ကချင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုတွေကို အဓိကထားလုပ်ဆောင်မည်ဟု KASH ဥက္ကဌ ဦးခက်ထိန်နန် ပြောကြား

ကချင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုတွေကို အဓိကထားလုပ်ဆောင်မည်ဟု KASH ဥက္ကဌ ဦးခက်ထိန်နန် ပြောကြား

ကချင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်မှုတွေကို အဓိကထားလုပ်ဆောင်သွားမည်ဖြစ်ပြီး နည်းပညာ၊အရင်းအနှီးနှင့်ဈေးကွက်ရရှိလာအောင် လို့လည်း ရည်မှန်းချက်ထားလုပ်ဆောင်သွားမှာဖြစ်တယ်လို့ ကချင်တိုင်းရင်းသား လုပ်ငန်းရှင် များအသင်း(KASH) ဥက္ကဌ ဦးခက်ထိန်နန် ကပြောပါတယ်။

ဒါ့အပြင်အိမ်နီးနားချင်းနိုင်ငံတွေအပါအဝင် ဥရောပနှင့်အမေရိကန်နိုင်ငံရှိ ပြည်ပလုပ်ငန်းရှင်တွေအနေနဲ့ ကချင်ပြည်နယ် အတွင်းမှာ ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ဖို့စိတ်ဝင်စားလာတဲ့ အနေအထားမျိုးတွေကို တွေ့နေရသည့်အတွက် ရှေ့လာမယ့်ကာလများမှာ ပြည်နယ် ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေဟာ အလားအလာကောင်းနိုင်မယ်လို့မျှော်လင့်ထားကြောင်းလည်း ၎င်းက ဆိုပါတယ်။

 “ပြောရရင် ရင်းနှီးမြှုပ်နှံမှုတွေက မျှော်လင့်သလောက်တော့မလာကြသေးပါဘူး။ဒါပေမယ့် တဖြေးဖြေးချင်းတော့ လာနေတဲ့ အပိုင်းရှိတယ်။ သူတို့နိုင်ငံအတွက် ကျနော်တို့ပြည်နယ်အတွက် အလားအလာကတော့ရှေ့လျှောက်အများကြီးကောင်းပါတယ်။ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံကို အများကြီးစိတ်ဝင်စားလာတဲ့အနေအထားမျိုးတွေ့ရတယ်။ကျနော်တို့ အိမ်နီးချင်းနိုင်ငံတွေရောပေါ့လေ အခုဆိုရင်ကျနော်တို့ မြန်မာ-အိန္ဒိယ-တရုတ် ချစ်ကြည်ရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအသင်းပေါ့၊ အဲ့မှာလည်းကျနော်က တစ်နိုင်ငံလုံးမှာ နာယကအဖြစ်ဆောင်ရွက် တဲ့အနေအထားရှိတယ်ဆိုတော့ ဒီကဏ္ဍတွေမှာရင်းနှီးမြှုပ်နှံမှုတွေလာဖို့တော့အများကြီးရှိတယ်။

အများကြီးစိတ်ဝင်စားလာတဲ့ အနေအထားတွေ့ရတယ်။ နောက်တစ်ခုကကျနော်တို့ရဲ့ အမြင်ပေါ့နော်၊ဥရောပဘက်ကရော အထူးသဖြင့် အမေရိကန်ကရော ကျနော်တို့မြန်မာနိုင်ငံပေါ်မှာထားတဲ့အနေအထားလေးတွေကလက်တွေ့ကျကျ ပိုပြီးတော့ ပြောင်းလဲလာတဲ့ သဘော ကိုတွေ့ရတာပေါ့နော်။ကျနော်တို့ CSO တွေနဲ့တူတူအရပ်ဖက်ပေါ့လေ။အောက်ခြေက ရပ်ကျေးက အဖွဲ့တွေနဲ့ ကျနော်တို့သူတို့နဲ့ ပိုပြီးတော့ ချိတ်ဆက်လာတယ်။ပိုပြီးတော့ စိတ်ဝင်စား လာတယ်။ကျနော်တို့ဘက်ကို ကူညီမယ့် အကူအညီတွေပေါ့လေ အခုဆိုရင်ကျနော် တို့ကြား သလောက်ဆိုရင် ဒေါ်လာသန်းပေါင်း ၇၀ လောက်ကိုကူညီဖို့ရှိလာတယ်။

