အမေရိကန်ရွေးကောက်ပွဲတွင် ကြားဝင်မစွက်ဖက်ရန် သမ္မတ ထရမ့် က ရုရှားကို သတိပေး

အမေရိကန်ရွေးကောက်ပွဲတွင် ကြားဝင်မစွက်ဖက်ရန် သမ္မတ ထရမ့် က ရုရှားကို သတိပေး

အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲတွင် ရုရှားက ကြားဝင်မစွက်ဖက်ရန်နှင့် ယူကရိန်းနှင့် ဖြစ်ပွားနေသည့် ပြဿနာကို ပြေလည်အောင်ဆောင်ရွက်ရန် သမ္မတ ထရမ့် က သတိပေး ပြောကြားလိုက်သည်ဟု အိမ်ဖြူတော်မှ ဒီဇင်ဘာ ၁၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါနေ့ အစောပိုင်းက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယို နှင့် ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ် တို့ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရုရှားအနေဖြင့် အမေရိကန်၏ ၂၀၁၆ ရွေးကောက်ပွဲတွင် ကြားဝင်စွက်ဖက်ခဲ့ကြောင်း စွပ်စွဲချက်အပေါ် ငြင်းဆိုခဲ့သည်ဟု ဝါရှင်တန်ပို့စ် သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ကြားဝင်စွက်ဖက်မှု ရှိခဲ့ကြောင်းနှင့် လက်မခံနိုင်ကြောင်းလည်း ပွန်ပဲယို က ပြောကြားပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က အိမ်ဖြူတော်၌ သမ္မတ ထရမ့် အပါအဝင် ၎င်းတို့ ၃ ဦး တွေ့ဆုံပွဲတွင် လက်နက်ထိန်းချုပ်ရေး၊ ယူကရိန်းပြဿနာ၊ ဆီးရီးယားစစ်ပွဲနှင့် ဗင်နီဇွဲလား ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ပါတယ်။

ရုရှား နိုင်ငံခြားရေးဝန်ကြီး လာရော့ဗ် ဟာ ၂၀၁၇ ခုနှစ်က အိမ်ဖြူတော်သို့ နောက်ဆုံး လာရောက်ခဲ့ပါတယ်။

သမ္မတ ထရမ့် နှင့် ယူကရိန်းတို့အကြား ဆက်ဆံရေးနှင့် ပတ်သက်၍ အောက်လွှတ်တော်အမတ်များက ၎င်းကို စွပ်စွဲပြစ်တင်ဖြုတ်ချရန် လုပ်ဆောင်လျှက်ရှိပါတယ်။ထရမ့်အနေဖြင့် ၎င်း၏နို င်ငံရေးပြိုင်ဖက်များကို စုံစမ်းစစ်ဆေးပေးရန် ယူကရိန်းနိုင်ငံအား ဖိအားပေးမှုများအပေါ် စွပ်စွဲပြစ်တင်မှုနှစ်ခုကို အောက်လွှတ်တော် ဒီမိုကရက်တစ်အမတ်များက ယခုအခါ ဆောင်ရွက်ထားပါတယ်။

ဒီဇင်ဘာ ၉ ရက်က ရုရှားသမ္မတ ဗလာဒီမာပူတင် နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီ တို့ ပါရီမြို့တွင် တွေ့ဆုံခဲ့ကြပြီး ယူကရိန်းအရှေ့ပိုင်းတွင် ယခုနှစ်ကုန်အတိုင်မီ အပြည့်အဝ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြပါတယ်။

ရုရှားနှင့် ဖြစ်ပွားသည့် ပြဿနာတွင် အမေရိကန်က ယူကရိန်းကို အဓိကထောက်ခံခဲ့သော်လည်း အမေရိကန်ကပေးမည့် စစ်ဖက်ဆိုင်ရာ အကူအညီများကို ဆိုင်းငံ့လိုက်သောကြောင့် ယူကရိန်းသမ္မတက ရုရှားနှင့် ဆွေးနွေးမှုလုပ်ဆောင်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပွန်ပဲယို နှင့် လာရော့ဗ် တို့က နှစ်နိုင်ငံဆက်ဆံရေး တိုးတက်လာသော်လည်း ဗင်နီဇွဲလား၊ ဆီးရီးယားနှင့် ယူကရိန်း အပါအဝင် အခြားကိစ္စအများအပြားတွင် သဘောထားကွဲလွဲမှုများ ရှိနေသေးကြောင်း ၎င်းတို့က ပြောခဲ့ပါတယ်။

Linko
Ref : ANI News
ဝါရှင်တန်ဒီစီ၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

အေမရိကန္ႏိုင္ငံ၏ ေ႐ြးေကာက္ပြဲတြင္ ႐ုရွားက ၾကားဝင္မစြက္ဖက္ရန္ႏွင့္ ယူကရိန္းႏွင့္ ျဖစ္ပြားေနသည့္ ျပႆနာကို ေျပလည္ေအာင္ေဆာင္႐ြက္ရန္ သမၼတ ထရမ့္ က သတိေပး ေျပာၾကားလိုက္သည္ဟု အိမ္ျဖဴေတာ္မွ ဒီဇင္ဘာ ၁၀ ရက္မွာ သတင္းထုတ္ျပန္လိုက္ပါတယ္။

