အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ တရားစွဲဆိုမှုများအပေါ် အစ္စရေးဝန်ကြီးချုပ် ငြင်းဆို

အကျင့်ပျက်ခြစားမှုများနှင့် ပတ်သက်၍ တရားစွဲဆိုမှုများအပေါ် အစ္စရေးဝန်ကြီးချုပ် ငြင်းဆို

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအား လာဘ်စားမှု၊ ယုံကြည်မှုအပေါ် ချိုးဖောက်မှုနှင့် လိမ်လည်မှု များဖြင့် တရားစွဲဆိုထားကြောင်း ရှေ့နေချုပ် အဗီချိုင်းမန်ဒယ်ဘလစ်က ပြောကြားလိုက်ပါတယ်။အစ္စရေး ရဲတပ်ဖွဲ့က ယင်းကဲ့သို့ အရေးယူရန် ဆုံးဖြတ်ချက်ချပြီးနောက် တရားစွဲဆိုမှုကို မန်ဒယ်ဘလစ်က နိုဝင်ဘာ ၂၁ ရက်မှာ ကြေညာလိုက်ခြင်း ဖြစ်ပါတယ်။စိတ်မသက်မသာဖြင့် ယခုကဲ့သို့ ဆုံးဖြတ်ရခြင်း ဖြစ်ပြီး နိုင်ငံရေးပယောဂမပါဝင်ကြောင်းလည်း မန်ဒယ်ဘလစ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“လက်ရှိ ဝန်ကြီးချုပ်တစ်ယောက်ကို ရှေ့နေချုပ်တစ်ယောက်က အုပ်ချုပ်မှုဆိုင်ရာ အကျင့် ပျက်ခြစားမှုတွေအတွက် ကြီးမာတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲရတာဟာ အစ္စရေးပြည်သူတွေအနေနဲ့ရော ကျွန်တော်အနေနဲ့ပါ တကယ်ကို စိတ်မကောင်းဖြစ်ရတဲ့ နေ့တစ်နေ့ပါ” လို့ သူကပြော ပါတယ်။

“အခုတရားစွဲဆိုတာတဟာ လက်ဝဲယိမ်း၊ လက်ယာယိမ်း ကိစ္စတွေနဲ့ မဆိုင်သလို နိုင်ငံရေးနဲ့လည်း မပတ်သက်ပါဘူး။ ကျွန်တော်တို့ရဲ့ တာဝန်ဝတ္တရားအရ၊ ဥပဒေစိုးမိုးရေးအရနဲ့ အဲဒီအတွက် တာဝန်ရှိသူ ခေါင်းဆောင် တစ်ဦးအနေနဲ့ ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောပါတယ်။

စွပ်စွဲထားသည့် အမှုများအားလုံးကို နေတန်ယာဟုက ငြင်းဆိုထားပြီး လက်ရှိတာဝန်မှလည်း နုတ်ထွက်ပေးရန် ဥပဒေအရ အကျုံးမဝင်ကြောင်း လည်း ပြောပါတယ်။ တရားစွဲဆိုမှုများသည် မမှန်ကန်သည့် လိမ်လည် လုပ်ကြံစုံစမ်းမှုများဖြင့် အာဏာသိမ်းရန် လုပ်ဆောင်မှုတစ်ခု သာဖြစ်ကြောင်း နိုဝင်ဘာ ၂၁ ရက်က ပြောကြား လိုက်ပါတယ်။

“သူတို့က အမှန်အတိုင်း လုပ်ဆောင်ခဲ့တာမဟုတ်ပါဘူး။ သက်သက်မဲ့ ချိုးတာပါ။ အခုဖြစ်စဉ်အတွက် လွပ်လပ်တဲ့ ပြင်ပစုံစမ်းရေး ကော်မတီ တစ်ရပ်ဖွဲ့ပြီး ရပ်တန့်နိုင်ဖို့ လိုပါတယ်” ဟု နေတန်ယာဟုက ရုပ်သံမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။“အချက်အလက် ရှာဖွေသူတွေကို စစ်ဆေးဖို့ လိုပါပြီ။ အခုစုံစမ်းမှုတွေကို အတည်ပြုခဲ့တဲ့ နိုင်ငံတော်ရှေ့နေရုံးကိုလည်း စစ်ဆေးဖို့လိုပါမယ်” ဟု ၎င်းက ပြောပါတယ်။  ထို့ပြင် တရား ရင်ဆိုင်နေစဉ် ကာလအတွင်း လက်ရှိတာဝန်ကနေ နုတ်ထွက်ပေးမှာ မဟုတ်ဘူးလို့လည်း နေတန်ယာဟုက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကာလကြာမြင့်စွာ ပြုလုပ်ခဲ့သည့် စုံစမ်းမှု ၃ ခုတွင် နေတန်ယာဟုက နိုင်ငံတော်၏ မီဒီယာလုပ်ငန်းတွင် ပါဝင်ဖော်ပြခွင့်အတွက်  အခွင့်အရေးပေး ရန်နှင့် ဆွေးနွေးမှုများ လုပ်ဆောင်နိုင်ရန် ယူရိုငွေ သိန်းနှင့်ချီတန်သော တံစိုး လက်ဆောင်များကို ရယူခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ၎င်းအနေဖြင့် လာဘ်စားမှုအတွက် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်နှင့် ယုံကြည်မှုဆိုင်ရာ အလွဲသုံးစားလုံးမှုအတွက် ထောင်ဒဏ် ၃ နှစ်အထိ ထောင်ဒဏ်ကျခံရဖွယ်ရှိပါတယ်။