ကျနော်တို့ အတွက် ဒါကရှေ့လျှောက် အလားအလာအများကြီးကောင်းလာမယ်။”လို့ (KASH) ဥက္ကဌ ဦးခက်ထိန်နန် ကပြောကြားခဲ့ပါတယ်။ ဆက်လက်၍ ၎င်းက နိုင်ငံတကာမှရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာဖို့ အတွက် ဒေသတည်ငြိမ် အေးချမ်းရေးရှိဖို့လိုပြီး အခြေခံ အဆောက်အအုံတွေ ကိုလည်းကြိုတင်ပြင်ဆင် လုပ်ဆောင်ထားဖို့လိုအပ် ကြောင်း၊ဒါ့အပြင် အခွန်ကိစ္စရပ်တွေကို လည်းပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်ဖို့လိုအပ်နေသေးတယ်လို့ အကြံပြုပြောကြားခဲ့ပါသေးတယ်။

 “ဒီနေရာမှာကျနော်တို့ဘက်ကပြင်ဆင်ထားဖို့ အတွက်ကျတော့ အခြေခံအဆောက်အအုံတွေ လိုမယ်။ ဥပမာ - မီးဆိုမီး၊ လမ်းဆိုလမ်း ဒါတွေ ကိုကောင်းအောင် လုပ်ဖို့လိုတယ်။ ရင်းနှီးမြှုပ်နှံမှု လာလုပ်မယ့်သူတို့အတွက် အာမခံချက်ရှိတဲ့ဥပဒေတွေလိုအပ်တယ်။နောက်ဆုံးအချက်ကတော့ နေရာတိုင်းမှာတည်ငြိမ်သွားရင် အေးချမ်း သွားရင်ပိုကောင်းတယ်ပေါ့။ဒါတွေအတွက်က ကျနော်တို့ဘက်ကပြင်ဆင်ထားဖို့လိုပါတယ်။နောက် ကျနော် တို့နိုင်ငံမှာစီးပွားရေးနှင့်ပတ်သက်တဲ့အခက်အခဲကတော့မူဝါဒပေါ့လေ။နံပါတ်နှစ်ကတော့ ဥပဒေ၊နည်းဥပဒေ ပိုင်းဆိုင်ရတွေပေါ့လေ၊ ဒါတွေလည်းလက်တွေ့လုပ်တဲ့နေရာမှာအခက်အခဲတွေရှိသေးတယ်။နောက်ပြီးတော့အခွန်နဲ့ပတ်သက်တဲ့ဟာတွေကိုလည်း ကျနော် တို့ပြုပြင်ပြောင်းလဲ ဖို့လိုပါ သေးတယ်။လက်ရှိမှာတော့ အဲ့ဒီအခက်အခဲ အဲ့ဒီစိန်ခေါ်မှှုတွေကြားထဲမှာကျနော်တို့ လုပ်ဆောင်နေရတဲ့ အနေ အထား ရှိပါတယ်။” လို့ (KASH) ဥက္ကဌ ဦးခက်ထိန်နန် က ဆက်လက်ပြောကြားခဲ့ပါတယ်။

