အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်သည့်နေရာသို့ ဒုံးကျည်ကျရောက်

အီရတ်ရှိ အမေရိကန်တပ်ဖွဲ့များ အခြေစိုက်သည့်နေရာသို့ ဒုံးကျည်ကျရောက်

အီရတ်နိုင်ငံ၊ ကာကွတ်မြို့ရှိ အမေရိကန်တပ်ဖွဲ့များ တပ်စွဲထားသည့် စခန်းသို့ ဖေဖော်ဝါရီ ၁၂ ရက်က ဒုံးကျည် တစ်စင်းကျရောက် ခဲ့ကြောင်း အီရတ်စစ်ဖက်တာဝန်ရှိသူများက ပြောကြားပါတယ်။ K-1 စစ်စခန်းကို ဒုံးကျည်တစ်စင်းထက်မနည်း ကျရောက်ခဲ့သော်လည်း ဆုံးရှုံးမှုမများကြောင်း အီရတ်တရားဝင် Security Media Cell က ဖော်ပြခဲ့ပါတယ်။

“တိုက်ခိုက်တဲ့သူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက လိုက်လံရှာဖွေနေခဲ့ရာမှာ ပစ်ခတ်ခဲ့တဲ့ နေရာကို တွေ့ရပြီး ဆက်ပြီး မပစ်ရသေးတဲ့ ဒုံးကျည် ၁၁ စင်းကို တွေ့ရပါတယ်” ဟု ထုတ်ပြန်ထားပါတယ်။ ဒီဇင်ဘာလအတွင်း အလားတူ ဒုံးကျည် တိုက်ခိုက်မှုကြောင့် အမေရိကန် ကန်ထရိုက်တာတစ်ဦး သေဆုံးခဲ့ရာ အမေရိကန်တို့က လက်တုံ့ပြန်သည့်အနေဖြင့် အီရန်တပ်မှူးကာဆင်ဆိုလီမန်နီကို သတ်ဖြတ်ခဲ့ပါတယ်။
 
ဒီဇင်ဘာလအတွင်းက K-1 စစ်စခန်းသို့ ဒုံးကျည် အစင်း ၃၀ ထက်မနည်းဖြင့် ပစ်ခတ်မှုကို အီရန်တို့နှင့် မဟာမိတ် ဖွဲ့ထားသည့် အကြမ်းဖက် အဖွဲ့ဟု သတ်မှတ်ခြင်းခံထားရသည့် ကာတစ်ဟစ်ဇဘိုလာအဖွဲ့က လုပ်ဆောင်ကြောင်း အမေရိကန်က သတ်မှတ်ခဲ့ပါတယ်။ K-1 စခန်း သည် အီရတ်မြောက်ပိုင်း ကာကွတ်မြို့၏ အနောက်မြောက်ဖက်တွင် ရှိပြီး အီရတ်အစိုးရက တည်ဆောက်ခဲ့ကာ ၂၀၀၃ ခုနှစ်တွင် အမေရိကန်တပ်ဖွဲ့များက ဝင်ရောက်တပ်စွဲကာ အာဏာရှင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချခဲ့ပါတယ်။
 
ယင်းစခန်းကို အိုက်စစ်အကြမ်းဖက်အဖွဲ့က ၂၀၁၄ ခုနှစ်တွင် သိမ်းပိုက်ခဲ့သော်လည်း ကာဒစ်တပ်ဖွဲ့က ပြန်လည် သိမ်းယူခဲ့ပါတယ်။နောက်ပိုင်းတွင် အီရတ်အထူးတပ်ဖွဲ့များက ထိန်းချုပ်ခဲ့ပြီး အိုက်စစ်တပ်ဖွဲ့များကို တိုက်ခိုက်ရန် အမေရိကန်နှင့် ညွန့်ပေါင်းတပ်ဖွဲ့များကို ထားရှိပါတယ်။

Linko
Ref: The Epoch Times
ဘဂ္ဂဒက်၊ ဖေဖော်ဝါရီ ၁၄

(  Zawgyi  )

