【 အားကစား 】 ချန်ပီယံလိဂ် ကစားရဖို့ရှိတဲ့ လီဗာပူးလ်အသင်း ဂိုးပြတ်နိုင်မလား

【 အားကစား 】 ချန်ပီယံလိဂ် ကစားရဖို့ရှိတဲ့ လီဗာပူးလ်အသင်း ဂိုးပြတ်နိုင်မလား

ပရီးမီးယားလိဂ် ပွဲစဉ် ၇ အဖြစ် ရှက်ဖီးယူနိုက်တက်အသင်းနဲ့ လီဗာပူအသင်းတို့ ယနေ့ည ၆ နာရီအချိန်မှာ ရှက်ဖီးယူနိုက်တက်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ဘရာမောလိန်းကွင်း မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်အသင်း အနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် ဘုန်းမောက်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး သရေရလဒ်ရရှိခဲ့ပါတယ်။ ပွဲစဉ် ၂ အဖြစ် အိမ်ကွင်းမှာ ခရစ္စတယ်ပဲလေ့စ် အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၂ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးကန်သွင်းမှု ၁၅ ကြိမ်ရရှိခဲ့ကာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ လက်စတာအသင်းနဲ့ ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၄၉ ရာခိုင်နှုန်းရရှိခဲ့ကာ ဂိုးကန်သွင်းမှု ၇ ကြိမ်ရရှိခဲ့ပြီး ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ် ၄ အဖြစ် အဝေးကွင်းမှာ ချဲလ်ဆီး အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့ပြီး ၂-၂ သရေ ရလဒ်ရရှိခဲ့ပါတယ်။ ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာ ဆောက်သင်ပတန် အသင်းနဲ့ ကစားခဲ့ပြီး ဝ-၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ပွဲစဉ် ၆ အဖြစ် အဝေးကွင်းမှာ အဲဗာတန်အသင်းကို ဝ-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ၆ ပွဲကစားအပြီး ရမှတ် ၈ မှတ်ရရှိကာ အမှတ်ပေးဇယားအဆင့် ၁၀ မှာ ရပ်တည်လျှက်ရှိပါတယ်။

လီဗာပူအသင်းအနေနဲ့ ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်အဖြစ် အိမ်ကွင်းမှာ နော့ဝစ်ချ်အသင်းကို လက်ခံကစားခဲ့ပြီး ဘောလုံး ပိုင်ဆိုင်မှု ၅၈ ရာခိုင်နှုန်းရှိခဲ့ပြီး ဂိုးသွင်းခွင့် ၁၅ ကြိမ် ရရှိခဲ့ကာ ၄-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒုတိယပွဲစဉ်အဖြစ် ဆောက်သင်ပတန်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ရာမှာတော့ ဘောလုံးပိုင်ဆိုင်ခွင့် ၆၄ ရာခိုင်နှုန်းအထိရှိခဲ့ပြီး ဂိုးပေါက် ကန်သွင်းခွင့် ၁၅ ကြိမ် ရရှိခဲ့ကာ ၁-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ပွဲစဉ် ၃ အဖြစ် အိမ်ကွင်းမှာ အာဆင်နယ်အသင်းနဲ့ ကစားခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၄ အဖြစ် ဘန်လေအသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားခဲ့ပြီး ဝ-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၅ အဖြစ် အိမ်ကွင်းမှာ နယူးကာဆယ်အသင်းနဲ့ ကစားခဲ့ပြီး ၃-၁ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ပွဲစဉ် ၆ အဖြစ် အဝေးကွင်းမှာ ချဲလ်ဆီးအသင်းကို ၁-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အတွက် ၆ ပွဲကစားအပြီး ၁၈ မှတ်ရရှိကာ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်လျှက်ရှိပါတယ်။

အခုပွဲစဉ်မှာ လီဗာပူအသင်းအနေနဲ့ ဂိုး အက်ဒရီယန်၊နောက်တန်းမှာ အလက်ဇန်းဒါး၊မာတစ်၊ ဗန်ဒစ်၊ရောဘတ်ဆန်၊ အလယ်တန်းမှာ မီနာ၊ချိန်ဘာလိန်၊၊ဝင်ဂျယ်လန်၊ရှေ့တန်းမှာ ဆာလက်၊ဖာမီနို၊ဆာဒီယိုမိန်း တို့ ပါဝင်ကစားလာနိုင်ပါတယ်။