အဆိုပါေန႔ အေစာပိုင္းက အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲယို ႏွင့္ ႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး ဆာေဂးလာေရာ့ဗ္ တို႔ ပူးတြဲျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ႐ုရွားအေနျဖင့္ အေမရိကန္၏ ၂၀၁၆ ေ႐ြးေကာက္ပြဲတြင္ ၾကားဝင္စြက္ဖက္ခဲ့ေၾကာင္း စြပ္စြဲခ်က္အေပၚ ျငင္းဆိုခဲ့သည္ဟု ဝါရွင္တန္ပို႔စ္ သတင္းစာမွာ ေဖာ္ျပခဲ့ပါတယ္။
ၾကားဝင္စြက္ဖက္မႈ ရွိခဲ့ေၾကာင္းႏွင့္ လက္မခံႏိုင္ေၾကာင္းလည္း ပြန္ပဲယို က ေျပာၾကားပါတယ္။

ဒီဇင္ဘာ ၁၀ ရက္က အိမ္ျဖဴေတာ္၌ သမၼတ ထရမ့္ အပါအဝင္ ၎တို႔ ၃ ဦး ေတြ႕ဆုံပြဲတြင္ လက္နက္ထိန္းခ်ဳပ္ေရး၊ ယူကရိန္းျပႆနာ၊ ဆီးရီးယားစစ္ပြဲႏွင့္ ဗင္နီဇြဲလား ကိစၥရပ္မ်ားကို အက်ယ္တဝင့္ ေဆြးေႏြးခဲ့ပါတယ္။

႐ုရွား ႏိုင္ငံျခားေရးဝန္ႀကီး လာေရာ့ဗ္ ဟာ ၂၀၁၇ ခုႏွစ္က အိမ္ျဖဴေတာ္သို႔ ေနာက္ဆုံး လာေရာက္ခဲ့ပါတယ္။

သမၼတ ထရမ့္ ႏွင့္ ယူကရိန္းတို႔အၾကား ဆက္ဆံေရးႏွင့္ ပတ္သက္၍ ေအာက္လႊတ္ေတာ္အမတ္မ်ားက ၎ကို စြပ္စြဲျပစ္တင္ျဖဳတ္ခ်ရန္ လုပ္ေဆာင္လွ်က္ရွိပါတယ္။ထရမ့္အေနျဖင့္ ၎၏ႏို င္ငံေရးၿပိဳင္ဖက္မ်ားကို စုံစမ္းစစ္ေဆးေပးရန္ ယူကရိန္းႏိုင္ငံအား ဖိအားေပးမႈမ်ားအေပၚ စြပ္စြဲျပစ္တင္မႈႏွစ္ခုကို ေအာက္လႊတ္ေတာ္ ဒီမိုကရက္တစ္အမတ္မ်ားက ယခုအခါ ေဆာင္႐ြက္ထားပါတယ္။

ဒီဇင္ဘာ ၉ ရက္က ႐ုရွားသမၼတ ဗလာဒီမာပူတင္ ႏွင့္ ယူကရိန္းသမၼတ ဗိုလိုဒီမာ ဇီလန္စကီ တို႔ ပါရီၿမိဳ႕တြင္ ေတြ႕ဆုံခဲ့ၾကၿပီး ယူကရိန္းအေရွ႕ပိုင္းတြင္ ယခုႏွစ္ကုန္အတိုင္မီ အျပည့္အဝ အပစ္အခတ္ရပ္စဲေရးကို သေဘာတူညီခဲ့ၾကပါတယ္။

႐ုရွားႏွင့္ ျဖစ္ပြားသည့္ ျပႆနာတြင္ အေမရိကန္က ယူကရိန္းကို အဓိကေထာက္ခံခဲ့ေသာ္လည္း အေမရိကန္ကေပးမည့္ စစ္ဖက္ဆိုင္ရာ အကူအညီမ်ားကို ဆိုင္းငံ့လိုက္ေသာေၾကာင့္ ယူကရိန္းသမၼတက ႐ုရွားႏွင့္ ေဆြးေႏြးမႈလုပ္ေဆာင္ခဲ့ပါတယ္။

အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၌ ျပဳလုပ္သည့္ သတင္းစာရွင္းလင္းပြဲတြင္ ပြန္ပဲယို ႏွင့္ လာေရာ့ဗ္ တို႔က ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္လာေသာ္လည္း ဗင္နီဇြဲလား၊ ဆီးရီးယားႏွင့္ ယူကရိန္း အပါအဝင္ အျခားကိစၥအမ်ားအျပားတြင္ သေဘာထားကြဲလြဲမႈမ်ား ရွိေနေသးေၾကာင္း ၎တို႔က ေျပာခဲ့ပါတယ္။

Linko
Ref : ANI News
ဝါရွင္တန္ဒီစီ၊ ဒီဇင္ဘာ - ၁၁