ဟာမာစစ်စခန်းတွေကိုပစ်တဲ့ ဒုံးကျည်ကို ဆီးရီးယားဒုံးကျည်ကာကွယ်ရေးတပ် ပစ်ချနိုင်ခဲ့

ဟာမာစစ်စခန်းတွေကိုပစ်တဲ့ ဒုံးကျည်ကို ဆီးရီးယားဒုံးကျည်ကာကွယ်ရေးတပ် ပစ်ချနိုင်ခဲ့

သြဂုတ်လ ၁၅ရက်နှောင်းပိုင်းက ဆီးရီးယားစစ်စခန်းတွေဆီပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ဆီးရီးယားဒုံးကျည်ကာကွယ်ရေးတပ်က ပစ်ချနိုင်ခဲ့တယ်လို့ SANAသတင်းဌာနက ထုတ်ပြန်ပါတယ်။

Hamaပြည်နယ်၊ Masyaf မြို့က စစ်စခန်းတွေကို လက်ဘနွန်လေပိုင်နက်ကနေ ဒုံးကျည်ပစ်လွှတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

အစောပိုင်းသတင်းတွေမှာတော့ စစ်စခန်းတွေရှိတဲ့ အဲဒီမြို့မှာ အင်အားပြင်းထန်တဲ့ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။ ဇူလိုင်လ ၂၂ ရက်တုန်းကလည်း Masyafမြို့ကိုပစ်လွှတ်တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေကို စစ်တပ်က ပစ်ချနိုင်ခဲ့တယ်လို့  Al Ekhbariya ရုပ်သံက ပြောပေမဲ့ လက်နက်ကြီးတွေနဲ့ပစ်တာကို ဒုံးကျည်နဲ့မှားယွင်းခဲ့တာလို့ နောက်ပိုင်းမှာ သတင်းထွက်လာခဲ့ပါတယ်။

 ရည်မွန်
Ref: Tass
ဒါမတ်စကပ်၊ သြဂုတ် ၁၆

( Zawgyi  )

 ၾသဂုတ္လ ၁၅ရက္ေႏွာင္းပိုင္းက ဆီးရီးယားစစ္စခန္းေတြဆီပစ္လႊတ္ခဲ့တဲ့ ဒုံးက်ည္တစ္စင္းကို ဆီးရီးယားဒုံးက်ည္ကာကြယ္ေရးတပ္က ပစ္ခ်ႏိုင္ခဲ့တယ္လို႔ SANAသတင္းဌာနက ထုတ္ျပန္ပါတယ္။

Hamaျပည္နယ္၊ Masyaf ၿမိဳ႕က စစ္စခန္းေတြကို လက္ဘႏြန္ေလပိုင္နက္ကေန ဒုံးက်ည္ပစ္လႊတ္တိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ သတင္းေတြက ဆိုပါတယ္။

အေစာပိုင္းသတင္းေတြမွာေတာ့ စစ္စခန္းေတြရွိတဲ့ အဲဒီၿမိဳ႕မွာ အင္အားျပင္းထန္တဲ့ေပါက္ကြဲသံေတြ ၾကားေနရတယ္လို႔ ဆိုပါတယ္။ ဇူလိုင္လ ၂၂ ရက္တုန္းကလည္း Masyafၿမိဳ႕ကိုပစ္လႊတ္တိုက္ခိုက္ခဲ့တဲ့ ဒုံးက်ည္ေတြကို စစ္တပ္က ပစ္ခ်ႏိုင္ခဲ့တယ္လို႔  Al Ekhbariya ႐ုပ္သံက ေျပာေပမဲ့ လက္နက္ႀကီးေတြနဲ႔ပစ္တာကို ဒုံးက်ည္နဲ႔မွားယြင္းခဲ့တာလို႔ ေနာက္ပိုင္းမွာ သတင္းထြက္လာခဲ့ပါတယ္။

 ရည္မြန္
Ref: Tass
ဒါမတ္စကပ္၊ ၾသဂုတ္ ၁၆