ကြည့်မြင်တိုင် စံပြငါးဈေး ငါးတောင်းဌာနခွဲတွင် ပြန်လည်အလုပ်လုပ်ခွင့်ရရန် အထုတ်ခံရသူများ တောင်းဆို

ကြည့်မြင်တိုင် စံပြငါးဈေး ငါးတောင်းဌာနခွဲတွင် ပြန်လည်အလုပ်လုပ်ခွင့်ရရန် အထုတ်ခံရသူများ တောင်းဆို

ကြည့်မြင်တိုင် စံပြငါးဈေး ငါးတောင်းဌာနခွဲတွင် ပြန်လည်အလုပ်လုပ်ခွင့်ရရန် အလုပ်ထုတ်ပယ်ခံထားရသူများက ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းနှင့် ဗိုလ်အောင်ကျော်လမ်းထောင့်ရှိ Myanmar Press Center မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး တောင်းဆိုခဲ့ပါတယ်။

အလုပ်ထုတ်ပယ်ခံထားရသူ ဦးဇော်မင်း က “ကျွန်တော်တို့ကတော့ ကျွန်တော်တို့မှာ အပြစ်မရှိတဲ့အတွက် ကျွန်တော်တို့ဌာနမှာဘဲ ပြန်ပြီးလုပ်ချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဆိုရင် ဒီဌာနမှာလုပ်လာတာ လုပ်သက် ၁၇ နှစ်ရှိပါပြီ။လုပ်ငန်းခွင်နဲ့ ပတ်သက်လို့ လုပ်ရတဲ့အပေါ်မှာလည်း နားလည်မှုတို့ လုပ်သားအချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုပေးတာတို့ နားလည်မှုနဲ့ပေးရတာတွေ ဒါမျိုးတွေလည်းရှိတယ်။လုပ်ငန်းခွင် အကျွမ်းတဝင်ရှိပါတယ်။ကျန်တဲ့ဌာနဆိုရင် မလုပ်တတ်ဘူး။လုပ်ငန်းခွင်ကိုလည်း နားမလည်ဘူး။ဒါကြောင့်လဲ ကျွန်တော်တို့ တခြားဌာနမှာလည်း မလုပ်ချင်ဘူး။ကျွန်တော်တို့မှာလည်း အပြစ်မရှိတဲ့အတွက် သူများဌာနတွေလည်း ကျွန်တော်တို့ မသွားနိုင်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

အလုပ်ထုတ်ပယ်ခံရသူ တစ်ဦးဖြစ်သည့် ဦးကျော်သန်း က ကြည့်မြင်တိုင် စံပြငါးဈေး ငါးတောင်းဌာနခွဲတွင် အလုပ်သမားအသစ်များ ခန့်ထားရန် စီစဉ်ဆောင်ရွက်မှုကြောင့် လက်ရှိလုပ်ကိုင်နေသည့် အလုပ်သမားများက ကန့်ကွက်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အကြိမ်ကြိမ်ညှိနှိုင်း ဆောင်ရွက်ခဲ့သော်လည်း ဖြေရှင်းပေးခြင်း မရှိသည့်အတွက် ၂၀၁၉ ခုနှစ် ဧပြီလ ၁ ရက် နေ့တွင် ဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ဆန္ဒထုတ်ဖော်မှုကြောင့် အလုပ်သမား ဦးဇော်မင်း ပါ (၆) ဦးအား အလုပ်မှ ထုတ်ပယ်ခံခဲ့ရသည့်အတွက် အလုပ်ပြန်လည်ခန့်အပ်ပေးရန် ရန်ကုန်တိုင်းဝန်ကြီးချုပ်ထံသို့ သွားရောက်တောင်းဆိုခဲ့ပါတယ်။ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုး က ကွင်းဆင်းစစ်ဆေးခဲ့ပြီး တိုင်းအစိုးရအဖွဲ့မှ အလုပ်သမားများကို အလုပ်ပြန်လည်ခန့်အပ်ရန် ညွှန်ကြားချက် ထုတ်ပြန်ခဲ့တယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းဒေသကြီး ကုန်တင်ကုန်ချ ကော်မတီရုံးမှ အလုပ်ထုတ်ခံရသူ (၆) ဦးကို မူလလုပ်ကိုင်ခဲ့သည့် ငါးတောင်းဌာနခွဲတွင် ပြန်လည်အလုပ်ခန့်အပ်ခြင်း မပြုလုပ်ဘဲ အခြားသောဌာနခွဲတွင် လုပ်ကိုင်လိုပါက လျှောက်ထားရန် ဇူလိုင်လ ၂၆ ရက်နေ့တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ထိုသို့ ညွှန်ကြားချက်ထုတ်ခြင်းကို လက်ခံနိုင်ခြင်းမရှိဘဲ မူလ ငါးတောင်းဌာနတွင်သာ အလုပ်ပြန်လည်ခန့်အပ်ပေးရန် တောင်းဆိုခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ဖြေရှင်းဆောင်ရွက်ပေးခြင်းမရှိက ဆန္ဒထုတ်ဖော်မှုများ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဦးကျော်သန်း က ဆက်လက်ပြောကြားခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
ရန်ကုန်၊ သြဂုတ် - ၁၄

( Zawgyi )

ၾကည့္ျမင္တိုင္ စံျပငါးေဈး ငါးေတာင္းဌာနခြဲတြင္ ျပန္လည္အလုပ္လုပ္ခြင့္ရရန္ အလုပ္ထုတ္ပယ္ခံထားရသူမ်ားက ရန္ကုန္ၿမိဳ႕၊ မဟာဗႏၶဳလလမ္းႏွင့္ ဗိုလ္ေအာင္ေက်ာ္လမ္းေထာင့္ရွိ Myanmar Press Center မွာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ၿပီး ေတာင္းဆိုခဲ့ပါတယ္။