အခုပွဲစဉ်ကို ဘွတ်ကီဒိုင်တွေက လီဗာပူအသင်းဘက်မှ ၁ လုံး ၈၀ အရှုံးဖွင့်လှစ်ထားပြီး ဂိုးပေါင်း ၃ လုံး ၃၀ အနိုင်ကြေး ဖြစ်ပါတယ်။

ရှက်ဖီးအသင်းအနေနဲ့ အိမ်ကွင်း ၃ ပွဲကစားခဲ့ရာ ခရစ္စတယ်ပဲလေ့စ် အသင်းကိုသာအနိုင်ရရှိခဲ့ပြီး လက်စတာအသင်းနဲ့ ဆောက်သင်ပတန်အသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။ကြားရက်မှာ ကစားခဲ့တဲ့ ကာရာဘောင်း ဖလားပွဲစဉ်မှာလည်း အိမ်ကွင်မှာ ဆန်းဒါးလန်းအသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

လီဗာပူအသင်းအနေနဲ့ ပွဲစဉ်တိုင်းအနိုင်ရရှိအောင် အကောင်းဆုံးခြေစွမ်းနဲ့ စိတ်ဓာတ်ကို ပိုင်ဆိုင်ထားပြီး အခုပွဲစဉ်ကိုလည်း အနိုင်ရရှိအောင် ကြိုးစားကစားလာမှာဖြစ်ပါတယ်။အဝေးကွင်းကစားခဲ့တဲ့ ပွဲစဉ် ၃ ပွဲမှာ ဘန်လေ အသင်းကိုသာ ဂိုးပြတ်အနိုင်ရရှိထားပြီး ဆောက်သင်ပတန် အသင်းနဲ့ ချဲလ်ဆီး အသင်းတွေကို ၁ ဂိုးအသားနဲ့ သာအနိုင်ရရှိခဲ့ပါတယ်။

ချန်ပီယံလိဂ်ပွဲစဉ် မှာလည်း နာပိုလီအသင်းကို ၂ ဂိုးပြတ်ရှုံးနိမ့်ထားပါတယ်။လီဗာပူအသင်းအနေနဲ့ ယခုပွဲစဉ် ပြီးပါက ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် သြစတြေးလျကလပ် ဆဲလ်ဘတ်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဆဲလ်ဘတ်အသင်းအနေနဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ ဂျန့်အသင်းကို ၆-၂ ဂိုးနဲ့ အနိုင်ရရှိထားတဲ့ အတွက် လီဗာပူပါဝင်တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအုပ်စု E မှာ အမှတ်ပေးဇယားထိပ်ကို ဦးဆောင်နေပါတယ်။

ချန်ပီယံလိဂ် ချန်ပီယံ လီဗာပူအသင်းအနေနဲ့ အဖွင့်ပွဲစဉ်မှာ နာပိုလီကို ရှုံးနိမ့်ထားတဲ့ အတွက် ဆဲလ်ဘတ်အသင်းနဲ့ပွဲစဉ်မှာ အနိုင်ရရှိအောင် ကစားနိုင်ဖို့ ပြင်ဆင်ရမှာ ဖြစ်တဲ့ အတွက် ရှက်ဖီး ယူနိုက်တက် နဲ့ပွဲစဉ်မှာ အနိုင်ရရှိရုံသာ အင်အားပိုချွေတာကစားလာနိုင်တဲ့ အတွက် အခုပွဲစဉ်ကို ရှက်ဖီးအသင်းနဲ့သာလက်တွဲသင့်ပါကြောင်း..............။

KON (SPORT)

( Zawgyi )

ပရီးမီးယားလိဂ္ ပြဲစဥ္ ၇ အျဖစ္ ရွက္ဖီးယူႏိုက္တက္အသင္းနဲ႔ လီဗာပူအသင္းတို႔ ယေန႔ည ၆ နာရီအခ်ိန္မွာ ရွက္ဖီးယူႏိုက္တက္အသင္းရဲ႕ အိမ္ကြင္းျဖစ္တဲ့ ဘရာေမာလိန္းကြင္း မွာ ယွဥ္ၿပိဳင္ကစားၾကမွာ ျဖစ္ပါတယ္။

