စက်ရိုက်သပိတ်များခေတ်စားလာသော်လည်း ရိုးရာသပိတ်လုပ်ငန်းတိမ်ကောမည်အခြေအနေ မရှိဟုဆို

စက်ရိုက်သပိတ်များခေတ်စားလာသော်လည်း ရိုးရာသပိတ်လုပ်ငန်းတိမ်ကောမည်အခြေအနေ မရှိဟုဆို

သပိတ်ထုတ်လုပ်တဲ့နေရာမှာ ရိုးရာလက်မှုသပိတ်လုပ်ငန်းတွေအစား စက်ရိုက်သပိတ်လုပ်ငန်းတွေနဲ့ ပြောင်းလဲလုပ်ကိုင် လာကြပေ မယ့်လည်း ရိုးရာ လက်မှုသပိတ်လုပ်ငန်းတွေ တိမ်ကောပျောက်ကွယ်သွားတာမျိုးတော့မရှိသေးဘူးလို့ အင်းဝမြို့က သပိတ် လုပ်ငန်း လုပ်ကိုင်ကြသူတွေကဆိုပါတယ်။

သပိတ်လုပ်တာက အခုဆိုရင် ရှေးခေတ်နည်းနဲ့ခေတ်ပေါ်နည်းဆိုပြီး နှစ်မျိုးနှစ်စားရှိနေတာပေါ့နော်၊ ရှေးနည်းဆိုတာက ရိုးရာလက်မှု သပိတ်လုပ်ငန်းကို ဆိုတာပါ၊ သူကသစ်စေးနဲ့လုပ်ရတာ အချိန်ပေးရတယ် ဈေးနှုန်းလည်းမြင့်တယ် ဒါပေမယ့်လည်း ရေရှည် အထား ခံတော့ သံဃာတော်တွေနှစ်သက်ကြ တယ်၊ ရိုးရာလက်မှုသပိတ်လုပ်ငန်းတွေ လုံးဝပျောက်မသွားသေးပါဘူး လို့ အင်းဝနေပြည်တော် သပိတ်လုပ်ငန်း မှဒေါ်ခင်ပြုံးကြည်ကပြောပါတယ်။

သပိတ်ပြုလုပ်တဲ့နေရာမှာ ရှေးခေတ်နည်းနဲ့ခေတ်ပေါ်နည်းဆိုပြီး နှစ်မျိုးနှစ်စားခွဲခြားလုပ်ကြတာဖြစ်ပြီး ရှေးနည်းအတိုင်းပြုလုပ်ပါက သစ်စေးသားနဲ့ပြု လုပ်ရ အချိန်ပေးရသလိုဈေးနှုန်းလည်းမြင့်မားကြောင်း ဒါပေမယ့်လည်း ရေရှည်အထားခံတာကြောင့် ရဟန်းတော် တွေနှစ်ခြိုက်စွာနဲ့ မှာယူ သုံးစွဲနေသေးကြောင်းလည်း အင်းဝဒေသက သပိတ်လုပ်ငန်းလုပ်ကိုင်ကြသူတွေကဆိုပါတယ်။

သပိတ်လုပ်ငန်းတွေကို လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်ကစလို့ ရိုးရာလက်မှုပညာရပ်တစ်ခုအဖြစ်လုပ်ကိုင်ခဲ့ကြတာကနေ ခေတ်ပေါ် နည်း (စက်ရိုက်သ ပိတ်လုပ်ငန်း) တွေနဲ့အစားထိုးလုပ်ကိုင်လာကြတာလို့သိရပါတယ်။ ခေတ်ပေါ်နည်း ကျတော့ နုံးနဲ့ကော်ကို အသုံးပြုပြီး လုပ်တာပါ အရည်အသွေးပိုင်းအားနည်းချက်တစ်ချို့ရှိပေမယ့်လည်း သူကရောင်းတန်းအဆင့်ပေါ့၊ ဈေးနှုန်းချိုသာတယ် အများစု ဈေးကွက်ထဲဖြန့်နေတာက ဒီသပိတ်တွေပါ လို့ စက်ရိုက်သပိတ်လုပ်ငန်းလုပ်တဲ့ကိုမောင်ဖြူကပြောပါတယ်။