ထို့အတူ ကချင်ပြည်နယ်စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတကာနှင့်ချိတ်ဆက်ဆောင်ရွက်သွား မည့်ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ လည်း (KASH) ဥက္ကဌ ဦးခက်ထိန်နန် က ယခုလိုထပ်လောင်းပြောပြခဲ့ပါသေးတယ်။ “ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း၊ ကချင်တိုင်းရင်းသား လုပ်ငန်းရှင်များ အများပိုင်ကုမ္ပဏီပေါ့ ဒါကိုကျနော်တို့ဖွဲ့စည်းတည်ထောင်ထားတယ်။ကျနော်တို့က သဘာဝ တရားကပေးထားတဲ့ ကိုယ့် ပြည်နယ်နဲ့ ကိုယ့်သယံဇာတ၊ကိုယ့်မြေ၊ကိုယ့်ရေကတော့ရှိတယ်။ဒါပေမယ့်ကျနော်တို့မှာ နည်းပညာမရှိဘူး၊ အရင်းအနှီး မရှိဘူး၊ဈေးကွက်မရှိဘူး၊ဒါအားနည်းတာပေါ့၊အဲ့လိုဆိုတော့ ကျနော်တို့က နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ နည်းပညာ ရနိုင်မယ်၊ အရင်းအနှီးရနိုင်မယ်၊ဈေးကွက်ရနိုင်မယ်၊ဒါတွေကို ရရှိနိုင်အောင်နိုင်ငံတကာနဲ့ချိတ်ဆက်ပြီးတော့ လုပ်ဆောင်သွားဖို့ အဓိက ရည်မှန်းချက် ထားရှိပါတယ်။”လို့ ဦးခက်ထိန်နန်က ထပ်လောင်းပြောပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊နိုဝင်ဘာ ၁၉

(  Zawgyi  )

 ကခ်င္ျပည္နယ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ႏိုင္ငံတကာႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္မႈေတြကို အဓိကထားလုပ္ေဆာင္သြားမည္ျဖစ္ၿပီး နည္းပညာ၊အရင္းအႏွီးႏွင့္ေဈးကြက္ရရွိလာေအာင္ လို႔လည္း ရည္မွန္းခ်က္ထားလုပ္ေဆာင္သြားမွာျဖစ္တယ္လို႔ ကခ်င္တိုင္းရင္းသား လုပ္ငန္းရွင္ မ်ားအသင္း(KASH) ဥကၠဌ ဦးခက္ထိန္နန္ ကေျပာပါတယ္။

ဒါ့အျပင္အိမ္နီးနားခ်င္းႏိုင္ငံေတြအပါအဝင္ ဥေရာပႏွင့္အေမရိကန္ႏိုင္ငံရွိ ျပည္ပလုပ္ငန္းရွင္ေတြအေနနဲ႔ ကခ်င္ျပည္နယ္ အတြင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈ လုပ္ေဆာင္ဖို႔စိတ္ဝင္စားလာတဲ့ အေနအထားမ်ိဳးေတြကို ေတြ႕ေနရသည့္အတြက္ ေရွ႕လာမယ့္ကာလမ်ားမွာ ျပည္နယ္ ရဲ႕ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈေတြဟာ အလားအလာေကာင္းႏိုင္မယ္လို႔ေမွ်ာ္လင့္ထားေၾကာင္းလည္း ၎က ဆိုပါတယ္။

 “ေျပာရရင္ ရင္းႏွီးျမႇဳပ္ႏွံမႈေတြက ေမွ်ာ္လင့္သေလာက္ေတာ့မလာၾကေသးပါဘူး။ဒါေပမယ့္ တေျဖးေျဖးခ်င္းေတာ့ လာေနတဲ့ အပိုင္းရွိတယ္။ သူတို႔ႏိုင္ငံအတြက္ က်ေနာ္တို႔ျပည္နယ္အတြက္ အလားအလာကေတာ့ေရွ႕ေလွ်ာက္အမ်ားႀကီးေကာင္းပါတယ္။ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ႏိုင္ငံကို အမ်ားႀကီးစိတ္ဝင္စားလာတဲ့အေနအထားမ်ိဳးေတြ႕ရတယ္။က်ေနာ္တို႔ အိမ္နီးခ်င္းႏိုင္ငံေတြေရာေပါ့ေလ အခုဆိုရင္က်ေနာ္တို႔ ျမန္မာ-အိႏၵိယ-တ႐ုတ္ ခ်စ္ၾကည္ေရးနဲ႔စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းေပါ့၊ အဲ့မွာလည္းက်ေနာ္က တစ္ႏိုင္ငံလုံးမွာ နာယကအျဖစ္ေဆာင္႐ြက္ တဲ့အေနအထားရွိတယ္ဆိုေတာ့ ဒီက႑ေတြမွာရင္းႏွီးျမႇဳပ္ႏွံမႈေတြလာဖို႔ေတာ့အမ်ားႀကီးရွိတယ္။

