အီရန် နျူကလီးယားစက်ရုံအပေါ် ပိတ်ဆို့အရေးယူမှု ပြန်လည်ချမှတ်

အီရန် နျူကလီးယားစက်ရုံအပေါ် ပိတ်ဆို့အရေးယူမှု ပြန်လည်ချမှတ်

အီရန်နိုင်ငံ၏ Fordow နျူကလီးယား စက်ရုံတွင် သန့်စင်မှုလုပ်ငန်းများကို ပြန်လည်လုပ်ဆောင်နေသောကြောင့် အပေါ် ပိတ်ဆို့ အရေးယူမှုများ ပြန်လည်ချမှတ်လိုက်ပြီဖြစ် ကြောင်း  အမေရိကန်အစိုးရက နိုဝင်ဘာ ၁၈ ရက်မှာ ကြေညာလိုက်ပါတယ်။

“သမ္မတဟက်ဆန်ရိုဟန်နီက Fordow စက်ရုံမှာ ယူရေနီယမ်သန့်စင်မှုကို ပြန်လည်စတင်တော့မယ်လို့ မကြာသေးမီက ကြေညာလိုက်ပါတယ်။ ဒါကြောင့် အမေရိကန်အနေနဲ့လည်း ဒီစက်ရုံနဲ့ ပတ်သက်လို့ ပိတ်ဆို့အရေးယူမှု ဆိုင်းငံ့ထားတာတွေကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၅ ရက် က စတင်ပြီး ပြန်လည်လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယိုးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါ တယ်။

“အကြမ်းဖက်လုပ်ငန်းကို အကြီးမားဆုံး ထောက်ပံ့နေတဲ့ နိုင်ငံအတွက် သန့်စင်ထားတဲ့ ယူရေနီယမ် လုံးဝမရှိစေရပါဘူး” ဟု ပွန်ပဲယိုက ပြောပါတယ်။ Fordow နျူကလီးယားစက်ရုံတွင် ယူရေနီယမ် သန့်စင်မှုများကို ပြန်လည်လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့် ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။အီရန်အနေဖြင့် နျူကလီးယားပိုင်ဆိုင်ရေးကို ကြိုးပမ်း လုပ်ဆောင်နေသည်မှာ ထင်ရှားကြောင်းနှင့် ကမ္ဘာ့နိုင်ငံများမှ စီးပွားရေးနှင့် နိုင်ငံရေးအရ ဖယ်ကြဉ်မှုများကို ထပ်မံကြုံတွေ့ရမည်ဟု ပွန်ပဲယိုက သတိပေးထားပါတယ်။အီရန်တွင် နိုဝင်ဘာ ၁၅ ရက်မှစတင်၍ ဆန္ဒပြမှုများ စတင်ဖြစ်ပွားခဲ့ပြီး ဓာတ်ဆီဈေးမြင့်တက်မှုအပေါ် ပြုလုပ်သည့်ဆန္ဒပြမှုများကို မရပ်ပါက အရေးယူသွားမည်ဟု တော်လှန်ရေးအစောင့်တပ်ဖွဲ့က နိုဝင်ဘာ ၁၈ ရက်မှာ သတိပေးထားပါတယ်။

အဆိုပါဆန္ဒပြမှုများတွင် ဘဏ် ၁၀၀ ထက်မနည်း၊ အဆောက်အဦများနှင့် ကားများ မီးရှို့ ဖျက်ဆီးခံရကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထား ပါတယ်။ “အီရန်ပြည်သူတွေကို အကြမ်းဖက်နှိမ်နှင်းတဲ့ အစိုးရကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ လူသေဆုံးမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပါတယ်” ဟု ပွန်ပဲယိုက ပြောပါတယ်။