စွပ်စွဲထားသည့် အမှုများအနက်မှ တစ်ခုတွင် နေတန်ယာဟုက အခွန်ကင်းလွတ်ခွင့်အတွက် ဒေါ်လာ ၂၆၄၀၀၀ (ယူရို ၂၃၈၀၀၀) ကို လက်ခံ ခဲ့ကြောင်း စွပ်စွဲထားပါတယ်။ ယင်းလက်ဆောင်များတွင် စီးကရက်များ၊ ဟောလိဝုဒ် ရုပ်ရှင်ထုတ်လုပ်သူနှင့် ဩစတြေးလျ ဘီလျံနာတစ်ဦးထံမှ ရှန်ပိန်အရက်များ ယူခြင်းတို့ ပါဝင်ကြောင်း အစိုးရ ရှေ့နေများက ပြောပါတယ်။

အခြားအမှုနှစ်ခုတွင် အစ္စရေးမီဒီယာများက နေတန်ယာဟုနှင့် ၎င်း၏ မိသားစုတို့နှင့် ပတ်သက်၍ ကောင်းသတင်းများ ဖော်ပြရန် ဆွေးနွေး ညှိနှိုင်းမှုများ ပါဝင်ပါတယ်။

Linko
Ref:euronews.com
ဂျေရုဆလင်၊ နိုဝင်ဘာ ၂၂

(  Zawgyi  )

 အစၥေရးဝန္ႀကီးခ်ဳပ္ ဘင္ဂ်မင္ေနတန္ယာဟုအား လာဘ္စားမႈ၊ ယုံၾကည္မႈအေပၚ ခ်ိဳးေဖာက္မႈႏွင့္ လိမ္လည္မႈ မ်ားျဖင့္ တရားစြဲဆိုထားေၾကာင္း ေရွ႕ေနခ်ဳပ္ အဗီခ်ိဳင္းမန္ဒယ္ဘလစ္က ေျပာၾကားလိုက္ပါတယ္။အစၥေရး ရဲတပ္ဖြဲ႕က ယင္းကဲ့သို႔ အေရးယူရန္ ဆုံးျဖတ္ခ်က္ခ်ၿပီးေနာက္ တရားစြဲဆိုမႈကို မန္ဒယ္ဘလစ္က ႏိုဝင္ဘာ ၂၁ ရက္မွာ ေၾကညာလိုက္ျခင္း ျဖစ္ပါတယ္။စိတ္မသက္မသာျဖင့္ ယခုကဲ့သို႔ ဆုံးျဖတ္ရျခင္း ျဖစ္ၿပီး ႏိုင္ငံေရးပေယာဂမပါဝင္ေၾကာင္းလည္း မန္ဒယ္ဘလစ္က ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

“လက္ရွိ ဝန္ႀကီးခ်ဳပ္တစ္ေယာက္ကို ေရွ႕ေနခ်ဳပ္တစ္ေယာက္က အုပ္ခ်ဳပ္မႈဆိုင္ရာ အက်င့္ ပ်က္ျခစားမႈေတြအတြက္ ႀကီးမာတဲ့ စြပ္စြဲခ်က္ေတြနဲ႔ တရားစြဲရတာဟာ အစၥေရးျပည္သူေတြအေနနဲ႔ေရာ ကြၽန္ေတာ္အေနနဲ႔ပါ တကယ္ကို စိတ္မေကာင္းျဖစ္ရတဲ့ ေန႔တစ္ေန႔ပါ” လို႔ သူကေျပာ ပါတယ္။

“အခုတရားစြဲဆိုတာတဟာ လက္ဝဲယိမ္း၊ လက္ယာယိမ္း ကိစၥေတြနဲ႔ မဆိုင္သလို ႏိုင္ငံေရးနဲ႔လည္း မပတ္သက္ပါဘူး။ ကြၽန္ေတာ္တို႔ရဲ႕ တာဝန္ဝတၱရားအရ၊ ဥပေဒစိုးမိုးေရးအရနဲ႔ အဲဒီအတြက္ တာဝန္ရွိသူ ေခါင္းေဆာင္ တစ္ဦးအေနနဲ႔ ေဆာင္႐ြက္ရျခင္း ျဖစ္ပါတယ္” ဟု ၎က ေျပာပါတယ္။

