အိန္ဒိယသမ္မတ ဖိလစ်ပိုင်၊ ဂျပန် နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်

အိန္ဒိယသမ္မတ ဖိလစ်ပိုင်၊ ဂျပန် နိုင်ငံတော်အလည်အပတ်ခရီးစဉ်စတင်

အိန္ဒိယသမ္မတ Ram Nath Kovind ဟာ အောက်တိုဘာလ ၁၇ ရက်နေ့က (၇) ရက်ကြာ ဖိလစ်ပိုင်၊ ဂျပန် နိုင်ငံတော်အလည်အပတ် ခရီးစဉ် အတွက် စတင်ထွက်ခွာလာပြီလို့ သိရပါတယ်။ ခရီးစဉ် အဓိကရည်ရွယ်ချက်တွေထဲ နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍ တိုးမြှင့်ရေး အပါအဝင် ဂျပန်ဧကရာဇ် နာရူဟီတို နန်းတက်ပွဲနဲ့ မနီလာကောလိပ် မဟတ္တမဂန္ဒီရုပ်တု ဖွင့်ပွဲတက်ရောက်ဖို့ ပါဝင်ပါတယ်။

ဖိလစ်ပိုင်သမ္မတ ရိုဒရီဂိုဒူတာတေးရဲ့ဖိတ်ကြားမှုနဲ့ ခရီးစဉ်ပထမဆုံးအဖြစ် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်ကို ဦးစွာရောက်ရှိမှာဖြစ်ပါတယ်။ အိန္ဒိယသမ္မတ Kovindရဲ့ ၅ ရက်ကြာဖိလစ်ပိုင်ခရီးစဉ်အစီအစဉ်တွေထဲမှာ  Malacanangနန်းတော်မှာ နိုင်ငံတော်အခမ်းအနားနဲ့ ကြိုဆိုဂုဏ်ပြုပွဲ တက်ရောက်ဖို့ရှိသလို၊ သမ္မတဒူတာတေးနဲ့ တစ်ဦးချင်းဆွေးနွေးမှု၊ နှစ်နိုင်ငံ အဆင့်မြင့် ခေါင်းဆောင် ပိုင်းဆွေးနွေးမှုအပါအဝင်  ဖိလစ်ပိုင် သူရဲကောင်း Jose Rizalရဲ့ဂူဗိမာန်မှာ လွမ်းသူ့ပန်းခွေချမယ့်အစီအစဉ်တွေ ရှိနေပါတယ်။ အဲဒီနောက် သမ္မတ Kovindဟာ အင်ဒို-ပစိဖိတ် စီးပွားရေးဆွေးနွေးပွဲ နဲ့ စတုတ္ထကြိမ်မြောက် အာဆီယံ-အိန္ဒိယစီးပွားရေးထိပ်သီးညီလာခံမှာ တက်ရောက်မိန့်ခွန်းပြောကြားမှာ ဖြစ်ပါတယ်။

 အိန္ဒိယ-ဖိလစ်ပိုင် ဆက်ဆံရေးနဲ့ ကုန်သွယ်မှုကို ပြန်ကြည့်မယ်ဆိုရင်လည်း နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ကောင်းမွန်နေသလို၊ ကုန်သွယ်မှုမှာ လည်း ကန်ဒေါ်လာ ၂.၃ ဘီလျံရှိနေတယ်လို့ သိရပါတယ်။ အိန္ဒိယသမ္မတ Kovindဟာ အောက်တိုဘာ ၂၁ ရက်မှာ တိုကျိုမြို့ကို ဆက်လက် ထွက်ခွာမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခရီးစဉ်အတွင်း ဂျပန်ဧကရာဇ် နာရူဟီတိုနန်းတက်ပွဲအခမ်းအနား တက်ရောက်ဖို့ရှိပြီး၊ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတည်ခင်းမယ့် ဂုဏ်ပြုညစာစားပွဲ တက်ရောက်ဖို့လည်း စီစဉ်ထားပါတယ်။ အောက်တိုဘာ ၂၃ ရက်နေ့မှာ Kakegawaမြို့ကို မြန်နှုန်းမြင့်ရထားနဲ့ သွားရောက်လည်ပတ်မှာဖြစ်သလို၊ အိန္ဒိယယဉ်ကျေးမှုတစ်ခုဖြစ်တဲ့ ယောဂလေ့ကျင့်ရေးအပါအဝင် တရားရိပ်သာအဖြစ် တည်ဆောက်မယ့် Shoni Setoကျောင်းတော်ရာ အုတ်မြစ်ချပွဲ အခမ်းအနားတက်ရောက်ဖို့လည်းရှိကြောင်း သိရပါတယ်။

ရည်မွန်
Ref: ANI
မနီလာ ၊ အောက်တိုဘာ  ၁၇ 

(  Zawgyi  )

