ကချင်ရိုးရာဂျပ်ခုတ်၊ယက်ကန်းထည်ဈေးကွက် နိုင်ငံတကာဈေးကွက်အထိတင်ပို့ရောင်းချနေရဟု ဆို

ကချင်ရိုးရာဂျပ်ခုတ်၊ယက်ကန်းထည်ဈေးကွက် နိုင်ငံတကာဈေးကွက်အထိတင်ပို့ရောင်းချနေရဟု ဆို

ကချင်တိုင်းရင်းသားတွေရဲ့ မိရိုးဖလာရိုးရာလုပ်ငန်းတစ်ခုဖြစ်တဲ့ ကချင်ရိုးရာဂျပ်ခုတ်၊ ယက်ကန်းထည်ဈေးကွက်ဟာ ပြည်တွင်းမှာ သာမကနိုင်ငံတကာဈေးကွက်အထိတင်ပို့ရောင်း ချနေရသောကြောင့် ဒေသခံများအတွက်ဝင်ငွေများစွာရရှိသလို ဒေသခံများ၏စားဝတ်နေရေး အတွက်လည်းများစွာအထောက်အကူပြုသည့်ဈေးကွက် အနေအထားတစ်ခုကိုရရှိနေပြီဖြစ်တယ်လို့ ကချင်ရိုးရာယက်ကန်းကျောင်းကို တည်ထောင်ထားသူဖြစ်သည့် ကချင်ရိုးရာယဉ်ကျေးမှုနှင့်စာပေအဖွဲ့ ဥက္ကဌ ဒေါ်လဂျွန်ဆိုင်းတောင် ကပြောပါတယ်။

“ကချင်ရိုးရာပစ္စည်းတွေ အဝတ်အထည်တွေကတအားရောင်းရပါတယ်။ကျမတို့ အခုဒါက (Handmade) ဆိုတော့လေပြည်တွင်းမှာကို မလောက်ဘူး။ကျမတို့ (Handmade)ဆိုတာက ဥပမာပြောရရင် ထမင်းကိုဘယ်ကရလဲဆိုရင် အိုးကရတယ်ဆိုတာပဲသိတာတယ် အဲ့တော့ ဒီလုံချည်တွေ ဒီထမိန်တွေဘယ်လိုဖြစ်ပေါ်လာလဲ၊ပိုးဇာကိုစိမ်ပြီးမှပိုးမွေးတယ်၊ပိုးချည်ထုတ်တယ်။အဲ့ကနေမှ အဆင့်ဆင့်ဆေးဆိုးပြီးမှ ဒီဟာကို ထမိန်တစ်ထည်၊ပုဆိုးတစ်ထည် ခေါင်းပေါင်းတစ်ထည်ဖြစ်လာအောင် ဘယ်လိုလုပ်တယ်ဆိုတာ အခုခေတ်ကလေးတွေက ဘယ်သူမှမသိတော့ ပါဘူး။ကျမကတော့ ဒါကို အကုန်လုံးဘယ်လိုဖြစ်ပေါ်လာလဲဆိုတာကိုပေါ့ ကျမတို့သင်တန်းကျောင်းမှာလည်းသင်ကြားပို့ချပေးပါတယ်။

အဲ့ဒီနောက်မှာအကုန်လုံး ဒီပညာတွေကိုသိလာ၊တတ်လာပြီဆိုတော့ ဆက်ပြီးတော့ လက်ယက်ကန်းနဲ့ပဲဖြစ်ဖြစ် စက်ယက်ကန်းနဲ့ပဲဖြစ်ဖြစ် ဘယ်လိုပဲဖြစ်ဖြစ်ဒေသခံတွေတွက်ကတော့စားဝတ်နေရးတစ်ခုအတွက်ဝင်ငွေလည်းတစ်ခုရရှိတာပေ့ါလေ။အခုကျမတို့ရိုးရာယက်ကန်းထည်ဈေးကွက်ကိုပြောရရင် အဓိကဖြန့်ချိတာကတော့ ရန်ကုန်နဲ့မန္တလေးပေါ့လေ။ နောက်နိုင်ငံတကာ ကိုလည်းပို့ပါတယ်။နိုင်ငံတကာဈေးကွက် ကို ပို့တယ်ဆိုတာက ဟိုဘက်ကနေအော်ဒါလှမ်းမှာ သလောက်ကျမတို့ပို့ပေး ပါတယ်။