“အီရန်အစိုးရအနေနဲ့ သူတို့ရဲ့ ပြည်သူတွေအပေါ် အကြမ်းဖက်တာတွေကို ရပ်တန့်ရပါမယ်။ အီရန်နိုင်ငံသားတွေကို အင်တာနက် လွတ်လပ်စွာ ပြန်လည်အသုံးပြုခွင့် ပေးသင့်ပါတယ်။ ကမ္ဘာကြီးက စောင့်ကြည့်နေပါတယ်” ဟု ၎င်းက ပြောကြားပါတယ်။ အီရန်ဗဟိုဘဏ်အနေဖြင့် အမေရိကန်ဒေါ်လာနှင့် ယူရိုငွေဘီလျံများစွာကို ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်အတွင်းက အီရန်တော်လှန်ရေး အစောင့်တပ်ဖွဲ့လက်အောက်မှ  အကြမ်းဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Quds Force သို့ ပေးခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ တွစ်တာမှာ မကြာသေးမီက ဖော်ပြထားပါတယ်။

ထို့ပြင် သမ္မတဟက်ဆန်ရိုဟန်နီသည် နိုင်ငံတော်ဖွံ့ဖြိုးရေး ရန်ပုံငွေမှ ဒေါ်လာ ၄ ဒသမ၈ ဘီလျံကို အကြမ်းဖက် လုပ်ငန်းများအတွက် ပေးခဲ့ကြောင်း အခြားတွစ်တာပို့စ်တစ်ခုမှာ ဖော်ပြထားပါတယ်။

Linko
Ref:Reuters
ဝါရှင်တန်၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

 အီရန္ႏိုင္ငံ၏ Fordow န်ဴကလီးယား စက္႐ုံတြင္ သန႔္စင္မႈလုပ္ငန္းမ်ားကို ျပန္လည္လုပ္ေဆာင္ေနေသာေၾကာင့္ အေပၚ ပိတ္ဆို႔ အေရးယူမႈမ်ား ျပန္လည္ခ်မွတ္လိုက္ၿပီျဖစ္ ေၾကာင္း  အေမရိကန္အစိုးရက ႏိုဝင္ဘာ ၁၈ ရက္မွာ ေၾကညာလိုက္ပါတယ္။

“သမၼတဟက္ဆန္႐ိုဟန္နီက Fordow စက္႐ုံမွာ ယူေရနီယမ္သန႔္စင္မႈကို ျပန္လည္စတင္ေတာ့မယ္လို႔ မၾကာေသးမီက ေၾကညာလိုက္ပါတယ္။ ဒါေၾကာင့္ အေမရိကန္အေနနဲ႔လည္း ဒီစက္႐ုံနဲ႔ ပတ္သက္လို႔ ပိတ္ဆို႔အေရးယူမႈ ဆိုင္းငံ့ထားတာေတြကို ၂၀၁၉ ခုႏွစ္၊ ဒီဇင္ဘာ ၁၅ ရက္ က စတင္ၿပီး ျပန္လည္လုပ္ေဆာင္ သြားမွာ ျဖစ္ပါတယ္” ဟု ႏိုင္ငံျခားေရးဝန္ႀကီး မိုက္ပြန္ပဲယိုးက သတင္းစာရွင္းလင္းပြဲတစ္ခုမွာ ေျပာၾကားခဲ့ပါ တယ္။