အမ်ားႀကီးစိတ္ဝင္စားလာတဲ့ အေနအထားေတြ႕ရတယ္။ ေနာက္တစ္ခုကက်ေနာ္တို႔ရဲ႕ အျမင္ေပါ့ေနာ္၊ဥေရာပဘက္ကေရာ အထူးသျဖင့္ အေမရိကန္ကေရာ က်ေနာ္တို႔ျမန္မာႏိုင္ငံေပၚမွာထားတဲ့အေနအထားေလးေတြကလက္ေတြ႕က်က် ပိုၿပီးေတာ့ ေျပာင္းလဲလာတဲ့ သေဘာ ကိုေတြ႕ရတာေပါ့ေနာ္။က်ေနာ္တို႔ CSO ေတြနဲ႔တူတူအရပ္ဖက္ေပါ့ေလ။ေအာက္ေျခက ရပ္ေက်းက အဖြဲ႕ေတြနဲ႔ က်ေနာ္တို႔သူတို႔နဲ႔ ပိုၿပီးေတာ့ ခ်ိတ္ဆက္လာတယ္။ပိုၿပီးေတာ့ စိတ္ဝင္စား လာတယ္။က်ေနာ္တို႔ဘက္ကို ကူညီမယ့္ အကူအညီေတြေပါ့ေလ အခုဆိုရင္က်ေနာ္ တို႔ၾကား သေလာက္ဆိုရင္ ေဒၚလာသန္းေပါင္း ၇၀ ေလာက္ကိုကူညီဖို႔ရွိလာတယ္။

က်ေနာ္တို႔ အတြက္ ဒါကေရွ႕ေလွ်ာက္ အလားအလာအမ်ားႀကီးေကာင္းလာမယ္။”လို႔ (KASH) ဥကၠဌ ဦးခက္ထိန္နန္ ကေျပာၾကားခဲ့ပါတယ္။ ဆက္လက္၍ ၎က ႏိုင္ငံတကာမွရင္းႏွီးျမႇဳပ္ႏွံမႈမ်ားဝင္ေရာက္လာဖို႔ အတြက္ ေဒသတည္ၿငိမ္ ေအးခ်မ္းေရးရွိဖို႔လိုၿပီး အေျခခံ အေဆာက္အအုံေတြ ကိုလည္းႀကိဳတင္ျပင္ဆင္ လုပ္ေဆာင္ထားဖို႔လိုအပ္ ေၾကာင္း၊ဒါ့အျပင္ အခြန္ကိစၥရပ္ေတြကို လည္းျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ေဆာင္ဖို႔လိုအပ္ေနေသးတယ္လို႔ အႀကံျပဳေျပာၾကားခဲ့ပါေသးတယ္။