 အိႏၵိယသမၼတ Ram Nath Kovind ဟာ ေအာက္တိုဘာလ ၁၇ ရက္ေန႔က (၇) ရက္ၾကာ ဖိလစ္ပိုင္၊ ဂ်ပန္ ႏိုင္ငံေတာ္အလည္အပတ္ ခရီးစဥ္ အတြက္ စတင္ထြက္ခြာလာၿပီလို႔ သိရပါတယ္။ ခရီးစဥ္ အဓိကရည္႐ြယ္ခ်က္ေတြထဲ ႏွစ္ႏိုင္ငံဆက္ဆံေရး၊ ပူးေပါင္းေဆာင္႐ြက္မႈက႑ တိုးျမႇင့္ေရး အပါအဝင္ ဂ်ပန္ဧကရာဇ္ နာ႐ူဟီတို နန္းတက္ပြဲနဲ႔ မနီလာေကာလိပ္ မဟတၱမဂႏၵီ႐ုပ္တု ဖြင့္ပြဲတက္ေရာက္ဖို႔ ပါဝင္ပါတယ္။

ဖိလစ္ပိုင္သမၼတ ႐ိုဒရီဂိုဒူတာေတးရဲ႕ဖိတ္ၾကားမႈနဲ႔ ခရီးစဥ္ပထမဆုံးအျဖစ္ ဖိလစ္ပိုင္ႏိုင္ငံ မနီလာၿမိဳ႕ေတာ္ကို ဦးစြာေရာက္ရွိမွာျဖစ္ပါတယ္။ အိႏၵိယသမၼတ Kovindရဲ႕ ၅ ရက္ၾကာဖိလစ္ပိုင္ခရီးစဥ္အစီအစဥ္ေတြထဲမွာ  Malacanangနန္းေတာ္မွာ ႏိုင္ငံေတာ္အခမ္းအနားနဲ႔ ႀကိဳဆိုဂုဏ္ျပဳပြဲ တက္ေရာက္ဖို႔ရွိသလို၊ သမၼတဒူတာေတးနဲ႔ တစ္ဦးခ်င္းေဆြးေႏြးမႈ၊ ႏွစ္ႏိုင္ငံ အဆင့္ျမင့္ ေခါင္းေဆာင္ ပိုင္းေဆြးေႏြးမႈအပါအဝင္  ဖိလစ္ပိုင္ သူရဲေကာင္း Jose Rizalရဲ႕ဂူဗိမာန္မွာ လြမ္းသူ႔ပန္းေခြခ်မယ့္အစီအစဥ္ေတြ ရွိေနပါတယ္။ အဲဒီေနာက္ သမၼတ Kovindဟာ အင္ဒို-ပစိဖိတ္ စီးပြားေရးေဆြးေႏြးပြဲ နဲ႔ စတုတၳႀကိမ္ေျမာက္ အာဆီယံ-အိႏၵိယစီးပြားေရးထိပ္သီးညီလာခံမွာ တက္ေရာက္မိန႔္ခြန္းေျပာၾကားမွာ ျဖစ္ပါတယ္။

 အိႏၵိယ-ဖိလစ္ပိုင္ ဆက္ဆံေရးနဲ႔ ကုန္သြယ္မႈကို ျပန္ၾကည့္မယ္ဆိုရင္လည္း ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ေကာင္းမြန္ေနသလို၊ ကုန္သြယ္မႈမွာ လည္း ကန္ေဒၚလာ ၂.၃ ဘီလ်ံရွိေနတယ္လို႔ သိရပါတယ္။ အိႏၵိယသမၼတ Kovindဟာ ေအာက္တိုဘာ ၂၁ ရက္မွာ တိုက်ိဳၿမိဳ႕ကို ဆက္လက္ ထြက္ခြာမွာ ျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံခရီးစဥ္အတြင္း ဂ်ပန္ဧကရာဇ္ နာ႐ူဟီတိုနန္းတက္ပြဲအခမ္းအနား တက္ေရာက္ဖို႔ရွိၿပီး၊ ဂ်ပန္ဝန္ႀကီးခ်ဳပ္ ရွင္ဇိုအာေဘးတည္ခင္းမယ့္ ဂုဏ္ျပဳညစာစားပြဲ တက္ေရာက္ဖို႔လည္း စီစဥ္ထားပါတယ္။ ေအာက္တိုဘာ ၂၃ ရက္ေန႔မွာ Kakegawaၿမိဳ႕ကို ျမန္ႏႈန္းျမင့္ရထားနဲ႔ သြားေရာက္လည္ပတ္မွာျဖစ္သလို၊ အိႏၵိယယဥ္ေက်းမႈတစ္ခုျဖစ္တဲ့ ေယာဂေလ့က်င့္ေရးအပါအဝင္ တရားရိပ္သာအျဖစ္ တည္ေဆာက္မယ့္ Shoni Setoေက်ာင္းေတာ္ရာ အုတ္ျမစ္ခ်ပြဲ အခမ္းအနားတက္ေရာက္ဖို႔လည္းရွိေၾကာင္း သိရပါတယ္။

ရည္မြန္
Ref: ANI
မနီလာ ၊ ေအာက္တိုဘာ  ၁၇