ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူသောက်သုံးနေခြင်းကြောင့် ဆေးယဉ်ပါးမှုဖြစ်ပွားနေ၊ ဆေးမတိုးရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်လာနိုင်

ဆရာဝန်ညွှန်ကြားချက်မပါဘဲ အလွယ်တကူဝယ်ယူသောက်သုံးနေခြင်းကြောင့် ဆေးယဉ်ပါးမှုဖြစ်ပွားနေ၊ ဆေးမတိုးရောဂါကြောင့် သေဆုံးမှုနှုန်းမြင့်လာနိုင်

ပဋိဇီဝဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲ ဆေးဆိုင်တွေကနေအလွယ် တကူဝယ်ယူ သောက်သုံးနေခြင်းတို့ကြောင့် မြန်မာနိုင်ငံမှာ ပဋိဇီဝဆေး ယဉ်ပါးမှုဖြစ်ပွားနေရတယ်လို့ မန္တလေးမြို့မှာ နိုဝင်ဘာ ၁၈ ရက်က ပြုလုပ်တဲ့ ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားမှာ အမျိုး သားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ ဒုတိယညွှန်ကြားရေးမှူး(ဓာတ်ခွဲ)ပါမောက္ခဒေါက်တာ ဌေးဌေးတင် ကပြောပါတယ်။

“ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာက ဘက်တီးရီးယားပိုးတွေဟာ အရင်ကပျောက်ကင်းနေတဲ့ ပဋိဇီဝဆေး တွေအပေါ် ခံနိုင်ရည်ပိုရှိလာပြီး ဆေးမတိုးတော့ဘဲ ရောဂါပျောက်ကင်းမှုမရှိတော့ဘဲ ဆေးယဉ်ပါးလာတာ ကို ပြောတာပါ၊ အကြောင်းရင်းက ပဋိဇီဝဆေးတွေကို ဆရာဝန်ညွှန်ကြားချက်မပါဘဲသောက်သုံး တာ၊ ဆေးဆိုင် တွေကနေအလွယ်တကူဝယ်ယူနိုင်တာတွေကြောင့်ပါ လို့ ၎င်းကဆိုပါတယ်။

ဒါကြောင့်မို့လို့ ပဋိဇီဝဆေး ယဉ်ပါးမှုဆိုင်ရာအသိပညာပေးအစီအစဉ်တွေကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပြီး ဒီလိုဆောင်ရွက်တဲ့နေရာမှာ မီဒီယာနဲ့ကျန်းမာ ရေးဝန်ထမ်းတွေပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်တယ်လို့သိရပါတယ်။ နောက်တစ်ခုက စိုက်ပျိုးရေးမွေးမြူရေးလုပ်ငန်းတွေမှာ အလွန်အကျွံသုံးစွဲတာတွေနဲ့ ပြည်သူလူထုအတွင်း အသိပညာ ပေးအားနည်းတာတွေကြောင့် လည်း ပဋိဇီဝဆေးယဉ်ပါးမှုတွေဖြစ်ပွားနေပါတယ်” လို့လည်း ၎င်းကပြောပါတယ်။

ပဋိဇိဝဆေးဆိုင်ရာ အသိပညာပေးလှုံ့ဆော်မှုတွေဆောင်ရွက်တဲ့နေရာမှာ အသိပညာပေးပိုစတာများ၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သတင်းစာ ဂျာနယ် ရေဒီယို ရုပ်သံအစီအစဉ်တွေနဲ့ အွန်လိုင်း စာမျက် နှာ တွေမှာပါ ပဋိဇီဝဆေးဆိုင်ရာ အသိပညာပေး ကဏ္ဍတွေ ထည့်သွင်း သွား ရမှာဖြစ်တယ်လို့ အမျိုးသားအဆင့်ဆေး ယဉ်ပါးမှုတိုက်ဖျက်ရေးစီမံကိန်းအစီအစဉ်ကဖော်ပြထားပါတယ်။