ရွက္ဖီးယူႏိုက္တက္အသင္း အေနနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ ဘုန္းေမာက္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ၿပီး သေရရလဒ္ရရွိခဲ့ပါတယ္။ ပြဲစဥ္ ၂ အျဖစ္ အိမ္ကြင္းမွာ ခရစၥတယ္ပဲေလ့စ္ အသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၄၂ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးကန္သြင္းမႈ ၁၅ ႀကိမ္ရရွိခဲ့ကာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ လက္စတာအသင္းနဲ႔ ကစားခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ၄၉ ရာခိုင္ႏႈန္းရရွိခဲ့ကာ ဂိုးကန္သြင္းမႈ ၇ ႀကိမ္ရရွိခဲ့ၿပီး ၁-၂ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ ပြဲစဥ္ ၄ အျဖစ္ အေဝးကြင္းမွာ ခ်ဲလ္ဆီး အသင္းနဲ႔ယွဥ္ၿပိဳင္ကစားခဲ့ၿပီး ၂-၂ သေရ ရလဒ္ရရွိခဲ့ပါတယ္။ ပြဲစဥ္ ၅ အျဖစ္ အိမ္ကြင္းမွာ ေဆာက္သင္ပတန္ အသင္းနဲ႔ ကစားခဲ့ၿပီး ဝ-၁ နဲ႔ ရႈံးနိမ့္ခဲ့ပါတယ္။ပြဲစဥ္ ၆ အျဖစ္ အေဝးကြင္းမွာ အဲဗာတန္အသင္းကို ဝ-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အတြက္ ၆ ပြဲကစားအၿပီး ရမွတ္ ၈ မွတ္ရရွိကာ အမွတ္ေပးဇယားအဆင့္ ၁၀ မွာ ရပ္တည္လွ်က္ရွိပါတယ္။

လီဗာပူအသင္းအေနနဲ႔ ပရီးမီးယားလိဂ္ အဖြင့္ပြဲစဥ္အျဖစ္ အိမ္ကြင္းမွာ ေနာ့ဝစ္ခ်္အသင္းကို လက္ခံကစားခဲ့ၿပီး ေဘာလုံး ပိုင္ဆိုင္မႈ ၅၈ ရာခိုင္ႏႈန္းရွိခဲ့ၿပီး ဂိုးသြင္းခြင့္ ၁၅ ႀကိမ္ ရရွိခဲ့ကာ ၄-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ဒုတိယပြဲစဥ္အျဖစ္ ေဆာက္သင္ပတန္အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာေတာ့ ေဘာလုံးပိုင္ဆိုင္ခြင့္ ၆၄ ရာခိုင္ႏႈန္းအထိရွိခဲ့ၿပီး ဂိုးေပါက္ ကန္သြင္းခြင့္ ၁၅ ႀကိမ္ ရရွိခဲ့ကာ ၁-၂ ဂိုးနဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ ပြဲစဥ္ ၃ အျဖစ္ အိမ္ကြင္းမွာ အာဆင္နယ္အသင္းနဲ႔ ကစားခဲ့ၿပီး ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၄ အျဖစ္ ဘန္ေလအသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ကစားခဲ့ၿပီး ဝ-၃ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၅ အျဖစ္ အိမ္ကြင္းမွာ နယူးကာဆယ္အသင္းနဲ႔ ကစားခဲ့ၿပီး ၃-၁ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။ပြဲစဥ္ ၆ အျဖစ္ အေဝးကြင္းမွာ ခ်ဲလ္ဆီးအသင္းကို ၁-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အတြက္ ၆ ပြဲကစားအၿပီး ၁၈ မွတ္ရရွိကာ အမွတ္ေပးဇယား ထိပ္ဆုံးမွာ ရပ္တည္လွ်က္ရွိပါတယ္။

အခုပြဲစဥ္မွာ လီဗာပူအသင္းအေနနဲ႔ ဂိုး အက္ဒရီယန္၊ေနာက္တန္းမွာ အလက္ဇန္းဒါး၊မာတစ္၊ ဗန္ဒစ္၊ေရာဘတ္ဆန္၊ အလယ္တန္းမွာ မီနာ၊ခ်ိန္ဘာလိန္၊၊ဝင္ဂ်ယ္လန္၊ေရွ႕တန္းမွာ ဆာလက္၊ဖာမီႏို၊ဆာဒီယိုမိန္း တို႔ ပါဝင္ကစားလာႏိုင္ပါတယ္။

