ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ကို တရုတ်လူမျိုးတွေထောက်ခံအားပေး

ဟောင်ကောင်အုပ်ချုပ်ရေးမှူးနဲ့ ရဲတပ်ဖွဲ့ကို တရုတ်လူမျိုးတွေထောက်ခံအားပေး

ဟောင်ကောင်မှာဖြစ်နေတဲ့ သီတင်းပတ်အတော်ကြာဆန္ဒပြမှုတွေနဲ့ပတ်သက်ပြီး အုပ်ချုပ်ရေးမှူး ကယ်ရီလန်းနဲ့ ဟောင်ကောင်ရဲတပ်ဖွဲ့ရဲ့တရားဥပဒေစိုးမိုးရေးဆောင်ရွက်နေမှုအပေါ် တရုတ် လူမျိုးတွေက ထောက်ခံအားပေးသလို၊ တရုတ် Global Timesသတင်းထောက် Fu Guo hao ဆိုသူကိုလည်း သူရဲကောင်းတစ်ဦးလို ကြိုဆိုခဲ့ပါတယ်။

သြဂုတ် ၁၃ ရက်နေ့ည ဟောင်ကောင်လေဆိပ်ဆန္ဒပြစဉ်မှာ Global Times သတင်းထောက်ဖြစ်တဲ့ မစ္စတာ Fuက ဟောင်ကောင်ရဲကို ထောက်ခံတယ်ဆိုတဲ့စာသားပါအင်္ကျီဝတ်ထားလို့ဆိုပြီး၊ ဆန္ဒပြ သူတွေ က သူ့ကို ကြိုးတွေနဲ့တုပ်ပြီး ဝိုင်းရိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီဗီဒီယိုဟာ အွန်လိုင်းမှာဟိုးလေးတကျော်ဖြစ်သွားခဲ့ပြီး၊ တရုတ်လူမျိုးတွေကဆို မစ္စတာ Fuကို သူရဲကောင်းလို ကြိုဆိုခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်နေ့ သူ ဆေးရုံကဆင်းတဲ့အချိန်မှာလည်း အွန်လိုင်းဝက်ဆိုဒ်တွေမှာ သူ့အကြောင်း ကြည့်ရှုသူအများဆုံးဖြစ်ခဲ့ပါတယ်။ အဲဒီတစ်နေ့တည်းမှာပဲ အွန်လိုင်းကမ်ပိန်းတွေလုပ်ပြီး သူ့ရဲ့လုပ်ရပ်ကိုထောက်ခံကြောင်းပြတဲ့ လှုပ်ရှားမှုတွေလည်း ရှိလာခဲ့ ပါတယ်။

ရည်မွန်
Ref: en.people.cn
ဘေကျင်း ၊ သြဂုတ် ၁၇

(  Zawgyi  )

ေဟာင္ေကာင္မွာျဖစ္ေနတဲ့ သီတင္းပတ္အေတာ္ၾကာဆႏၵျပမႈေတြနဲ႔ပတ္သက္ၿပီး အုပ္ခ်ဳပ္ေရးမႉး ကယ္ရီလန္းနဲ႔ ေဟာင္ေကာင္ရဲတပ္ဖြဲ႕ရဲ႕တရားဥပေဒစိုးမိုးေရးေဆာင္႐ြက္ေနမႈအေပၚ တ႐ုတ္ လူမ်ိဳးေတြက ေထာက္ခံအားေပးသလို၊ တ႐ုတ္ Global Timesသတင္းေထာက္ Fu Guo hao ဆိုသူကိုလည္း သူရဲေကာင္းတစ္ဦးလို ႀကိဳဆိုခဲ့ပါတယ္။

ၾသဂုတ္ ၁၃ ရက္ေန႔ည ေဟာင္ေကာင္ေလဆိပ္ဆႏၵျပစဥ္မွာ Global Times သတင္းေထာက္ျဖစ္တဲ့ မစၥတာ Fuက ေဟာင္ေကာင္ရဲကို ေထာက္ခံတယ္ဆိုတဲ့စာသားပါအက်ႌဝတ္ထားလို႔ဆိုၿပီး၊ ဆႏၵျပ သူေတြ က သူ႔ကို ႀကိဳးေတြနဲ႔တုပ္ၿပီး ဝိုင္း႐ိုက္ခဲ့တာျဖစ္ပါတယ္။

အဲဒီဗီဒီယိုဟာ အြန္လိုင္းမွာဟိုးေလးတေက်ာ္ျဖစ္သြားခဲ့ၿပီး၊ တ႐ုတ္လူမ်ိဳးေတြကဆို မစၥတာ Fuကို သူရဲေကာင္းလို ႀကိဳဆိုခဲ့တာ ျဖစ္ပါတယ္။ ေနာက္တစ္ေန႔ သူ ေဆး႐ုံကဆင္းတဲ့အခ်ိန္မွာလည္း အြန္လိုင္းဝက္ဆိုဒ္ေတြမွာ သူ႔အေၾကာင္း ၾကည့္ရႈသူအမ်ားဆုံးျဖစ္ခဲ့ပါတယ္။ အဲဒီတစ္ေန႔တည္းမွာပဲ အြန္လိုင္းကမ္ပိန္းေတြလုပ္ၿပီး သူ႔ရဲ႕လုပ္ရပ္ကိုေထာက္ခံေၾကာင္းျပတဲ့ လႈပ္ရွားမႈေတြလည္း ရွိလာခဲ့ ပါတယ္။

ရည္မြန္
Ref: en.people.cn
ေဘက်င္း ၊ ၾသဂုတ္ ၁၇