အလုပ္ထုတ္ပယ္ခံထားရသူ ဦးေဇာ္မင္း က “ကြၽန္ေတာ္တို႔ကေတာ့ ကြၽန္ေတာ္တို႔မွာ အျပစ္မရွိတဲ့အတြက္ ကြၽန္ေတာ္တို႔ဌာနမွာဘဲ ျပန္ၿပီးလုပ္ခ်င္ပါတယ္။ဘာျဖစ္လို႔လဲဆိုေတာ့ ကြၽန္ေတာ္ဆိုရင္ ဒီဌာနမွာလုပ္လာတာ လုပ္သက္ ၁၇ ႏွစ္ရွိပါၿပီ။လုပ္ငန္းခြင္နဲ႔ ပတ္သက္လို႔ လုပ္ရတဲ့အေပၚမွာလည္း နားလည္မႈတို႔ လုပ္သားအခ်င္းခ်င္း တစ္ေယာက္နဲ႔ တစ္ေယာက္ နားလည္မႈေပးတာတို႔ နားလည္မႈနဲ႔ေပးရတာေတြ ဒါမ်ိဳးေတြလည္းရွိတယ္။လုပ္ငန္းခြင္ အကြၽမ္းတဝင္ရွိပါတယ္။က်န္တဲ့ဌာနဆိုရင္ မလုပ္တတ္ဘူး။လုပ္ငန္းခြင္ကိုလည္း နားမလည္ဘူး။ဒါေၾကာင့္လဲ ကြၽန္ေတာ္တို႔ တျခားဌာနမွာလည္း မလုပ္ခ်င္ဘူး။ကြၽန္ေတာ္တို႔မွာလည္း အျပစ္မရွိတဲ့အတြက္ သူမ်ားဌာနေတြလည္း ကြၽန္ေတာ္တို႔ မသြားႏိုင္ပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

အလုပ္ထုတ္ပယ္ခံရသူ တစ္ဦးျဖစ္သည့္ ဦးေက်ာ္သန္း က ၾကည့္ျမင္တိုင္ စံျပငါးေဈး ငါးေတာင္းဌာနခြဲတြင္ အလုပ္သမားအသစ္မ်ား ခန႔္ထားရန္ စီစဥ္ေဆာင္႐ြက္မႈေၾကာင့္ လက္ရွိလုပ္ကိုင္ေနသည့္ အလုပ္သမားမ်ားက ကန႔္ကြက္ၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ားႏွင့္ အႀကိမ္ႀကိမ္ညႇိႏႈိင္း ေဆာင္႐ြက္ခဲ့ေသာ္လည္း ေျဖရွင္းေပးျခင္း မရွိသည့္အတြက္ ၂၀၁၉ ခုႏွစ္ ဧၿပီလ ၁ ရက္ ေန႔တြင္ ဆႏၵထုတ္ေဖာ္ပြဲ ျပဳလုပ္ခဲ့တယ္လို႔ ဆိုပါတယ္။ဆႏၵထုတ္ေဖာ္မႈေၾကာင့္ အလုပ္သမား ဦးေဇာ္မင္း ပါ (၆) ဦးအား အလုပ္မွ ထုတ္ပယ္ခံခဲ့ရသည့္အတြက္ အလုပ္ျပန္လည္ခန႔္အပ္ေပးရန္ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ထံသို႔ သြားေရာက္ေတာင္းဆိုခဲ့ပါတယ္။ရန္ကုန္တိုင္းေဒသႀကီး ကရင္တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေနာ္ပန္းသၪၨာမ်ိဳး က ကြင္းဆင္းစစ္ေဆးခဲ့ၿပီး တိုင္းအစိုးရအဖြဲ႕မွ အလုပ္သမားမ်ားကို အလုပ္ျပန္လည္ခန႔္အပ္ရန္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့တယ္လို႔ ဆိုပါတယ္။ရန္ကုန္တိုင္းေဒသႀကီး ကုန္တင္ကုန္ခ် ေကာ္မတီ႐ုံးမွ အလုပ္ထုတ္ခံရသူ (၆) ဦးကို မူလလုပ္ကိုင္ခဲ့သည့္ ငါးေတာင္းဌာနခြဲတြင္ ျပန္လည္အလုပ္ခန႔္အပ္ျခင္း မျပဳလုပ္ဘဲ အျခားေသာဌာနခြဲတြင္ လုပ္ကိုင္လိုပါက ေလွ်ာက္ထားရန္ ဇူလိုင္လ ၂၆ ရက္ေန႔တြင္ ၫႊန္ၾကားခ်က္ ထုတ္ျပန္ခဲ့ပါတယ္။ထိုသို႔ ၫႊန္ၾကားခ်က္ထုတ္ျခင္းကို လက္ခံႏိုင္ျခင္းမရွိဘဲ မူလ ငါးေတာင္းဌာနတြင္သာ အလုပ္ျပန္လည္ခန႔္အပ္ေပးရန္ ေတာင္းဆိုခဲ့ၿပီး သက္ဆိုင္ရာ တာဝန္ရွိသူမ်ား ေျဖရွင္းေဆာင္႐ြက္ေပးျခင္းမရွိက ဆႏၵထုတ္ေဖာ္မႈမ်ား ဆက္လက္လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ဦးေက်ာ္သန္း က ဆက္လက္ေျပာၾကားခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ရန္ကုန္၊ ၾသဂုတ္ - ၁၄