အီရန်ဒုံးကျည်အစီအစဉ်အတွက် ပံ့ပိုးပေးနေသည့် လူ နှင့် အဖွဲ့အစည်းများကို အမေရိကန်အရေးယူမှု ချမှတ်

အီရန်ဒုံးကျည်အစီအစဉ်အတွက် ပံ့ပိုးပေးနေသည့် လူ နှင့် အဖွဲ့အစည်းများကို အမေရိကန်အရေးယူမှု ချမှတ်

အီရန်နိုင်ငံ၏ ဒုံးကျည်အစီအစဉ်အား ပံ့ပိုးပေးနေသည့် တရုတ်၊ အီရတ်၊ ရုရှားနှင့် တူရကီတို့မှ အဖွဲ့အစည်း ၁၃ ခုနှင့် လူပုဂ္ဂိုလ်များကို ပိတ်ဆို့အရေးယူမှု ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက ဖေဖော်ဝါရီ ၂၅ ရက်မှာ ကြေညာလိုက်ပါတယ်။ချမှတ်လိုက် သည့် အရေးယူမှုအသစ်များတွင် တရုတ်ကုမ္ပဏီ ၃ ခု၊ တရုတ်နိုင်ငံသားတစ်ဦးနှင့် တူရကီ ကုမ္ပဏီတစ်ခုတို့လည်း ပါဝင်ပါတယ်။

တရုတ်အမျိုးသားအမည်သည် လူရိုဒင်ဝမ်းဖြစ်ပြီး ကုမ္ပဏီ ၃ ခုမှာ Baoding Shimaotong Enterprises Services ၊ Gaobeidian Kaituo Precise Instrument ၊ Wuhan Sanjiang Import and Export တို့ ဖြစ်ပါတယ်။ တူရကီကုမ္ပဏီ မှာ Eren Carbon Graphite Industrial Trading ဖြစ်ပါတယ်။

လူရိုဒင်ဝမ်းသည် ပါကစ္စတန်လက်နက်ထုတ်လုပ်ရေး အစီအစဉ်များအတွက် သံသယရှိဖွယ်ရာ ပစ္စည်းများကို တင်သွင်းနေကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ ယင်းလူပုဂ္ဂိုလ် နှင့် အဖွဲ့အစည်းများအနေဖြင့် အမေရိကန်အစိုးရသို့ ပစ္စည်းရောင်းချခွင့်၊ အကူအညီအထောက်အ ပံ့များနှင့် ပို့ကုန်ကဏ္ဍများနှင့် ပတ်သက်၍ ပိတ်ဆို့အရေးယူခံရခြင်း ဖြစ်ပါတယ်။

အီရန်၏ ဒုံးကျည်အစီအစဉ်ကို စိုးရိမ်စရာကောင်းသည့် အခြေအနေတွင် ဆက်လက်ရှိနေသောကြောင့် ယခုကဲ့သို့ ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်းဖြစ်ကြောင်း ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။အခြားမည်သည့် ကဏ္ဍများကို ပစ်မှတ်ထား အရေးယူသည့် အချက်အသေးစိတ်ကို ထုတ်ပြန်ချက်တွင် ဖော်ပြမထားသော်လည်း ယခုချမှတ်မှုများသည် အီရန်၊ မြောက်ကိုရီးယား၊ ဆီးရီးယား လက်နက်မပျံ့ပွားရေး ထိန်းချုပ်မှု အစီအစဉ်အား ပုံမှန်ပြန်လည်သုံးသပ်မှုအရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

Linko
Ref:The National
ဝါရှင်တန်၊ ဖေဖော်ဝါရီ ၂၆

(  Zawgyi   )

 အီရန္ႏိုင္ငံ၏ ဒုံးက်ည္အစီအစဥ္အား ပံ့ပိုးေပးေနသည့္ တ႐ုတ္၊ အီရတ္၊ ႐ုရွားႏွင့္ တူရကီတို႔မွ အဖြဲ႕အစည္း ၁၃ ခုႏွင့္ လူပုဂၢိဳလ္မ်ားကို ပိတ္ဆို႔အေရးယူမႈ ခ်မွတ္လိုက္ေၾကာင္း အေမရိကန္အစိုးရက ေဖေဖာ္ဝါရီ ၂၅ ရက္မွာ ေၾကညာလိုက္ပါတယ္။ခ်မွတ္လိုက္ သည့္ အေရးယူမႈအသစ္မ်ားတြင္ တ႐ုတ္ကုမၸဏီ ၃ ခု၊ တ႐ုတ္ႏိုင္ငံသားတစ္ဦးႏွင့္ တူရကီ ကုမၸဏီတစ္ခုတို႔လည္း ပါဝင္ပါတယ္။

တ႐ုတ္အမ်ိဳးသားအမည္သည္ လူ႐ိုဒင္ဝမ္းျဖစ္ၿပီး ကုမၸဏီ ၃ ခုမွာ Baoding Shimaotong Enterprises Services ၊ Gaobeidian Kaituo Precise Instrument ၊ Wuhan Sanjiang Import and Export တို႔ ျဖစ္ပါတယ္။ တူရကီကုမၸဏီ မွာ Eren Carbon Graphite Industrial Trading ျဖစ္ပါတယ္။

လူ႐ိုဒင္ဝမ္းသည္ ပါကစၥတန္လက္နက္ထုတ္လုပ္ေရး အစီအစဥ္မ်ားအတြက္ သံသယရွိဖြယ္ရာ ပစၥည္းမ်ားကို တင္သြင္းေနေၾကာင္း အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။ ယင္းလူပုဂၢိဳလ္ ႏွင့္ အဖြဲ႕အစည္းမ်ားအေနျဖင့္ အေမရိကန္အစိုးရသို႔ ပစၥည္းေရာင္းခ်ခြင့္၊ အကူအညီအေထာက္အ ပံ့မ်ားႏွင့္ ပို႔ကုန္က႑မ်ားႏွင့္ ပတ္သက္၍ ပိတ္ဆို႔အေရးယူခံရျခင္း ျဖစ္ပါတယ္။

အီရန္၏ ဒုံးက်ည္အစီအစဥ္ကို စိုးရိမ္စရာေကာင္းသည့္ အေျခအေနတြင္ ဆက္လက္ရွိေနေသာေၾကာင့္ ယခုကဲ့သို႔ ပိတ္ဆို႔အေရးယူမႈမ်ား ခ်မွတ္ျခင္းျဖစ္ေၾကာင္း ဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။အျခားမည္သည့္ က႑မ်ားကို ပစ္မွတ္ထား အေရးယူသည့္ အခ်က္အေသးစိတ္ကို ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပမထားေသာ္လည္း ယခုခ်မွတ္မႈမ်ားသည္ အီရန္၊ ေျမာက္ကိုရီးယား၊ ဆီးရီးယား လက္နက္မပ်ံ႕ပြားေရး ထိန္းခ်ဳပ္မႈ အစီအစဥ္အား ပုံမွန္ျပန္လည္သုံးသပ္မႈအရ လုပ္ေဆာင္ျခင္းျဖစ္သည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားပါတယ္။

Linko
Ref:The National
ဝါရွင္တန္၊ ေဖေဖာ္ဝါရီ ၂၆