားအၾကား အျငင္းပြားဖြယ္ရာ ျဖစ္ေစခဲ့ပါတယ္။

S-500 Prometheus စနစ္သည္ ေျမျပင္မွ ေဝဟင္ပစ္ ဒုံးက်ည္ကာကြယ္ေရးစနစ္ျဖစ္ၿပီး တိုက္ခ်င္းပစ္ ပဲ့ထိန္းဒုံးက်ည္မ်ားကို ၾကားျဖတ္ဟန႔္တား ရန္ႏွင့္ ေလေၾကာင္းရန္အခ်က္ေပးစနစ္တို႔ ပါဝင္ပါတယ္။ ကီလိုမီတာ ၆၀၀ (မိုင္ ၃၇၀) အထိ သက္ေရာက္မႈ ရွိၿပီး ပစ္မွတ္ ၁၀ အထိကို တစ္ၿပိဳက္နက္တည္း ခ်ိန္႐ြယ္ပစ္ခတ္ႏိုင္ပါတယ္။ အျမင့္ေပ ၁၈၅ ကီလိုမီတာတြင္ ၾကားျဖတ္ဟန႔္တားမႈမ်ားကို လုပ္ေဆာင္ႏိုင္မွာ ျဖစ္သလို တုန႔္ျပန္မႈကို ၃/၄ စကၠန႔္အတြင္း ျပဳလုပ္ႏိုင္မွာ ျဖစ္တာေၾကာင့္  ယခင္ S-400 စနစ္ လုပ္ေဆာင္ႏိုင္ခဲ့သည့္ ၉/၁၀ စကၠန႔္ထက္ ပိုမို ျမန္ဆန္မွာ ျဖစ္ပါတယ္။

Linko
Ref:UAwire.org
ဒမတ္စကတ္၊ႏိုဝင္ဘာ ၁၄