 “ဒီေနရာမွာက်ေနာ္တို႔ဘက္ကျပင္ဆင္ထားဖို႔ အတြက္က်ေတာ့ အေျခခံအေဆာက္အအုံေတြ လိုမယ္။ ဥပမာ - မီးဆိုမီး၊ လမ္းဆိုလမ္း ဒါေတြ ကိုေကာင္းေအာင္ လုပ္ဖို႔လိုတယ္။ ရင္းႏွီးျမႇဳပ္ႏွံမႈ လာလုပ္မယ့္သူတို႔အတြက္ အာမခံခ်က္ရွိတဲ့ဥပေဒေတြလိုအပ္တယ္။ေနာက္ဆုံးအခ်က္ကေတာ့ ေနရာတိုင္းမွာတည္ၿငိမ္သြားရင္ ေအးခ်မ္း သြားရင္ပိုေကာင္းတယ္ေပါ့။ဒါေတြအတြက္က က်ေနာ္တို႔ဘက္ကျပင္ဆင္ထားဖို႔လိုပါတယ္။ေနာက္ က်ေနာ္ တို႔ႏိုင္ငံမွာစီးပြားေရးႏွင့္ပတ္သက္တဲ့အခက္အခဲကေတာ့မူဝါဒေပါ့ေလ။နံပါတ္ႏွစ္ကေတာ့ ဥပေဒ၊နည္းဥပေဒ ပိုင္းဆိုင္ရေတြေပါ့ေလ၊ ဒါေတြလည္းလက္ေတြ႕လုပ္တဲ့ေနရာမွာအခက္အခဲေတြရွိေသးတယ္။ေနာက္ၿပီးေတာ့အခြန္နဲ႔ပတ္သက္တဲ့ဟာေတြကိုလည္း က်ေနာ္ တို႔ျပဳျပင္ေျပာင္းလဲ ဖို႔လိုပါ ေသးတယ္။လက္ရွိမွာေတာ့ အဲ့ဒီအခက္အခဲ အဲ့ဒီစိန္ေခၚမွႈေတြၾကားထဲမွာက်ေနာ္တို႔ လုပ္ေဆာင္ေနရတဲ့ အေန အထား ရွိပါတယ္။” လို႔ (KASH) ဥကၠဌ ဦးခက္ထိန္နန္ က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

ထို႔အတူ ကခ်င္ျပည္နယ္စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္လာေအာင္ ႏိုင္ငံတကာႏွင့္ခ်ိတ္ဆက္ေဆာင္႐ြက္သြား မည့္ကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ လည္း (KASH) ဥကၠဌ ဦးခက္ထိန္နန္ က ယခုလိုထပ္ေလာင္းေျပာျပခဲ့ပါေသးတယ္။ “ကခ်င္တိုင္းရင္းသား လုပ္ငန္းရွင္မ်ားအသင္း၊ ကခ်င္တိုင္းရင္းသား လုပ္ငန္းရွင္မ်ား အမ်ားပိုင္ကုမၸဏီေပါ့ ဒါကိုက်ေနာ္တို႔ဖြဲ႕စည္းတည္ေထာင္ထားတယ္။က်ေနာ္တို႔က သဘာဝ တရားကေပးထားတဲ့ ကိုယ့္ ျပည္နယ္နဲ႔ ကိုယ့္သယံဇာတ၊ကိုယ့္ေျမ၊ကိုယ့္ေရကေတာ့ရွိတယ္။ဒါေပမယ့္က်ေနာ္တို႔မွာ နည္းပညာမရွိဘူး၊ အရင္းအႏွီး မရွိဘူး၊ေဈးကြက္မရွိဘူး၊ဒါအားနည္းတာေပါ့၊အဲ့လိုဆိုေတာ့ က်ေနာ္တို႔က ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ နည္းပညာ ရႏိုင္မယ္၊ အရင္းအႏွီးရႏိုင္မယ္၊ေဈးကြက္ရႏိုင္မယ္၊ဒါေတြကို ရရွိႏိုင္ေအာင္ႏိုင္ငံတကာနဲ႔ခ်ိတ္ဆက္ၿပီးေတာ့ လုပ္ေဆာင္သြားဖို႔ အဓိက ရည္မွန္းခ်က္ ထားရွိပါတယ္။”လို႔ ဦးခက္ထိန္နန္က ထပ္ေလာင္းေျပာျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ႏိုဝင္ဘာ ၁၉