အခုအခါမှာ တစ်ကမ္ဘာလုံးမှာ ပဋိဇီဝဆေးမတိုးတဲ့ရောဂါပိုးကြောင့် သေဆုံးမှုနှုန်းက ၂၀၁၆ ခုနှစ်တုန်းက ၇ သိန်းရှိခဲ့ပြီး ၂၀၅၀ ပြည့်နှစ်မှာ သိန်း ၁၀၀ အထိမြင့်တက်လာနိုင်တယ်လို့လည်း ပညာရှင်တွေက သုံးသပ်ထား ပါတယ်။ မြန်မာနိုင်ငံမှာ အမျိုးသားအဆင့်ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး စီမံကိန်း(၂၀၁၇-၂၀၂၂) ကို ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ရဲ့နည်းပညာပိုင်း ပံ့ပိုးကူညီမှုနဲ့ရေးဆွဲ ခဲ့ပြီး National Action Plan for Containment of Antimicrobial Resistance Version 01 ကို ၂၀၁၇ ခုနှစ် ဇူလိုင်လကအတည်ပြုနိုင်ခဲ့တယ်လို့သိရ ပါတယ်။

၂၀၁၉ ခုနှစ် ကမ္ဘာ့ပဋိဇီဝဆေးဆိုင်ရာ အသိပေးရက်သတ္တပတ်ကို နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၄ ရက်နေ့အထိသတ်မှတ်ထားပြီး မြန်မာနိုင်ငံ မှာလည်း ပဋိဇီဝဆေးဆိုင်ရာ အသိပညာပေးအစီအစဉ် တွေလုပ် ဆောင်နေတာဖြစ်ပါတယ်။

KT
မန္တလေး၊ နိုဝင်ဘာ ၁၉

(  Zawgyi  )

 ပဋိဇီဝေဆးေတြကို ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲ ေဆးဆိုင္ေတြကေနအလြယ္ တကူဝယ္ယူ ေသာက္သုံးေနျခင္းတို႔ေၾကာင့္ ျမန္မာႏိုင္ငံမွာ ပဋိဇီဝေဆး ယဥ္ပါးမႈျဖစ္ပြားေနရတယ္လို႔ မႏၲေလးၿမိဳ႕မွာ ႏိုဝင္ဘာ ၁၈ ရက္က ျပဳလုပ္တဲ့ ကမာၻ႔ပဋိဇီဝေဆးဆိုင္ရာ အသိေပး ရက္သတၱပတ္ အထိမ္းအမွတ္အခမ္းအနားမွာ အမ်ိဳး သားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနမွ ဒုတိယၫႊန္ၾကားေရးမႉး(ဓာတ္ခြဲ)ပါေမာကၡေဒါက္တာ ေဌးေဌးတင္ ကေျပာပါတယ္။

“ပဋိဇီဝေဆးယဥ္ပါးမႈဆိုတာက ဘက္တီးရီးယားပိုးေတြဟာ အရင္ကေပ်ာက္ကင္းေနတဲ့ ပဋိဇီဝေဆး ေတြအေပၚ ခံႏိုင္ရည္ပိုရွိလာၿပီး ေဆးမတိုးေတာ့ဘဲ ေရာဂါေပ်ာက္ကင္းမႈမရွိေတာ့ဘဲ ေဆးယဥ္ပါးလာတာ ကို ေျပာတာပါ၊ အေၾကာင္းရင္းက ပဋိဇီဝေဆးေတြကို ဆရာဝန္ၫႊန္ၾကားခ်က္မပါဘဲေသာက္သုံး တာ၊ ေဆးဆိုင္ ေတြကေနအလြယ္တကူဝယ္ယူႏိုင္တာေတြေၾကာင့္ပါ လို႔ ၎ကဆိုပါတယ္။

ဒါေၾကာင့္မို႔လို႔ ပဋိဇီဝေဆး ယဥ္ပါးမႈဆိုင္ရာအသိပညာေပးအစီအစဥ္ေတြကို ႏွစ္စဥ္ေဆာင္႐ြက္လ်က္ရွိၿပီး ဒီလိုေဆာင္႐ြက္တဲ့ေနရာမွာ မီဒီယာနဲ႔က်န္းမာ ေရးဝန္ထမ္းေတြပူးေပါင္းေဆာင္႐ြက္ၾကရမွာျဖစ္တယ္လို႔သိရပါတယ္။ ေနာက္တစ္ခုက စိုက္ပ်ိဳးေရးေမြးျမဴေရးလုပ္ငန္းေတြမွာ အလြန္အကြၽံသုံးစြဲတာေတြနဲ႔ ျပည္သူလူထုအတြင္း အသိပညာ ေပးအားနည္းတာေတြေၾကာင့္ လည္း ပဋိဇီဝေဆးယဥ္ပါးမႈေတြျဖစ္ပြားေနပါတယ္” လို႔လည္း ၎ကေျပာပါတယ္။

ပဋိဇိဝေဆးဆိုင္ရာ အသိပညာေပးလႈံ႕ေဆာ္မႈေတြေဆာင္႐ြက္တဲ့ေနရာမွာ အသိပညာေပးပိုစတာမ်ား၊ လက္ကမ္းစာေစာင္မ်ားျဖန႔္ေဝျခင္း၊ သတင္းစာ ဂ်ာနယ္ ေရဒီယို ႐ုပ္သံအစီအစဥ္ေတြနဲ႔ အြန္လိုင္း စာမ်က္ ႏွာ ေတြမွာပါ ပဋိဇီဝေဆးဆိုင္ရာ အသိပညာေပး က႑ေတြ ထည့္သြင္း သြား ရမွာျဖစ္တယ္လို႔ အမ်ိဳးသားအဆင့္ေဆး ယဥ္ပါးမႈတိုက္ဖ်က္ေရးစီမံကိန္းအစီအစဥ္ကေဖာ္ျပထားပါတယ္။

အခုအခါမွာ တစ္ကမာၻလုံးမွာ ပဋိဇီဝေဆးမတိုးတဲ့ေရာဂါပိုးေၾကာင့္ ေသဆုံးမႈႏႈန္းက ၂၀၁၆ ခုႏွစ္တုန္းက ၇ သိန္းရွိခဲ့ၿပီး ၂၀၅၀ ျပည့္ႏွစ္မွာ သိန္း ၁၀၀ အထိျမင့္တက္လာႏိုင္တယ္လို႔လည္း ပညာရွင္ေတြက သုံးသပ္ထား ပါတယ္။ ျမန္မာႏိုင္ငံမွာ အမ်ိဳးသားအဆင့္ေဆးယဥ္ပါးမႈ တိုက္ဖ်က္ေရး စီမံကိန္း(၂၀၁၇-၂၀၂၂) ကို ကမာၻ႔က်န္းမာ ေရးအဖြဲ႕ရဲ႕နည္းပညာပိုင္း ပံ့ပိုးကူညီမႈနဲ႔ေရးဆြဲ ခဲ့ၿပီး National Action Plan for Containment of Antimicrobial Resistance Version 01 ကို ၂၀၁၇ ခုႏွစ္ ဇူလိုင္လကအတည္ျပဳႏိုင္ခဲ့တယ္လို႔သိရ ပါတယ္။

၂၀၁၉ ခုႏွစ္ ကမာၻ႔ပဋိဇီဝေဆးဆိုင္ရာ အသိေပးရက္သတၱပတ္ကို ႏိုဝင္ဘာလ ၁၈ ရက္ေန႔ကေန ၂၄ ရက္ေန႔အထိသတ္မွတ္ထားၿပီး ျမန္မာႏိုင္ငံ မွာလည္း ပဋိဇီဝေဆးဆိုင္ရာ အသိပညာေပးအစီအစဥ္ ေတြလုပ္ ေဆာင္ေနတာျဖစ္ပါတယ္။

KT
မႏၲေလး၊ ႏိုဝင္ဘာ ၁၉