အနောက်ဘက်ကမ်းဒေသ အိမ်ရာသစ်စီမံကိန်း အစ္စရေးခွင့်ပြုမှု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

အနောက်ဘက်ကမ်းဒေသ အိမ်ရာသစ်စီမံကိန်း အစ္စရေးခွင့်ပြုမှု ဂျော်ဒန်နိုင်ငံခြားရေးဝန်ကြီး ရှုတ်ချ

အနောက်ဘက်ကမ်းဒေသမှာ အစ္စရေးက အခြေချအိမ်ရာစီမံကိန်းသစ် ဆောက်လုပ်ခွင့်ပြုလိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီးက ရှုတ်ချလိုက်ပါတယ်။

ဂျော်ဒန် နိုင်ငံခြားရေးဝန်ကြီး Ayman Safadi က သြဂုတ် ၈ ရက်နေ့မှာ တွစ်တာလူမှုကွန်ရက်ကနေ အစ္စရေးရဲ့လုပ်ရပ်ကို ရှုတ်ချပြောဆိုလိုက်တာပါ။

အနောက်ဘက်ကမ်းဒေသမှာ အိမ်ရာသစ် ၂၃၀၀ တည်ဆောက်မယ့် စီမံကိန်းကို ခွင့်ပြုတာဟာ တစ်ဖက်သတ်ဆန်ပြီး၊ ရှုတ်ချစရာခြေလှမ်း ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။ပါလက်စတိုင်း နေအိမ်တွေကိုဖျက်ပြီး၊ အိမ်ရာသစ်စီမံကိန်း စတင်တာဟာ နယ်မြေချဲ့ထွင်မှု ပိုများရာရောက်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်လာနိုင်မှာ မဟုတ်ဘူးလို့လည်း ပြောဆိုလိုက်ပါတယ်။

ဒေသတွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းအားထုတ်နေမှုနဲ့ အခွင့်အရေးတွေကို ထိခိုက်လျော့ပါးအောင်လုပ်နေတဲ့ အစ္စရေးရဲ့ လုပ်ရပ်တွေအပေါ် ဖိအားပေးဖို့ကိုလည်း မစ္စတာ Safadi က နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

အနောက်ဘက်ကမ်းဒေသနဲ့ အရှေ့ဂျေရုစလင်ကို အစ္စရေးက ၁၉၆၇ ခုနှစ်မှာ သိမ်းပိုက်ခဲ့ပါတယ်။အဲဒီအတောအတွင်း အစ္စရေးက အနောက်ဘက်ကမ်းဒေသမှာ အခြေချအိမ်ရာ ၁၀၀ ထက်မနည်း တည်ဆောက်ခဲ့ပြီး၊ သူတို့နိုင်ငံသား ၆ သိန်း ၅ သောင်းလောက်ကို နေရာချထားပေးခဲ့ပါတယ်။အစ္စရေး သိမ်းပိုက်ခံ ဒေသတွေနဲ့ ဂါဇာကမ်းမြောင်ဒေသကို ပါလက်စတိုင်းကလည်း သူတို့ရဲ့ အနာဂတ်နိုင်ငံတော် ထူထောင်ဖို့ အလိုရှိနေတာဖြစ်ပါတယ်။

နိုင်ငံတကာဥပဒေအရ ကြည့်မယ်ဆိုရင် သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းနဲ့ အရှေ့ဂျေရုစလင်လို ဒေသတွေမှာ အစ္စရေးက သူတို့လူမျိုးတွေ နေထိုင်ဖို့ အခြေချအိမ်ရာတွေ ဆောက်လုပ်တဲ့ကိစ္စဟာ ဥပဒေနဲ့မညီဘူးလို့ သိရပါတယ်။

ရည်မွန်
Ref : middleeastmonitor.com
အာမ္မန်၊ သြဂုတ် - ၉

( Zawgyi )