စြပ္စြဲထားသည့္ အမႈမ်ားအားလုံးကို ေနတန္ယာဟုက ျငင္းဆိုထားၿပီး လက္ရွိတာဝန္မွလည္း ႏုတ္ထြက္ေပးရန္ ဥပေဒအရ အက်ဳံးမဝင္ေၾကာင္း လည္း ေျပာပါတယ္။ တရားစြဲဆိုမႈမ်ားသည္ မမွန္ကန္သည့္ လိမ္လည္ လုပ္ႀကံစုံစမ္းမႈမ်ားျဖင့္ အာဏာသိမ္းရန္ လုပ္ေဆာင္မႈတစ္ခု သာျဖစ္ေၾကာင္း ႏိုဝင္ဘာ ၂၁ ရက္က ေျပာၾကား လိုက္ပါတယ္။

“သူတို႔က အမွန္အတိုင္း လုပ္ေဆာင္ခဲ့တာမဟုတ္ပါဘူး။ သက္သက္မဲ့ ခ်ိဳးတာပါ။ အခုျဖစ္စဥ္အတြက္ လြပ္လပ္တဲ့ ျပင္ပစုံစမ္းေရး ေကာ္မတီ တစ္ရပ္ဖြဲ႕ၿပီး ရပ္တန႔္ႏိုင္ဖို႔ လိုပါတယ္” ဟု ေနတန္ယာဟုက ႐ုပ္သံမိန႔္ခြန္းမွာ ေျပာၾကားခဲ့ပါတယ္။“အခ်က္အလက္ ရွာေဖြသူေတြကို စစ္ေဆးဖို႔ လိုပါၿပီ။ အခုစုံစမ္းမႈေတြကို အတည္ျပဳခဲ့တဲ့ ႏိုင္ငံေတာ္ေရွ႕ေန႐ုံးကိုလည္း စစ္ေဆးဖို႔လိုပါမယ္” ဟု ၎က ေျပာပါတယ္။  ထို႔ျပင္ တရား ရင္ဆိုင္ေနစဥ္ ကာလအတြင္း လက္ရွိတာဝန္ကေန ႏုတ္ထြက္ေပးမွာ မဟုတ္ဘူးလို႔လည္း ေနတန္ယာဟုက ထည့္သြင္း ေျပာၾကားခဲ့ပါတယ္။

ကာလၾကာျမင့္စြာ ျပဳလုပ္ခဲ့သည့္ စုံစမ္းမႈ ၃ ခုတြင္ ေနတန္ယာဟုက ႏိုင္ငံေတာ္၏ မီဒီယာလုပ္ငန္းတြင္ ပါဝင္ေဖာ္ျပခြင့္အတြက္  အခြင့္အေရးေပး ရန္ႏွင့္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ႏိုင္ရန္ ယူ႐ိုေငြ သိန္းႏွင့္ခ်ီတန္ေသာ တံစိုး လက္ေဆာင္မ်ားကို ရယူခဲ့ေၾကာင္း စြပ္စြဲထားပါတယ္။ ၎အေနျဖင့္ လာဘ္စားမႈအတြက္ ျပစ္မႈထင္ရွားပါက ေထာင္ဒဏ္ ၁၀ ႏွစ္ႏွင့္ ယုံၾကည္မႈဆိုင္ရာ အလြဲသုံးစားလုံးမႈအတြက္ ေထာင္ဒဏ္ ၃ ႏွစ္အထိ ေထာင္ဒဏ္က်ခံရဖြယ္ရွိပါတယ္။

စြပ္စြဲထားသည့္ အမႈမ်ားအနက္မွ တစ္ခုတြင္ ေနတန္ယာဟုက အခြန္ကင္းလြတ္ခြင့္အတြက္ ေဒၚလာ ၂၆၄၀၀၀ (ယူ႐ို ၂၃၈၀၀၀) ကို လက္ခံ ခဲ့ေၾကာင္း စြပ္စြဲထားပါတယ္။ ယင္းလက္ေဆာင္မ်ားတြင္ စီးကရက္မ်ား၊ ေဟာလိဝုဒ္ ႐ုပ္ရွင္ထုတ္လုပ္သူႏွင့္ ဩစေၾတးလ် ဘီလ်ံနာတစ္ဦးထံမွ ရွန္ပိန္အရက္မ်ား ယူျခင္းတို႔ ပါဝင္ေၾကာင္း အစိုးရ ေရွ႕ေနမ်ားက ေျပာပါတယ္။

အျခားအမႈႏွစ္ခုတြင္ အစၥေရးမီဒီယာမ်ားက ေနတန္ယာဟုႏွင့္ ၎၏ မိသားစုတို႔ႏွင့္ ပတ္သက္၍ ေကာင္းသတင္းမ်ား ေဖာ္ျပရန္ ေဆြးေႏြး ညႇိႏႈိင္းမႈမ်ား ပါဝင္ပါတယ္။

Linko
Ref:euronews.com
ေဂ်႐ုဆလင္၊ ႏိုဝင္ဘာ ၂၂