ရိုးရာလက်မှုသပိတ်နဲ့ စက်ရိုက်သပိတ်ထုတ်လုပ်ရာမှာ သပိတ်တစ်လုံးဖြစ်ပေါ်လာဖို့ ရိုးရာလက်မှုသပိတ်က တစ်လလောက်အချိန်ပေး ရပြီး စက်ရိုက်သ ပိတ်တစ်လုံးဖြစ်လာဖို့အတွက်ကတော့ တစ်ပတ်လောက်သာအချိန်ပေးရတာကြောင့်လည်း ဈေးကွက်လိုအပ်ချက်အရ စက်ရိုက်သပိတ်လုပ်ငန်းတွေ တွင်ကျယ်လာခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မြန်မာနိုင်ငံမှာ သပိတ်လုပ်ငန်းကို မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် အင်းဝဒေသ ဈေးချိုရပ်မှာ အများဆုံး တွင် ကျယ်စွာ ထုတ်လုပ်နေတာဖြစ်ပြီး မြို့ကြီးအသီးသိးကိုလည်း ပုံမှန်ဖြန့်ဝေနေတာဖြစ်ပါတယ်။ စက်ရိုက် သပိတ်တစ်လုံး ရဲ့လက်ရှိပေါက် ဈေးက မြန်မာငွေကျပ်လေးထောင်နဲ့ငါးထောင်ကြားရှိပြီး ရိုးရာသပိတ်တစ်လုံးရဲ့တန်ဖိုးကတော့ တစ်သောင်း နှစ်ထောင်ကျပ်နဲ့အထက်ရှိတယ်လို့သိရပါတယ်။

KT                                                                            
မန္တလေး ၊ ဇန်နဝါရီ ၁၆ 

( Zawgyi )

 သပိတ္ထုတ္လုပ္တဲ့ေနရာမွာ ႐ိုးရာလက္မႈသပိတ္လုပ္ငန္းေတြအစား စက္႐ိုက္သပိတ္လုပ္ငန္းေတြနဲ႔ ေျပာင္းလဲလုပ္ကိုင္ လာၾကေပ မယ့္လည္း ႐ိုးရာ လက္မႈသပိတ္လုပ္ငန္းေတြ တိမ္ေကာေပ်ာက္ကြယ္သြားတာမ်ိဳးေတာ့မရွိေသးဘူးလို႔ အင္းဝၿမိဳ႕က သပိတ္ လုပ္ငန္း လုပ္ကိုင္ၾကသူေတြကဆိုပါတယ္။

သပိတ္လုပ္တာက အခုဆိုရင္ ေရွးေခတ္နည္းနဲ႔ေခတ္ေပၚနည္းဆိုၿပီး ႏွစ္မ်ိဳးႏွစ္စားရွိေနတာေပါ့ေနာ္၊ ေရွးနည္းဆိုတာက ႐ိုးရာလက္မႈ သပိတ္လုပ္ငန္းကို ဆိုတာပါ၊ သူကသစ္ေစးနဲ႔လုပ္ရတာ အခ်ိန္ေပးရတယ္ ေဈးႏႈန္းလည္းျမင့္တယ္ ဒါေပမယ့္လည္း ေရရွည္ အထား ခံေတာ့ သံဃာေတာ္ေတြႏွစ္သက္ၾက တယ္၊ ႐ိုးရာလက္မႈသပိတ္လုပ္ငန္းေတြ လုံးဝေပ်ာက္မသြားေသးပါဘူး လို႔ အင္းဝေနျပည္ေတာ္ သပိတ္လုပ္ငန္း မွေဒၚခင္ၿပဳံးၾကည္ကေျပာပါတယ္။