အေနာက္ဘက္ကမ္းေဒသမွာ အစၥေရးက အေျခခ်အိမ္ရာစီမံကိန္းသစ္ ေဆာက္လုပ္ခြင့္ျပဳလိုက္တဲ့ ကိစၥနဲ႔ပတ္သက္ၿပီး ေဂ်ာ္ဒန္ ႏိုင္ငံျခားေရးဝန္ႀကီးက ရႈတ္ခ်လိုက္ပါတယ္။

ေဂ်ာ္ဒန္ ႏိုင္ငံျခားေရးဝန္ႀကီး Ayman Safadi က ၾသဂုတ္ ၈ ရက္ေန႔မွာ တြစ္တာလူမႈကြန္ရက္ကေန အစၥေရးရဲ႕လုပ္ရပ္ကို ရႈတ္ခ်ေျပာဆိုလိုက္တာပါ။

အေနာက္ဘက္ကမ္းေဒသမွာ အိမ္ရာသစ္ ၂၃၀၀ တည္ေဆာက္မယ့္ စီမံကိန္းကို ခြင့္ျပဳတာဟာ တစ္ဖက္သတ္ဆန္ၿပီး၊ ရႈတ္ခ်စရာေျခလွမ္း ျဖစ္ေနတယ္လို႔ သူက ဆိုပါတယ္။ပါလက္စတိုင္း ေနအိမ္ေတြကိုဖ်က္ၿပီး၊ အိမ္ရာသစ္စီမံကိန္း စတင္တာဟာ နယ္ေျမခ်ဲ႕ထြင္မႈ ပိုမ်ားရာေရာက္လို႔ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ ျဖစ္လာႏိုင္မွာ မဟုတ္ဘူးလို႔လည္း ေျပာဆိုလိုက္ပါတယ္။

ေဒသတြင္းၿငိမ္းခ်မ္းေရးရဖို႔ ႀကိဳးပမ္းအားထုတ္ေနမႈနဲ႔ အခြင့္အေရးေတြကို ထိခိုက္ေလ်ာ့ပါးေအာင္လုပ္ေနတဲ့ အစၥေရးရဲ႕ လုပ္ရပ္ေတြအေပၚ ဖိအားေပးဖို႔ကိုလည္း မစၥတာ Safadi က ႏိုင္ငံတကာအသိုင္းအဝိုင္းကို တိုက္တြန္းလိုက္ပါတယ္။

အေနာက္ဘက္ကမ္းေဒသနဲ႔ အေရွ႕ေဂ်႐ုစလင္ကို အစၥေရးက ၁၉၆၇ ခုႏွစ္မွာ သိမ္းပိုက္ခဲ့ပါတယ္။အဲဒီအေတာအတြင္း အစၥေရးက အေနာက္ဘက္ကမ္းေဒသမွာ အေျခခ်အိမ္ရာ ၁၀၀ ထက္မနည္း တည္ေဆာက္ခဲ့ၿပီး၊ သူတို႔ႏိုင္ငံသား ၆ သိန္း ၅ ေသာင္းေလာက္ကို ေနရာခ်ထားေပးခဲ့ပါတယ္။အစၥေရး သိမ္းပိုက္ခံ ေဒသေတြနဲ႔ ဂါဇာကမ္းေျမာင္ေဒသကို ပါလက္စတိုင္းကလည္း သူတို႔ရဲ႕ အနာဂတ္ႏိုင္ငံေတာ္ ထူေထာင္ဖို႔ အလိုရွိေနတာျဖစ္ပါတယ္။

ႏိုင္ငံတကာဥပေဒအရ ၾကည့္မယ္ဆိုရင္ သိမ္းပိုက္ထားတဲ့ အေနာက္ဘက္ကမ္းနဲ႔ အေရွ႕ေဂ်႐ုစလင္လို ေဒသေတြမွာ အစၥေရးက သူတို႔လူမ်ိဳးေတြ ေနထိုင္ဖို႔ အေျခခ်အိမ္ရာေတြ ေဆာက္လုပ္တဲ့ကိစၥဟာ ဥပေဒနဲ႔မညီဘူးလို႔ သိရပါတယ္။

ရည္မြန္
Ref : middleeastmonitor.com
အာမၼန္၊ ၾသဂုတ္ - ၉