အီရတ်မှာရှိတဲ့ အီရန်ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်မည်ဟု သတင်းထွက်

အီရတ်မှာရှိတဲ့ အီရန်ပစ်မှတ်တွေကို အစ္စရေးတိုက်ခိုက်မည်ဟု သတင်းထွက်

အီရတ်၊ ဆီးရီးယားနဲ့ လက်ဘနွန်စစ်ပွဲတွေမှာဝင်ပါနေတဲ့ အီရန်ရဲ့တည်ရှိမှုအပေါ် အစ္စရေးဘက်ကတန်ပြန်မှု အရှိန်အဟုန်မြင့် လုပ်ဆောင်နေ တယ်လို့ လုံခြုံရေးရပ်ကွက်ကလာတဲ့သတင်းကိုကိုးကားပြီး မီဒီယာတွေက ထုတ်ပြန်ပါတယ်။

အဲဒီသတင်းတွေအရ အီရတ်မှာရှိတဲ့ အီရန်တပ်တွေရှိရာစခန်းတွေ နောက်ထပ်တိုက်ခိုက်ခံရတဲ့အကြောင်း မကြာခင် ကြားရလိမ့်မယ်လို့ ဆိုပါတယ်။ ဒီလိုအစ္စရေးမူဝါဒအပြောင်းအလဲဖြစ်တာဟာ ဆီးရီးယားမှာရှိတဲ့ အီရန်တပ်တွေကိုတိုက်ခိုက်ရာမှာရခဲ့တဲ့ အောင်မြင်မှုကြောင့်လို့ အဲဒီသတင်းတွေက အလေးပေးဖော်ပြပါတယ်။

ဆီးရီးယားတိုက်ပွဲကနေ နုတ်ထွက်ဖို့ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့် ဆုံးဖြတ်ချက်ချခဲ့ပြီးနောက်ပိုင်း အီရန်စစ်တပ်နဲ့ လက်နက်သိုလှောင်ရုံ သစ်တွေ ထပ်တိုးလာမှာကို ကာကွယ်ဖို့အတွက် အစ္စရေးက လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် တိုက်ခိုက်မှု ၂ ဆမြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအကြောင်းကြောင့်ပဲ အီရန်က ဗျူဟာအပြောင်းအလဲလုပ်ခဲ့တာပါ။  အီရန်နိုင်ငံအတွင်းမှာတင် ဒုံးကျည်လက်နက်စခန်းတွေကို တည်ဆောက်ပြီး၊ ဆီးရီးယားနဲ့ လက်ဘနွန်ကို ပို့ပေးတယ်လို့ သိရပါတယ်။

အစ္စရေးက အီရတ်မှာရှိတဲ့ အီရန်တပ်တွေကို ပစ်မှတ်ထားတိုးမြှင့်ချေမှုန်းနေသလို၊ အီရန်ကလည်း အစ္စရေးအထိရောက်အောင်လှမ်းပစ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်စခန်းတွေဆောက်ဖို့အထိ အစီအစဉ်လည်း ရှိနေပါတယ်။ အစ္စရေးစစ်တပ်သတင်းရင်းမြစ်တွေကတော့ ၂၀၁၈ခုနှစ်က ဆီးရီးယားမှာရှိတဲ့ အစ္စရေးတပ်တွေကို လေကြောင်း တိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်ခဲ့ တာဟာ အီရန်ရဲ့လက်နက်ပို့ဆောင်ရေး လမ်းကြောင်း သစ်အစီအစဉ်ကို ဖျက်ဆီးနိုင်ခဲ့တာလို့ ဆိုပါတယ်။ အစ္စရေးက ဆီးရီးယားလေဆိပ်ကအီရန်လက်နက်တွေကို လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ တာကြောင့် အီရန်ကလည်း လေကြောင်းကပို့မယ့်အစား ကုန်းလမ်းကနေ လမ်းကြောင်းပြောင်းပို့ခဲ့ပါတယ်။

အီရန်ဟာ ဟစ်ဇဘိုလာကို အဆင့်မြင့်လက်နက်တွေ ပံ့ပိုးပေးဖို့စီစဉ်နေပြီး၊ ဆီးရီးယားက တပ်စခန်းတွေကိုလည်း အဆင့်မြှင့်တင်ဖို့လုပ်နေ တယ်လို့ အစ္စရေး သတင်းစာတစ်ခုက ပြောပါတယ်။

ရည်မွန်
Ref: The Syrian Observer
ဒါမတ်စကပ်၊ သြဂုတ် ၂ 

(  Zawgyi  )