“အၾကမ္းဖက္လုပ္ငန္းကို အႀကီးမားဆုံး ေထာက္ပံ့ေနတဲ့ ႏိုင္ငံအတြက္ သန႔္စင္ထားတဲ့ ယူေရနီယမ္ လုံးဝမရွိေစရပါဘူး” ဟု ပြန္ပဲယိုက ေျပာပါတယ္။ Fordow န်ဴကလီးယားစက္႐ုံတြင္ ယူေရနီယမ္ သန႔္စင္မႈမ်ားကို ျပန္လည္လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္းလည္း ကုလသမဂၢ န်ဴကလီးယား ေစာင့္ၾကည့္ ေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။အီရန္အေနျဖင့္ န်ဴကလီးယားပိုင္ဆိုင္ေရးကို ႀကိဳးပမ္း လုပ္ေဆာင္ေနသည္မွာ ထင္ရွားေၾကာင္းႏွင့္ ကမာၻ႔ႏိုင္ငံမ်ားမွ စီးပြားေရးႏွင့္ ႏိုင္ငံေရးအရ ဖယ္ၾကဥ္မႈမ်ားကို ထပ္မံႀကဳံေတြ႕ရမည္ဟု ပြန္ပဲယိုက သတိေပးထားပါတယ္။အီရန္တြင္ ႏိုဝင္ဘာ ၁၅ ရက္မွစတင္၍ ဆႏၵျပမႈမ်ား စတင္ျဖစ္ပြားခဲ့ၿပီး ဓာတ္ဆီေဈးျမင့္တက္မႈအေပၚ ျပဳလုပ္သည့္ဆႏၵျပမႈမ်ားကို မရပ္ပါက အေရးယူသြားမည္ဟု ေတာ္လွန္ေရးအေစာင့္တပ္ဖြဲ႕က ႏိုဝင္ဘာ ၁၈ ရက္မွာ သတိေပးထားပါတယ္။

အဆိုပါဆႏၵျပမႈမ်ားတြင္ ဘဏ္ ၁၀၀ ထက္မနည္း၊ အေဆာက္အဦမ်ားႏွင့္ ကားမ်ား မီးရႈိ႕ ဖ်က္ဆီးခံရေၾကာင္း ႏိုင္ငံပိုင္မီဒီယာက ေဖာ္ျပထား ပါတယ္။ “အီရန္ျပည္သူေတြကို အၾကမ္းဖက္ႏွိမ္ႏွင္းတဲ့ အစိုးရကို ျပင္းထန္စြာ ရႈတ္ခ်ပါတယ္။ လူေသဆုံးမႈေတြ ရွိေနတယ္ဆိုတဲ့ သတင္းေတြ လည္း ထြက္ေပၚေနပါတယ္” ဟု ပြန္ပဲယိုက ေျပာပါတယ္။

“အီရန္အစိုးရအေနနဲ႔ သူတို႔ရဲ႕ ျပည္သူေတြအေပၚ အၾကမ္းဖက္တာေတြကို ရပ္တန႔္ရပါမယ္။ အီရန္ႏိုင္ငံသားေတြကို အင္တာနက္ လြတ္လပ္စြာ ျပန္လည္အသုံးျပဳခြင့္ ေပးသင့္ပါတယ္။ ကမာၻႀကီးက ေစာင့္ၾကည့္ေနပါတယ္” ဟု ၎က ေျပာၾကားပါတယ္။ အီရန္ဗဟိုဘဏ္အေနျဖင့္ အေမရိကန္ေဒၚလာႏွင့္ ယူ႐ိုေငြဘီလ်ံမ်ားစြာကို ၂၀၁၈ ခုႏွစ္ႏွင့္ ၂၀၁၉ ခုႏွစ္အတြင္းက အီရန္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕လက္ေအာက္မွ  အၾကမ္းဖက္အဖြဲ႕အစည္းတစ္ခုျဖစ္သည့္ Quds Force သို႔ ေပးခဲ့ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန၏ တြစ္တာမွာ မၾကာေသးမီက ေဖာ္ျပထားပါတယ္။

ထို႔ျပင္ သမၼတဟက္ဆန္႐ိုဟန္နီသည္ ႏိုင္ငံေတာ္ဖြံ႕ၿဖိဳးေရး ရန္ပုံေငြမွ ေဒၚလာ ၄ ဒသမ၈ ဘီလ်ံကို အၾကမ္းဖက္ လုပ္ငန္းမ်ားအတြက္ ေပးခဲ့ေၾကာင္း အျခားတြစ္တာပို႔စ္တစ္ခုမွာ ေဖာ္ျပထားပါတယ္။

Linko
Ref:Reuters
ဝါရွင္တန္၊ ႏိုဝင္ဘာ ၁၉