 အီရတ္ႏိုင္ငံ၊ ကာကြတ္ၿမိဳ႕ရွိ အေမရိကန္တပ္ဖြဲ႕မ်ား တပ္စြဲထားသည့္ စခန္းသို႔ ေဖေဖာ္ဝါရီ ၁၂ ရက္က ဒုံးက်ည္ တစ္စင္းက်ေရာက္ ခဲ့ေၾကာင္း အီရတ္စစ္ဖက္တာဝန္ရွိသူမ်ားက ေျပာၾကားပါတယ္။ K-1 စစ္စခန္းကို ဒုံးက်ည္တစ္စင္းထက္မနည္း က်ေရာက္ခဲ့ေသာ္လည္း ဆုံးရႈံးမႈမမ်ားေၾကာင္း အီရတ္တရားဝင္ Security Media Cell က ေဖာ္ျပခဲ့ပါတယ္။

“တိုက္ခိုက္တဲ့သူေတြကို လုံၿခဳံေရးတပ္ဖြဲ႕ေတြက လိုက္လံရွာေဖြေနခဲ့ရာမွာ ပစ္ခတ္ခဲ့တဲ့ ေနရာကို ေတြ႕ရၿပီး ဆက္ၿပီး မပစ္ရေသးတဲ့ ဒုံးက်ည္ ၁၁ စင္းကို ေတြ႕ရပါတယ္” ဟု ထုတ္ျပန္ထားပါတယ္။ ဒီဇင္ဘာလအတြင္း အလားတူ ဒုံးက်ည္ တိုက္ခိုက္မႈေၾကာင့္ အေမရိကန္ ကန္ထ႐ိုက္တာတစ္ဦး ေသဆုံးခဲ့ရာ အေမရိကန္တို႔က လက္တုံ႔ျပန္သည့္အေနျဖင့္ အီရန္တပ္မႉးကာဆင္ဆိုလီမန္နီကို သတ္ျဖတ္ခဲ့ပါတယ္။
 
ဒီဇင္ဘာလအတြင္းက K-1 စစ္စခန္းသို႔ ဒုံးက်ည္ အစင္း ၃၀ ထက္မနည္းျဖင့္ ပစ္ခတ္မႈကို အီရန္တို႔ႏွင့္ မဟာမိတ္ ဖြဲ႕ထားသည့္ အၾကမ္းဖက္ အဖြဲ႕ဟု သတ္မွတ္ျခင္းခံထားရသည့္ ကာတစ္ဟစ္ဇဘိုလာအဖြဲ႕က လုပ္ေဆာင္ေၾကာင္း အေမရိကန္က သတ္မွတ္ခဲ့ပါတယ္။ K-1 စခန္း သည္ အီရတ္ေျမာက္ပိုင္း ကာကြတ္ၿမိဳ႕၏ အေနာက္ေျမာက္ဖက္တြင္ ရွိၿပီး အီရတ္အစိုးရက တည္ေဆာက္ခဲ့ကာ ၂၀၀၃ ခုႏွစ္တြင္ အေမရိကန္တပ္ဖြဲ႕မ်ားက ဝင္ေရာက္တပ္စြဲကာ အာဏာရွင္ ဆက္ဒမ္ဟူစိန္ကို ျဖဳတ္ခ်ခဲ့ပါတယ္။
 
ယင္းစခန္းကို အိုက္စစ္အၾကမ္းဖက္အဖြဲ႕က ၂၀၁၄ ခုႏွစ္တြင္ သိမ္းပိုက္ခဲ့ေသာ္လည္း ကာဒစ္တပ္ဖြဲ႕က ျပန္လည္ သိမ္းယူခဲ့ပါတယ္။ေနာက္ပိုင္းတြင္ အီရတ္အထူးတပ္ဖြဲ႕မ်ားက ထိန္းခ်ဳပ္ခဲ့ၿပီး အိုက္စစ္တပ္ဖြဲ႕မ်ားကို တိုက္ခိုက္ရန္ အေမရိကန္ႏွင့္ ၫြန႔္ေပါင္းတပ္ဖြဲ႕မ်ားကို ထားရွိပါတယ္။

Linko
Ref: The Epoch Times
ဘဂၢဒက္၊ ေဖေဖာ္ဝါရီ ၁၄