ဒါပေမယ့်ကျမတို့ရိုးရာထည်တွေက(Handmade)ဆိုတော့သိပ်ပြီးတော့မပို့နိုင်သေးပါဘူး။ရောင်းတာကတော့ရောင်းရပါတယ်။လက်တော့မလည်ဘူးပေါ့၊ဝင်ငွေကလည်းကောင်းပါတယ်။ပြည်ပကိုပို့တယ်ဆိုတာက ဥပမာပြောရရင် အမေရိကပဲဖြစ်ဖြစ် စင်ကာပူပဲဖြစ်ဖြစ် ဟိုမှာမနောပွဲ ရှိတယ်၊ ခရစ်စ္စမတ်ပွဲတွေရှိတယ်ဆိုရင် သူတို့လိုချင်တဲ့(Patterm) လေးတွေကို မှာတာပေါ့လေ၊ အဲ့လိုဈေးကွက်လေးတွေတော့ရှိပါတယ်။”လို့ ဒေါ်လဂျွန်ဆိုင်းတောင် ကပြောပါတယ်။

ဆက်လက်၍ ဒေါ်လဂျွန်ဆိုင်းတောင် က ကချင်ရိုးရာယက်ကန်းကျောင်းကိုတ ည်ထောင်ထားရခြင်းနှင့်ပတ်သက်ပြီးတော့လည်း ယခုလိုပြောပြခဲ့ ပါသေးတယ်။ “ကျမတို့က ဒီရိုးရာယက်ကန်းသင်တန်းကျောင်းလေးကိုတည်ထောင်ခဲ့တာဟာ ရှစ်နှစ်ရှိခဲ့ပါပြီ။ဒီကျောင်းလေးကနေပဲ သင်တန်း သား၊ သင်တန်းသူ ၃၀၀ ကျော်ကိုမွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ကချင်ရိုးရာယဉ်ကျေးမှုနှင့် စာပေ အဖွဲ့ဆိုပြီးမှကျမတို့က ပရဟိတလည်း လုပ်ပါ တယ်။နောက်တစ်ချက်က ကျမတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုမပျောက်ပျက်အောင်ထိန်းသိမ်းရမယ်၊သမိုင်းကိုရေးရမယ်ဆိုပြီးမှ ဒီလိုရည်ရွယ်ချက်လေးတွေနဲ့ဖွင့်ထားတဲ့ကျောင်းပါ။

ကချင်ရိုးရာယဉ်ကျေးမှုဆိုတာက ကျမတို့ Pattern တွေအားလုံးပေါ့လေ၊ ဂျိန်းဖော့၊လချိတ်၊လော်ဝေါ်၊ဇိုင်ဝါး၊ရဝမ်၊လီဆူး စတဲ့ကျမတို့ ညီအစ်ကိုတွေ အားလုံးက ဒီဝတ်စုံကိုပဲဝတ်ဆင်ကြပါတယ်။ဒါကြောင့်ကျမတို့က ရိုးရာကိုထိန်းသိမ်းတဲ့သဘောအနေနဲ့ ဒီရိုးရာယက်ကန်း လုပ်ငန်း ကိုတော့အများဆုံးလုပ်ကိုင်ကြပါတယ်။”လို့ ဒေါ်လဂျွန်ဆိုင်းတောင် က ဆက်လက်ပြောပြခဲ့ပါတယ်။

လက်ရှိမှာတော့ မြစ်ကြီးနားမြို့ပေါ်တွင် ကချင်ရိုးရာယက်ကန်းထည်တွေကိုလုပ်ကိုင်ကြတဲ့ လုပ်ငန်းတွေ အများအပြားရှိနေပြီး ထွက်ရှိလာတဲ့ ကချင်ရိုးရာယက်ကန်းထည်တွေကိုတော့ မြန်မာနိုင်ငံပြည်မကြီးအပါအဝင် အခြားမြို့ကြီးများသို့လည်းတင်ပို့ရောင်းချလျက်ရှိတယ်လို့ ဆိုပါတယ်။ဒါ့အပြင် ဈေးနူန်းတွေအနေနဲ့လည်း Pattern အမျိုးအစား ပေါ်လိုက်၍ သောင်းဂဏန်းမှသိန်းဂဏန်း အထိရှိတယ်လို့လည်း သိရပါတယ်။

ပြေသိမ်း
ရန်ကုန်၊နိုဝင်ဘာ ၂၂

(  Zawgyi  )