သပိတ္ျပဳလုပ္တဲ့ေနရာမွာ ေရွးေခတ္နည္းနဲ႔ေခတ္ေပၚနည္းဆိုၿပီး ႏွစ္မ်ိဳးႏွစ္စားခြဲျခားလုပ္ၾကတာျဖစ္ၿပီး ေရွးနည္းအတိုင္းျပဳလုပ္ပါက သစ္ေစးသားနဲ႔ျပဳ လုပ္ရ အခ်ိန္ေပးရသလိုေဈးႏႈန္းလည္းျမင့္မားေၾကာင္း ဒါေပမယ့္လည္း ေရရွည္အထားခံတာေၾကာင့္ ရဟန္းေတာ္ ေတြႏွစ္ၿခိဳက္စြာနဲ႔ မွာယူ သုံးစြဲေနေသးေၾကာင္းလည္း အင္းဝေဒသက သပိတ္လုပ္ငန္းလုပ္ကိုင္ၾကသူေတြကဆိုပါတယ္။

သပိတ္လုပ္ငန္းေတြကို လြန္ခဲ့တဲ့ႏွစ္အနည္းငယ္ေလာက္ကစလို႔ ႐ိုးရာလက္မႈပညာရပ္တစ္ခုအျဖစ္လုပ္ကိုင္ခဲ့ၾကတာကေန ေခတ္ေပၚ နည္း (စက္႐ိုက္သ ပိတ္လုပ္ငန္း) ေတြနဲ႔အစားထိုးလုပ္ကိုင္လာၾကတာလို႔သိရပါတယ္။ ေခတ္ေပၚနည္း က်ေတာ့ ႏုံးနဲ႔ေကာ္ကို အသုံးျပဳၿပီး လုပ္တာပါ အရည္အေသြးပိုင္းအားနည္းခ်က္တစ္ခ်ိဳ႕ရွိေပမယ့္လည္း သူကေရာင္းတန္းအဆင့္ေပါ့၊ ေဈးႏႈန္းခ်ိဳသာတယ္ အမ်ားစု ေဈးကြက္ထဲျဖန႔္ေနတာက ဒီသပိတ္ေတြပါ လို႔ စက္႐ိုက္သပိတ္လုပ္ငန္းလုပ္တဲ့ကိုေမာင္ျဖဴကေျပာပါတယ္။

႐ိုးရာလက္မႈသပိတ္နဲ႔ စက္႐ိုက္သပိတ္ထုတ္လုပ္ရာမွာ သပိတ္တစ္လုံးျဖစ္ေပၚလာဖို႔ ႐ိုးရာလက္မႈသပိတ္က တစ္လေလာက္အခ်ိန္ေပး ရၿပီး စက္႐ိုက္သ ပိတ္တစ္လုံးျဖစ္လာဖို႔အတြက္ကေတာ့ တစ္ပတ္ေလာက္သာအခ်ိန္ေပးရတာေၾကာင့္လည္း ေဈးကြက္လိုအပ္ခ်က္အရ စက္႐ိုက္သပိတ္လုပ္ငန္းေတြ တြင္က်ယ္လာခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

ျမန္မာႏိုင္ငံမွာ သပိတ္လုပ္ငန္းကို မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ဆည္ခ႐ိုင္ တံတားဦးၿမိဳ႕နယ္ အင္းဝေဒသ ေဈးခ်ိဳရပ္မွာ အမ်ားဆုံး တြင္ က်ယ္စြာ ထုတ္လုပ္ေနတာျဖစ္ၿပီး ၿမိဳ႕ႀကီးအသီးသိးကိုလည္း ပုံမွန္ျဖန႔္ေဝေနတာျဖစ္ပါတယ္။ စက္႐ိုက္ သပိတ္တစ္လုံး ရဲ႕လက္ရွိေပါက္ ေဈးက ျမန္မာေငြက်ပ္ေလးေထာင္နဲ႔ငါးေထာင္ၾကားရွိၿပီး ႐ိုးရာသပိတ္တစ္လုံးရဲ႕တန္ဖိုးကေတာ့ တစ္ေသာင္း ႏွစ္ေထာင္က်ပ္နဲ႔အထက္ရွိတယ္လို႔သိရပါတယ္။

KT                                                                            
မႏၲေလး ၊ ဇန္နဝါရီ ၁၆