တိုင်းပြည်ကောင်းအောင်လုပ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို မြန်မာနိုင်ငံသားတွေဖြစ်သည့် တပ်မတော်နှင့် မီဒီယာမှာလည်း တာဝန်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တိုင်းပြည်ကောင်းအောင်လုပ်ဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို မြန်မာနိုင်ငံသားတွေဖြစ်သည့် တပ်မတော်နှင့် မီဒီယာမှာလည်း တာဝန်ရှိတယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တိုင်းပြည်ကောင်းအောင်လုပ်ဖို့ မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို မြန်မာနိုင်ငံသားတွေဖြစ်သည့် တပ်မတော်နှင့် မီဒီယာတွေမှာလည်း တာဝန်ရှိတယ်လိ့ု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ဒီဇင်ဘာ ၂၁ ရက်၊ နံနက်ပိုင်းအချိန်က နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင်နောင်ဧည့်ရိပ်သာမှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်များနှင့် တွေ့ဆုံမှုအပြီးတွင် ယင်းတွေ့ဆုံပွဲကို လာရောက်သတင်းရယူကြတဲ့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ အခု ဒီမိုကရေစီလမ်းကြောင်းပေါ်ကို လျှောက်လာတာက ၂၀၁၁ ခုနှစ်ကတည်းကနေ စပြီး (၇) နှစ်တာကာလရှိခဲ့ပြီ အခု (၈) နှစ်တာကာလကို ရောက်ပြီဖြစ်ပါတယ်။အဲ့တော့ အတိုင်းအတာတစ်ခုအတွင်းမှာ ဘာပဲပြောပြော ထိုက်သင့်တဲ့ အကျိုးခံစားမှုရှိသလို တစ်ချို့ဟာတွေမှာလည်း ကျနော်တို့ ကြိုးစားရမယ့် ကိစ္စတွေလည်း ရှိတယ်။အဲ့ထဲမှာမှ ပိုပြီးအရေးကြီးတာက တိုင်းပြည် တည်ငြိမ်အေးချမ်းရေးက ပိုပြီးအရေးပါတယ်။ဒါကြောင့် ငြိမ်းချမ်းရေးအတွက် ကျနော်တို့ ကြိုးစားနေတာတွေ ရှိပါတယ်။ဒီနေရာမှာ ကျနော်တို့ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို မှန်မှန်ကန်ကန်နဲ့ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့၊ ခိုင်ခိုင်မာမာဖြစ်စေဖို့အတွက်ဆိုရင် ဒါကို မီဒီယာကနေ ဝိုင်းဝန်းကူညီပေးဖို့ ပြောလိုပါတယ်။လမ်းကြောင်းကတော့ တစ်ယောက်နဲ့ တစ်ယောက် အမြင်ချင်းကတော့ မတူပါဘူး။တစ်ချို့လည်း ဘယ်သန်တွေရှိသလို၊ ညာသန်တွေရှိတယ်၊ တစ်ချို့လည်း ဘယ်ရောညာရော