 ကခ်င္တိုင္းရင္းသားေတြရဲ႕ မိ႐ိုးဖလာ႐ိုးရာလုပ္ငန္းတစ္ခုျဖစ္တဲ့ ကခ်င္႐ိုးရာဂ်ပ္ခုတ္၊ ယက္ကန္းထည္ေဈးကြက္ဟာ ျပည္တြင္းမွာ သာမကႏိုင္ငံတကာေဈးကြက္အထိတင္ပို႔ေရာင္း ခ်ေနရေသာေၾကာင့္ ေဒသခံမ်ားအတြက္ဝင္ေငြမ်ားစြာရရွိသလို ေဒသခံမ်ား၏စားဝတ္ေနေရး အတြက္လည္းမ်ားစြာအေထာက္အကူျပဳသည့္ေဈးကြက္ အေနအထားတစ္ခုကိုရရွိေနၿပီျဖစ္တယ္လို႔ ကခ်င္႐ိုးရာယက္ကန္းေက်ာင္းကို တည္ေထာင္ထားသူျဖစ္သည့္ ကခ်င္႐ိုးရာယဥ္ေက်းမႈႏွင့္စာေပအဖြဲ႕ ဥကၠဌ ေဒၚလဂြၽန္ဆိုင္းေတာင္ ကေျပာပါတယ္။

“ကခ်င္႐ိုးရာပစၥည္းေတြ အဝတ္အထည္ေတြကတအားေရာင္းရပါတယ္။က်မတို႔ အခုဒါက (Handmade) ဆိုေတာ့ေလျပည္တြင္းမွာကို မေလာက္ဘူး။က်မတို႔ (Handmade)ဆိုတာက ဥပမာေျပာရရင္ ထမင္းကိုဘယ္ကရလဲဆိုရင္ အိုးကရတယ္ဆိုတာပဲသိတာတယ္ အဲ့ေတာ့ ဒီလုံခ်ည္ေတြ ဒီထမိန္ေတြဘယ္လိုျဖစ္ေပၚလာလဲ၊ပိုးဇာကိုစိမ္ၿပီးမွပိုးေမြးတယ္၊ပိုးခ်ည္ထုတ္တယ္။အဲ့ကေနမွ အဆင့္ဆင့္ေဆးဆိုးၿပီးမွ ဒီဟာကို ထမိန္တစ္ထည္၊ပုဆိုးတစ္ထည္ ေခါင္းေပါင္းတစ္ထည္ျဖစ္လာေအာင္ ဘယ္လိုလုပ္တယ္ဆိုတာ အခုေခတ္ကေလးေတြက ဘယ္သူမွမသိေတာ့ ပါဘူး။က်မကေတာ့ ဒါကို အကုန္လုံးဘယ္လိုျဖစ္ေပၚလာလဲဆိုတာကိုေပါ့ က်မတို႔သင္တန္းေက်ာင္းမွာလည္းသင္ၾကားပို႔ခ်ေပးပါတယ္။

အဲ့ဒီေနာက္မွာအကုန္လုံး ဒီပညာေတြကိုသိလာ၊တတ္လာၿပီဆိုေတာ့ ဆက္ၿပီးေတာ့ လက္ယက္ကန္းနဲ႔ပဲျဖစ္ျဖစ္ စက္ယက္ကန္းနဲ႔ပဲျဖစ္ျဖစ္ ဘယ္လိုပဲျဖစ္ျဖစ္ေဒသခံေတြတြက္ကေတာ့စားဝတ္ေနရးတစ္ခုအတြက္ဝင္ေငြလည္းတစ္ခုရရွိတာေပ့ါေလ။အခုက်မတို႔႐ိုးရာယက္ကန္းထည္ေဈးကြက္ကိုေျပာရရင္ အဓိကျဖန႔္ခ်ိတာကေတာ့ ရန္ကုန္နဲ႔မႏၲေလးေပါ့ေလ။ ေနာက္ႏိုင္ငံတကာ ကိုလည္းပို႔ပါတယ္။ႏိုင္ငံတကာေဈးကြက္ ကို ပို႔တယ္ဆိုတာက ဟိုဘက္ကေနေအာ္ဒါလွမ္းမွာ သေလာက္က်မတို႔ပို႔ေပး ပါတယ္။

