အမေရိကန်က ပစိဖိတ်ဒေသတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

အမေရိကန်က ပစိဖိတ်ဒေသတွင် တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်လွှတ်

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က တာဝေးပစ်ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဒီဇင်ဘာ ၁၂ ရက်က ပစိတ်ဖိတ်ဒေသမှာ ပစ်လွှတ်ခဲ့ပါတယ်။ မိုင် ၅၀၀ အကွာအဝေးထိ ရောက်ရှိခဲ့သည့် အဆိုပါဒုံးကျည်သည် ယမန်နှစ်က သက်တမ်းကုန်ဆုံးသွားခဲ့သော အမေရိကန်နှင့် ရုရှားတို့၏ လက်နက်တားဆီးရေးသဘောတူစာချုပ်မှာ ကန့်သတ်တားမြစ်ထားခဲ့သည့် ဒုံးကျည်အမျိုးအစားဖြစ်ပါတယ်။ အမေရိကန်၏ လက်နက် ထိန်းချုပ်ရေး အပေါ် ထောက်ခံထားသူများကတော့ ယခုစမ်းသပ်မှုဟာ ရုရှားနှင့်  လက်နက်အင်အား ပြိုင်ဆိုင်ခြင်း မဟုတ်ကြောင်း ပြောကြားပါတယ်။

နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်ခြင်းမရှိသည့် အဆိုပါဒုံးကျည်နှင့် ပတ်သက်၍ အသေးစိတ် ထုတ်ပြန်ခြင်း မရှိသော်လည်း ကယ်လီဖိုးနီးယားရှိ Vandenberg လေတပ်စခန်းရှိ ရွှေ့လျားနိုင်ခြင်းမရှိသည့် ပစ်စင်မှ သမုဒ္ဒရာ အတွင်းသို့ ပစ်လွှတ်ခဲ့ခြင်းဖြစ်ကြောင်းကိုသာ ထုတ်ပြန်ခဲ့ပါတယ်။

ဒုံးကျည်အဝေးဆုံး ရောက်ရှိနိုင်သည့် အကွာအဝေးကို ပင်တဂွန်က  ဖော်ပြရန် ငြင်းဆိုခဲ့ပါတယ်။ ပစ်ခတ်မည့် အစီအစဉ်နှင့် ပတ်သက်၍ အမေရိကန်အရာရှိများက ယင်းဒုံးကျည်သည် အကြမ်းဖျင်းအားဖြင့် ကီလိုမီတာ ၃၀၀၀ မှ ၄၀၀၀ အထိ (မိုင် ၁၈၆၀ မှ ၂၄၈၀) ရောက်နိုင်ကြောင်း ပြီးခဲ့သည့် နွေရာသီက ပြောကြားခဲ့ပါတယ်။

ယင်းအကွာအဝေးသည် အနောက်ပစိဖိတ်ရှိ မိုက်ခရိုနီးရှားဒေသ၏ အမေရိကန်ပိုင်ဂူအမ် ကျွန်းမှ တရုတ်နိုင်ငံဒေသအချို့သို့ ပစ်ခတ်နိုင်ပါတယ်။
 
Linko
Ref: AP

(  Zawgyi  )

 အေမရိကန္ ပင္တဂြန္စစ္ဌာနခ်ဳပ္က တာေဝးပစ္ပဲ့ထိန္းဒုံးက်ည္တစ္စင္းကို ဒီဇင္ဘာ ၁၂ ရက္က ပစိတ္ဖိတ္ေဒသမွာ ပစ္လႊတ္ခဲ့ပါတယ္။ မိုင္ ၅၀၀ အကြာအေဝးထိ ေရာက္ရွိခဲ့သည့္ အဆိုပါဒုံးက်ည္သည္ ယမန္ႏွစ္က သက္တမ္းကုန္ဆုံးသြားခဲ့ေသာ အေမရိကန္ႏွင့္ ႐ုရွားတို႔၏ လက္နက္တားဆီးေရးသေဘာတူစာခ်ဳပ္မွာ ကန႔္သတ္တားျမစ္ထားခဲ့သည့္ ဒုံးက်ည္အမ်ိဳးအစားျဖစ္ပါတယ္။ အေမရိကန္၏ လက္နက္ ထိန္းခ်ဳပ္ေရး အေပၚ ေထာက္ခံထားသူမ်ားကေတာ့ ယခုစမ္းသပ္မႈဟာ ႐ုရွားႏွင့္  လက္နက္အင္အား ၿပိဳင္ဆိုင္ျခင္း မဟုတ္ေၾကာင္း ေျပာၾကားပါတယ္။

န်ဴကလီးယားထိပ္ဖူး သယ္ေဆာင္ႏိုင္ျခင္းမရွိသည့္ အဆိုပါဒုံးက်ည္ႏွင့္ ပတ္သက္၍ အေသးစိတ္ ထုတ္ျပန္ျခင္း မရွိေသာ္လည္း ကယ္လီဖိုးနီးယားရွိ Vandenberg ေလတပ္စခန္းရွိ ေ႐ႊ႕လ်ားႏိုင္ျခင္းမရွိသည့္ ပစ္စင္မွ သမုဒၵရာ အတြင္းသို႔ ပစ္လႊတ္ခဲ့ျခင္းျဖစ္ေၾကာင္းကိုသာ ထုတ္ျပန္ခဲ့ပါတယ္။

ဒုံးက်ည္အေဝးဆုံး ေရာက္ရွိႏိုင္သည့္ အကြာအေဝးကို ပင္တဂြန္က  ေဖာ္ျပရန္ ျငင္းဆိုခဲ့ပါတယ္။ ပစ္ခတ္မည့္ အစီအစဥ္ႏွင့္ ပတ္သက္၍ အေမရိကန္အရာရွိမ်ားက ယင္းဒုံးက်ည္သည္ အၾကမ္းဖ်င္းအားျဖင့္ ကီလိုမီတာ ၃၀၀၀ မွ ၄၀၀၀ အထိ (မိုင္ ၁၈၆၀ မွ ၂၄၈၀) ေရာက္ႏိုင္ေၾကာင္း ၿပီးခဲ့သည့္ ေႏြရာသီက ေျပာၾကားခဲ့ပါတယ္။

ယင္းအကြာအေဝးသည္ အေနာက္ပစိဖိတ္ရွိ မိုက္ခ႐ိုနီးရွားေဒသ၏ အေမရိကန္ပိုင္ဂူအမ္ ကြၽန္းမွ တ႐ုတ္ႏိုင္ငံေဒသအခ်ိဳ႕သို႔ ပစ္ခတ္ႏိုင္ပါတယ္။
 
Linko
Ref: AP