အခုပြဲစဥ္ကို ဘြတ္ကီဒိုင္ေတြက လီဗာပူအသင္းဘက္မွ ၁ လုံး ၈၀ အရႈံးဖြင့္လွစ္ထားၿပီး ဂိုးေပါင္း ၃ လုံး ၃၀ အႏိုင္ေၾကး ျဖစ္ပါတယ္။

ရွက္ဖီးအသင္းအေနနဲ႔ အိမ္ကြင္း ၃ ပြဲကစားခဲ့ရာ ခရစၥတယ္ပဲေလ့စ္ အသင္းကိုသာအႏိုင္ရရွိခဲ့ၿပီး လက္စတာအသင္းနဲ႔ ေဆာက္သင္ပတန္အသင္းေတြကို ရႈံးနိမ့္ခဲ့ပါတယ္။ၾကားရက္မွာ ကစားခဲ့တဲ့ ကာရာေဘာင္း ဖလားပြဲစဥ္မွာလည္း အိမ္ကြင္မွာ ဆန္းဒါးလန္းအသင္းကို ရႈံးနိမ့္ခဲ့ပါတယ္။

လီဗာပူအသင္းအေနနဲ႔ ပြဲစဥ္တိုင္းအႏိုင္ရရွိေအာင္ အေကာင္းဆုံးေျခစြမ္းနဲ႔ စိတ္ဓာတ္ကို ပိုင္ဆိုင္ထားၿပီး အခုပြဲစဥ္ကိုလည္း အႏိုင္ရရွိေအာင္ ႀကိဳးစားကစားလာမွာျဖစ္ပါတယ္။အေဝးကြင္းကစားခဲ့တဲ့ ပြဲစဥ္ ၃ ပြဲမွာ ဘန္ေလ အသင္းကိုသာ ဂိုးျပတ္အႏိုင္ရရွိထားၿပီး ေဆာက္သင္ပတန္ အသင္းနဲ႔ ခ်ဲလ္ဆီး အသင္းေတြကို ၁ ဂိုးအသားနဲ႔ သာအႏိုင္ရရွိခဲ့ပါတယ္။

ခ်န္ပီယံလိဂ္ပြဲစဥ္ မွာလည္း နာပိုလီအသင္းကို ၂ ဂိုးျပတ္ရႈံးနိမ့္ထားပါတယ္။လီဗာပူအသင္းအေနနဲ႔ ယခုပြဲစဥ္ ၿပီးပါက ခ်န္ပီယံလိဂ္ ပြဲစဥ္အျဖစ္ ၾသစေၾတးလ်ကလပ္ ဆဲလ္ဘတ္အသင္းနဲ႔ အိမ္ကြင္းမွာ ယွဥ္ၿပိဳင္ကစားရမွာျဖစ္ပါတယ္။ဆဲလ္ဘတ္အသင္းအေနနဲ႔ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာ ဂ်န႔္အသင္းကို ၆-၂ ဂိုးနဲ႔ အႏိုင္ရရွိထားတဲ့ အတြက္ လီဗာပူပါဝင္တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲအုပ္စု E မွာ အမွတ္ေပးဇယားထိပ္ကို ဦးေဆာင္ေနပါတယ္။

ခ်န္ပီယံလိဂ္ ခ်န္ပီယံ လီဗာပူအသင္းအေနနဲ႔ အဖြင့္ပြဲစဥ္မွာ နာပိုလီကို ရႈံးနိမ့္ထားတဲ့ အတြက္ ဆဲလ္ဘတ္အသင္းနဲ႔ပြဲစဥ္မွာ အႏိုင္ရရွိေအာင္ ကစားႏိုင္ဖို႔ ျပင္ဆင္ရမွာ ျဖစ္တဲ့ အတြက္ ရွက္ဖီး ယူႏိုက္တက္ နဲ႔ပြဲစဥ္မွာ အႏိုင္ရရွိ႐ုံသာ အင္အားပိုေခြၽတာကစားလာႏိုင္တဲ့ အတြက္ အခုပြဲစဥ္ကို ရွက္ဖီးအသင္းနဲ႔သာလက္တြဲသင့္ပါေၾကာင္း..............။

KON (SPORT)