ဒါေပမယ့္က်မတို႔႐ိုးရာထည္ေတြက(Handmade)ဆိုေတာ့သိပ္ၿပီးေတာ့မပို႔ႏိုင္ေသးပါဘူး။ေရာင္းတာကေတာ့ေရာင္းရပါတယ္။လက္ေတာ့မလည္ဘူးေပါ့၊ဝင္ေငြကလည္းေကာင္းပါတယ္။ျပည္ပကိုပို႔တယ္ဆိုတာက ဥပမာေျပာရရင္ အေမရိကပဲျဖစ္ျဖစ္ စင္ကာပူပဲျဖစ္ျဖစ္ ဟိုမွာမေနာပြဲ ရွိတယ္၊ ခရစ္စၥမတ္ပြဲေတြရွိတယ္ဆိုရင္ သူတို႔လိုခ်င္တဲ့(Patterm) ေလးေတြကို မွာတာေပါ့ေလ၊ အဲ့လိုေဈးကြက္ေလးေတြေတာ့ရွိပါတယ္။”လို႔ ေဒၚလဂြၽန္ဆိုင္းေတာင္ ကေျပာပါတယ္။

ဆက္လက္၍ ေဒၚလဂြၽန္ဆိုင္းေတာင္ က ကခ်င္႐ိုးရာယက္ကန္းေက်ာင္းကိုတ ည္ေထာင္ထားရျခင္းႏွင့္ပတ္သက္ၿပီးေတာ့လည္း ယခုလိုေျပာျပခဲ့ ပါေသးတယ္။ “က်မတို႔က ဒီ႐ိုးရာယက္ကန္းသင္တန္းေက်ာင္းေလးကိုတည္ေထာင္ခဲ့တာဟာ ရွစ္ႏွစ္ရွိခဲ့ပါၿပီ။ဒီေက်ာင္းေလးကေနပဲ သင္တန္း သား၊ သင္တန္းသူ ၃၀၀ ေက်ာ္ကိုေမြးထုတ္ေပးႏိုင္ခဲ့ပါတယ္။ ကခ်င္႐ိုးရာယဥ္ေက်းမႈႏွင့္ စာေပ အဖြဲ႕ဆိုၿပီးမွက်မတို႔က ပရဟိတလည္း လုပ္ပါ တယ္။ေနာက္တစ္ခ်က္က က်မတို႔ရဲ႕ ႐ိုးရာယဥ္ေက်းမႈ အေမြအႏွစ္ကိုမေပ်ာက္ပ်က္ေအာင္ထိန္းသိမ္းရမယ္၊သမိုင္းကိုေရးရမယ္ဆိုၿပီးမွ ဒီလိုရည္႐ြယ္ခ်က္ေလးေတြနဲ႔ဖြင့္ထားတဲ့ေက်ာင္းပါ။

ကခ်င္႐ိုးရာယဥ္ေက်းမႈဆိုတာက က်မတို႔ Pattern ေတြအားလုံးေပါ့ေလ၊ ဂ်ိန္းေဖာ့၊လခ်ိတ္၊ေလာ္ေဝၚ၊ဇိုင္ဝါး၊ရဝမ္၊လီဆူး စတဲ့က်မတို႔ ညီအစ္ကိုေတြ အားလုံးက ဒီဝတ္စုံကိုပဲဝတ္ဆင္ၾကပါတယ္။ဒါေၾကာင့္က်မတို႔က ႐ိုးရာကိုထိန္းသိမ္းတဲ့သေဘာအေနနဲ႔ ဒီ႐ိုးရာယက္ကန္း လုပ္ငန္း ကိုေတာ့အမ်ားဆုံးလုပ္ကိုင္ၾကပါတယ္။”လို႔ ေဒၚလဂြၽန္ဆိုင္းေတာင္ က ဆက္လက္ေျပာျပခဲ့ပါတယ္။

လက္ရွိမွာေတာ့ ျမစ္ႀကီးနားၿမိဳ႕ေပၚတြင္ ကခ်င္႐ိုးရာယက္ကန္းထည္ေတြကိုလုပ္ကိုင္ၾကတဲ့ လုပ္ငန္းေတြ အမ်ားအျပားရွိေနၿပီး ထြက္ရွိလာတဲ့ ကခ်င္႐ိုးရာယက္ကန္းထည္ေတြကိုေတာ့ ျမန္မာႏိုင္ငံျပည္မႀကီးအပါအဝင္ အျခားၿမိဳ႕ႀကီးမ်ားသို႔လည္းတင္ပို႔ေရာင္းခ်လ်က္ရွိတယ္လို႔ ဆိုပါတယ္။ဒါ့အျပင္ ေဈးႏူန္းေတြအေနနဲ႔လည္း Pattern အမ်ိဳးအစား ေပၚလိုက္၍ ေသာင္းဂဏန္းမွသိန္းဂဏန္း အထိရွိတယ္လို႔လည္း သိရပါတယ္။

ေျပသိမ္း
ရန္ကုန္၊ႏိုဝင္ဘာ ၂၂