သန်တာရှိတယ်။သို့သော် ရည်မှန်းချက်ကဘာလဲဆိုရင် တိုင်းပြည်ကြီး ကောင်းဖို့အတွက် ဖြစ်တယ်။ဘယ်လိုပဲ ဖိအားတွေပါသည်ဖြစ်စေ တိုင်းပြည်ကောင်းအောင် လုပ်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်။မြန်မာနိုင်ငံသားတိုင်းမှာ တာဝန်ရှိတယ်။ထို့အတူပဲ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ ကျနော်တို့ တပ်မတော်မှာ တာဝန်ရှိသလို၊ မြန်မာနိုင်ငံသားတွေဖြစ်တဲ့ မီဒီယာမှာလည်း တာဝန်ရှိတယ်လို့ ပြောလိုပါတယ်။ဒါကြောင့် ရည်မှန်းချက်ပေါ်မှာ တူညီတဲ့ ရည်မှန်းချက်ထားပြီး လုပ်ဆောင်ပေးကြဖို့ ပြောလိုပါတယ်။” လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ လိုတယ်ဆိုတာ ငြိမ်ချမ်းရေးပေါ့။ငြိမ်းချမ်းရေးကတော့ ကျနော်တို့လည်း တော်တော်ကြီးကို ကြိုးစားပြီးလုပ်ပါတယ်။တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တောင်းဆိုချက်နဲ့ ပတ်သက်ပြီး တတ်နိုင်သလောက် ဖြစ်နိုင်တဲ့ဟာ၊ တိုင်းပြည်ရဲ့ ဖြစ်နိုင်တဲ့ဟာ အားလုံးကို ကျနော်တို့ ဆောင်ရွက်ပေးတာရှိပါတယ်။ဆောင်ရွက်ပေးတာ ရှိတာနဲ့အမျှ အောင်မြင်မှုရှိတဲ့ဟာလည်း ရှိသလို တစ်ချို့ဟာလည်း ဆက်လက်ပြီး ညှိနှိုင်းဆွေးနွေးရမှာလည်း ရှိတယ်။တစ်ချို့လည်း လာဖို့ဖိတ်ခေါ်ရမယ့်ဟာတွေလည်း ရှိတယ်။ကျနော်တို့ ဒါတွေကို ဘယ်လိုလုပ်ကြမလဲ၊  ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ကြမလဲဆိုတဲ့ နည်းလမ်းကို ရှာဖွေတယ်။
မကြာသေးခင်ကပဲ အဖွဲ့သုံးဖွဲ့၊ မြန်မာနိုင်ငံ အရှေ့မြောက်ဒေသမှာရှိတဲ့ TNLA အဖွဲ့၊ MNDAအဖွဲ့၊ AA အဖွဲ့တွေကနေ စစ်ရေးနဲ့ပတ်သက်ပြီးတော့ စွန့်လွှတ်ဖို့ ဆန္ဒရှိတယ်၊ ညှိနှိုင်းဖြေရှင်းဖို့ ဆန္ဒရှိတဲ့အကြောင်းကို ထုတ်ပြန်ခဲ့တာကို သတိပြုမိပါတယ်။နိုင်ငံတော်အပိုင်းကလည်း ဒါကို ကြိုဆိုတဲ့အကြောင်း ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။ဒါကိုလည်း ကျနော်တို့ သုံးသပ်တဲ့အခါ ဒါဆိုရင် ဒီသုံးဖွဲ့ထဲတင် မလုံလောက်ဘူး။ကျန်တဲ့ကိစ္စတွေကို စဉ်းစားဖို့လိုတယ်လို့ ယူဆတဲ့အတွက်ကြောင့် တပ်မတော်ကနေ ဆုံးဖြတ်ချက်ချခဲ့ပါတယ်၊ ကျနော် ဦးစီးပြီးတော့ ဆုံးဖြတ်ချက်ချခဲ့တယ်။ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ ဖတ်ကြားပေးပါမယ်။ဒါနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ဖြေစရာအကြောင်း မရှိသေးဘူးလို့ ပြောလိုပါတယ်။” လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၂၁

