တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲ ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲ ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း

ဒီမိုကရေစီစနစ် ခိုင်မာဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်ရင်းနှီးစွာ အတူတကွ လက်တွဲ ဆောင်ရွက်ကြရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့မှာ စတင်ကျင်းပပြုလုပ်တဲ့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်(၁၄)ကြိမ်မြောက် ပုံမှန်အစည်းအဝေးမှာ တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား- လွှတ်တော်များခိုင်မာအားကောင်းပြီး ပြည်သူကပိုမိုအား ကိုးလာဖို့အတွက် လွှတ်တော် ကိုယ်စားလှယ်များရဲ့အခန်းကဏ္ဍနှင့် ဥပဒေပြုရေးတာဝန်တွေကို ကျွမ်းကျင် ပိုင်နိုင်စွာ ထမ်းဆောင်ကြဖို့ အထူးလိုအပ်ပါတယ်။ မိမိတို့ဟာ ပြည်သူလူထုကို ကိုယ်စားပြုထားသူများ ဖြစ်ပြီး တာဝန်ယူထားရတဲ့ လွှတ်တော် လုပ်ငန်းစဉ်များဟာ ဒီမိုကရေစီ စံချိန်စံညွှန်းများနဲ့အညီ ကျင့်သုံးဆောင်ရွက် ကြရတာဖြစ်ပါတယ်။ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးကဏ္ဍတွေကို စိစစ်ထိန်းညှိပြီး အချင်းချင်း အပြန်အလှန် ထိန်းကျောင်းသွားရမှာဖြစ်ပါတယ်။ တစ်ဦးနဲ့ တစ်ဦး ချစ်ကြည်ရင်းနှီးစွာဖြင့် မိမိတို့နိုင်ငံမှာ ဒီမိုကရေစီစနစ် ခိုင်မာဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အတူတကွ လက်တွဲ ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်”လို့ပြောကြား ခဲ့ခြင်း ဖြစ်ပါတယ်။

ပြည်သူ့အကျိုး၊ နိုင်ငံ့အကျိုးကို ဖြူစင်သော စိတ်စေတနာ၊ မှန်ကန်သော ဆောင်ရွက်ချက်များနဲ့ စည်းစည်း လုံးလုံး လက်တွဲညီညီ ဆောင်ရွက်ကြ ဖို့လည်း တိုက်တွန်းပြောကြားခဲ့ပါတယ်။ ယနေ့ နိုဝင်ဘာလ ၄ ရက်နေ့တွင် စတင်ကျင်းပသည့်  (၁၄) ကြိမ်မြောက် ပြည်သူ့လွှတ်တော် ပုံမှန် အစည်း အဝေး ကာလအတွင်း ဥပဒေကြမ်း (၁၆) ခု ၊ အဆို (၆) ခု၊ ကြယ်ပွင့်ပြမေးခွန်း (၁၆၅) ခုကို ကိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
နေပြည်တော် ၊ နိုဝင်ဘာ ၄

(  Zawgyi  )

 ဒီမိုကေရစီစနစ္ ခိုင္မာဖို႔နဲ႔ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ဖို႔ တစ္ဦးနဲ႔ တစ္ဦး ခ်စ္ၾကည္ရင္းႏွီးစြာ အတူတကြ လက္တြဲ ေဆာင္႐ြက္ၾကရန္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦးတီခြန္ျမတ္က ယေန႔ ႏိုဝင္ဘာလ ၄ ရက္ေန႔မွာ စတင္က်င္းပျပဳလုပ္တဲ့ ဒုတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္(၁၄)ႀကိမ္ေျမာက္ ပုံမွန္အစည္းအေဝးမွာ တိုက္တြန္းေျပာၾကားခဲ့ပါတယ္။

“ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ားခင္ဗ်ား- လႊတ္ေတာ္မ်ားခိုင္မာအားေကာင္းၿပီး ျပည္သူကပိုမိုအား ကိုးလာဖို႔အတြက္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားရဲ႕အခန္းက႑ႏွင့္ ဥပေဒျပဳေရးတာဝန္ေတြကို ကြၽမ္းက်င္ ပိုင္ႏိုင္စြာ ထမ္းေဆာင္ၾကဖို႔ အထူးလိုအပ္ပါတယ္။ မိမိတို႔ဟာ ျပည္သူလူထုကို ကိုယ္စားျပဳထားသူမ်ား ျဖစ္ၿပီး တာဝန္ယူထားရတဲ့ လႊတ္ေတာ္ လုပ္ငန္းစဥ္မ်ားဟာ ဒီမိုကေရစီ စံခ်ိန္စံၫႊန္းမ်ားနဲ႔အညီ က်င့္သုံးေဆာင္႐ြက္ ၾကရတာျဖစ္ပါတယ္။ အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးက႑ေတြကို စိစစ္ထိန္းညႇိၿပီး အခ်င္းခ်င္း အျပန္အလွန္ ထိန္းေက်ာင္းသြားရမွာျဖစ္ပါတယ္။ တစ္ဦးနဲ႔ တစ္ဦး ခ်စ္ၾကည္ရင္းႏွီးစြာျဖင့္ မိမိတို႔ႏိုင္ငံမွာ ဒီမိုကေရစီစနစ္ ခိုင္မာဖို႔နဲ႔ စစ္မွန္တဲ့ ဖက္ဒရယ္ျပည္ေထာင္စု တည္ေဆာက္ႏိုင္ဖို႔ အတူတကြ လက္တြဲ ေဆာင္႐ြက္ၾကရန္ တိုက္တြန္းႏႈိးေဆာ္အပ္ပါတယ္”လို႔ေျပာၾကား ခဲ့ျခင္း ျဖစ္ပါတယ္။

ျပည္သူ႔အက်ိဳး၊ ႏိုင္ငံ့အက်ိဳးကို ျဖဴစင္ေသာ စိတ္ေစတနာ၊ မွန္ကန္ေသာ ေဆာင္႐ြက္ခ်က္မ်ားနဲ႔ စည္းစည္း လုံးလုံး လက္တြဲညီညီ ေဆာင္႐ြက္ၾက ဖို႔လည္း တိုက္တြန္းေျပာၾကားခဲ့ပါတယ္။ ယေန႔ ႏိုဝင္ဘာလ ၄ ရက္ေန႔တြင္ စတင္က်င္းပသည့္  (၁၄) ႀကိမ္ေျမာက္ ျပည္သူ႔လႊတ္ေတာ္ ပုံမွန္ အစည္း အေဝး ကာလအတြင္း ဥပေဒၾကမ္း (၁၆) ခု ၊ အဆို (၆) ခု၊ ၾကယ္ပြင့္ျပေမးခြန္း (၁၆၅) ခုကို ကိုေဆြးေႏြးၾကမွာ ျဖစ္ပါတယ္။

မင္းထြန္း(အုတ္က်င္း)
ေနျပည္ေတာ္ ၊ ႏိုဝင္ဘာ ၄