 အီရတ္၊ ဆီးရီးယားနဲ႔ လက္ဘႏြန္စစ္ပြဲေတြမွာဝင္ပါေနတဲ့ အီရန္ရဲ႕တည္ရွိမႈအေပၚ အစၥေရးဘက္ကတန္ျပန္မႈ အရွိန္အဟုန္ျမင့္ လုပ္ေဆာင္ေန တယ္လို႔ လုံၿခဳံေရးရပ္ကြက္ကလာတဲ့သတင္းကိုကိုးကားၿပီး မီဒီယာေတြက ထုတ္ျပန္ပါတယ္။

အဲဒီသတင္းေတြအရ အီရတ္မွာရွိတဲ့ အီရန္တပ္ေတြရွိရာစခန္းေတြ ေနာက္ထပ္တိုက္ခိုက္ခံရတဲ့အေၾကာင္း မၾကာခင္ ၾကားရလိမ့္မယ္လို႔ ဆိုပါတယ္။ ဒီလိုအစၥေရးမူဝါဒအေျပာင္းအလဲျဖစ္တာဟာ ဆီးရီးယားမွာရွိတဲ့ အီရန္တပ္ေတြကိုတိုက္ခိုက္ရာမွာရခဲ့တဲ့ ေအာင္ျမင္မႈေၾကာင့္လို႔ အဲဒီသတင္းေတြက အေလးေပးေဖာ္ျပပါတယ္။

ဆီးရီးယားတိုက္ပြဲကေန ႏုတ္ထြက္ဖို႔ အေမရိကန္သမၼတေဒၚနယ္လ္ထရမ့္ ဆုံးျဖတ္ခ်က္ခ်ခဲ့ၿပီးေနာက္ပိုင္း အီရန္စစ္တပ္နဲ႔ လက္နက္သိုေလွာင္႐ုံ သစ္ေတြ ထပ္တိုးလာမွာကို ကာကြယ္ဖို႔အတြက္ အစၥေရးက ေလေၾကာင္းတိုက္ခိုက္မႈေတြအပါအဝင္ တိုက္ခိုက္မႈ ၂ ဆျမႇင့္တင္ခဲ့တာ ျဖစ္ပါတယ္။ အဲဒီအေၾကာင္းေၾကာင့္ပဲ အီရန္က ဗ်ဴဟာအေျပာင္းအလဲလုပ္ခဲ့တာပါ။  အီရန္ႏိုင္ငံအတြင္းမွာတင္ ဒုံးက်ည္လက္နက္စခန္းေတြကို တည္ေဆာက္ၿပီး၊ ဆီးရီးယားနဲ႔ လက္ဘႏြန္ကို ပို႔ေပးတယ္လို႔ သိရပါတယ္။

အစၥေရးက အီရတ္မွာရွိတဲ့ အီရန္တပ္ေတြကို ပစ္မွတ္ထားတိုးျမႇင့္ေခ်မႈန္းေနသလို၊ အီရန္ကလည္း အစၥေရးအထိေရာက္ေအာင္လွမ္းပစ္ႏိုင္တဲ့ တာေဝးပစ္ဒုံးက်ည္စခန္းေတြေဆာက္ဖို႔အထိ အစီအစဥ္လည္း ရွိေနပါတယ္။ အစၥေရးစစ္တပ္သတင္းရင္းျမစ္ေတြကေတာ့ ၂၀၁၈ခုႏွစ္က ဆီးရီးယားမွာရွိတဲ့ အစၥေရးတပ္ေတြကို ေလေၾကာင္း တိုက္ခိုက္မႈ တိုးျမႇင့္လုပ္ေဆာင္ခဲ့ တာဟာ အီရန္ရဲ႕လက္နက္ပို႔ေဆာင္ေရး လမ္းေၾကာင္း သစ္အစီအစဥ္ကို ဖ်က္ဆီးႏိုင္ခဲ့တာလို႔ ဆိုပါတယ္။ အစၥေရးက ဆီးရီးယားေလဆိပ္ကအီရန္လက္နက္ေတြကို ေလေၾကာင္း တိုက္ခိုက္မႈေတြ လုပ္ခဲ့ တာေၾကာင့္ အီရန္ကလည္း ေလေၾကာင္းကပို႔မယ့္အစား ကုန္းလမ္းကေန လမ္းေၾကာင္းေျပာင္းပို႔ခဲ့ပါတယ္။

အီရန္ဟာ ဟစ္ဇဘိုလာကို အဆင့္ျမင့္လက္နက္ေတြ ပံ့ပိုးေပးဖို႔စီစဥ္ေနၿပီး၊ ဆီးရီးယားက တပ္စခန္းေတြကိုလည္း အဆင့္ျမႇင့္တင္ဖို႔လုပ္ေန တယ္လို႔ အစၥေရး သတင္းစာတစ္ခုက ေျပာပါတယ္။

ရည္မြန္
Ref: The Syrian Observer
ဒါမတ္စကပ္၊ ၾသဂုတ္ ၂