( Zawgyi )

တိုင္းျပည္ေကာင္းေအာင္လုပ္ဖို႔ ျမန္မာႏိုင္ငံသားတိုင္းမွာ တာဝန္ရွိသလို ျမန္မာႏိုင္ငံသားေတြျဖစ္သည့္ တပ္မေတာ္ႏွင့္ မီဒီယာေတြမွာလည္း တာဝန္ရွိတယ္လိ့ု တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ယေန႔ဒီဇင္ဘာ ၂၁ ရက္၊ နံနက္ပိုင္းအခ်ိန္က ေနျပည္ေတာ္ရွိ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး၊ ဘုရင္ေနာင္ဧည့္ရိပ္သာမွာ က်င္းပျပဳလုပ္ခဲ့တဲ့ ျမန္မာႏိုင္ငံ သတင္းမီဒီယာေကာင္စီ အဖြဲ႕ဝင္မ်ားႏွင့္ ေတြ႕ဆုံမႈအၿပီးတြင္ ယင္းေတြ႕ဆုံပြဲကို လာေရာက္သတင္းရယူၾကတဲ့ သတင္းေထာက္ေတြကို ေျပာၾကားခဲ့ပါတယ္။

“က်ေနာ္တို႔ အခု ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ေလွ်ာက္လာတာက ၂၀၁၁ ခုႏွစ္ကတည္းကေန စၿပီး (၇) ႏွစ္တာကာလရွိခဲ့ၿပီ အခု (၈) ႏွစ္တာကာလကို ေရာက္ၿပီျဖစ္ပါတယ္။အဲ့ေတာ့ အတိုင္းအတာတစ္ခုအတြင္းမွာ ဘာပဲေျပာေျပာ ထိုက္သင့္တဲ့ အက်ိဳးခံစားမႈရွိသလို တစ္ခ်ိဳ႕ဟာေတြမွာလည္း က်ေနာ္တို႔ ႀကိဳးစားရမယ့္ ကိစၥေတြလည္း ရွိတယ္။အဲ့ထဲမွာမွ ပိုၿပီးအေရးႀကီးတာက တိုင္းျပည္ တည္ၿငိမ္ေအးခ်မ္းေရးက ပိုၿပီးအေရးပါတယ္။ဒါေၾကာင့္ ၿငိမ္းခ်မ္းေရးအတြက္ က်ေနာ္တို႔ ႀကိဳးစားေနတာေတြ ရွိပါတယ္။ဒီေနရာမွာ က်ေနာ္တို႔ သြားေနတဲ့ ႏိုင္ငံေရးလမ္းေၾကာင္းကို မွန္မွန္ကန္ကန္နဲ႔ ဖြံ႕ၿဖိဳးတိုးတက္ႏိုင္ဖို႔၊ ခိုင္ခိုင္မာမာျဖစ္ေစဖို႔အတြက္ဆိုရင္ ဒါကို မီဒီယာကေန ဝိုင္းဝန္းကူညီေပးဖို႔ ေျပာလိုပါတယ္။လမ္းေၾကာင္းကေတာ့ တစ္ေယာက္နဲ႔ တစ္ေယာက္ အျမင္ခ်င္းကေတာ့ မတူပါဘူး။တစ္ခ်ိဳ႕လည္း ဘယ္သန္ေတြရွိသလို၊ ညာသန္ေတြရွိတယ္၊ တစ္ခ်ိဳ႕လည္း ဘယ္ေရာညာေရာ သန္တာရွိတယ္။သို႔ေသာ္ ရည္မွန္းခ်က္ကဘာလဲဆိုရင္ တိုင္းျပည္ႀကီး ေကာင္းဖို႔အတြက္ ျဖစ္တယ္။ဘယ္လိုပဲ ဖိအားေတြပါသည္ျဖစ္ေစ တိုင္းျပည္ေကာင္းေအာင္ လုပ္ေပးဖို႔ လူတိုင္းမွာ တာဝန္ရွိတယ္။ျမန္မာႏိုင္ငံသားတိုင္းမွာ တာဝန္ရွိတယ္။ထို႔အတူပဲ ျမန္မာႏိုင္ငံသားေတြျဖစ္တဲ့ က်ေနာ္တို႔ တပ္မေတာ္မွာ တာဝန္ရွိသလို၊ ျမန္မာႏိုင္ငံသားေတြျဖစ္တဲ့ မီဒီယာမွာလည္း တာဝန္ရွိတယ္လို႔ ေျပာလိုပါတယ္။ဒါေၾကာင့္ ရည္မွန္းခ်က္ေပၚမွာ တူညီတဲ့ ရည္မွန္းခ်က္ထားၿပီး လုပ္ေဆာင္ေပးၾကဖို႔ ေျပာလိုပါတယ္။” လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဆက္လက္၍ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က “တိုင္းျပည္တည္ၿငိမ္ ေအးခ်မ္းဖို႔ လိုတယ္ဆိုတာ ၿငိမ္ခ်မ္းေရးေပါ့။ၿငိမ္းခ်မ္းေရးကေတာ့ က်ေနာ္တို႔လည္း ေတာ္ေတာ္ႀကီးကို ႀကိဳးစားၿပီးလုပ္ပါတယ္။တိုင္းရင္းသား လက္နက္ကိုင္ အဖြဲ႕အစည္းေတြရဲ႕ ေတာင္းဆိုခ်က္နဲ႔ ပတ္သက္ၿပီး တတ္ႏိုင္သေလာက္ ျဖစ္ႏိုင္တဲ့ဟာ၊ တိုင္းျပည္ရဲ႕ ျဖစ္ႏိုင္တဲ့ဟာ အားလုံးကို က်ေနာ္တို႔ ေဆာင္႐ြက္ေပးတာရွိပါတယ္။ေဆာင္႐ြက္ေပးတာ ရွိတာနဲ႔အမွ် ေအာင္ျမင္မႈရွိတဲ့ဟာလည္း ရွိသလို တစ္ခ်ိဳ႕ဟာလည္း ဆက္လက္ၿပီး ညႇိႏႈိင္းေဆြးေႏြးရမွာလည္း ရွိတယ္။တစ္ခ်ိဳ႕လည္း လာဖို႔ဖိတ္ေခၚရမယ့္ဟာေတြလည္း ရွိတယ္။က်ေနာ္တို႔ ဒါေတြကို ဘယ္လိုလုပ္ၾကမလဲ၊  ၿငိမ္းခ်မ္းေရးနဲ႔ ပတ္သက္ၿပီး ဘယ္လိုလုပ္ၾကမလဲဆိုတဲ့ နည္းလမ္းကို ရွာေဖြတယ္။
မၾကာေသးခင္ကပဲ အဖြဲ႕သုံးဖြဲ႕၊ ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ေဒသမွာရွိတဲ့ TNLA အဖြဲ႕၊ MNDAအဖြဲ႕၊ AA အဖြဲ႕ေတြကေန စစ္ေရးနဲ႔ပတ္သက္ၿပီးေတာ့ စြန႔္လႊတ္ဖို႔ ဆႏၵရွိတယ္၊ ညႇိႏႈိင္းေျဖရွင္းဖို႔ ဆႏၵရွိတဲ့အေၾကာင္းကို ထုတ္ျပန္ခဲ့တာကို သတိျပဳမိပါတယ္။ႏိုင္ငံေတာ္အပိုင္းကလည္း ဒါကို ႀကိဳဆိုတဲ့အေၾကာင္း ထုတ္ျပန္ခဲ့ၿပီး ျဖစ္ပါတယ္။ဒါကိုလည္း က်ေနာ္တို႔ သုံးသပ္တဲ့အခါ ဒါဆိုရင္ ဒီသုံးဖြဲ႕ထဲတင္ မလုံေလာက္ဘူး။က်န္တဲ့ကိစၥေတြကို စဥ္းစားဖို႔လိုတယ္လို႔ ယူဆတဲ့အတြက္ေၾကာင့္ တပ္မေတာ္ကေန ဆုံးျဖတ္ခ်က္ခ်ခဲ့ပါတယ္၊ က်ေနာ္ ဦးစီးၿပီးေတာ့ ဆုံးျဖတ္ခ်က္ခ်ခဲ့တယ္။ဒီဆုံးျဖတ္ခ်က္ကို က်ေနာ္တို႔ ဖတ္ၾကားေပးပါမယ္။ဒါနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ ေျဖစရာအေၾကာင္း မရွိေသးဘူးလို႔ ေျပာလိုပါတယ္။” လို႔ သတင္းေထာက္ေတြကို ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၂၁