ထီလက်မှတ်ခ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချသူ ကိုယ်စားလှယ် (၃၈၀) ဦးကို ထီလက်မှတ်ဝယ်ယူခွင့် ပိတ်သိမ်းသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ဟု ဆို

ထီလက်မှတ်ခ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချသူ ကိုယ်စားလှယ် (၃၈၀) ဦးကို ထီလက်မှတ်ဝယ်ယူခွင့် ပိတ်သိမ်းသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ဟု ဆို

ထီလက်မှတ်ခ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချသူ ကိုယ်စားလှယ် (၃၈၀) ဦးကို ထီလက်မှတ်ဝယ်ယူခွင့် ပိတ်သိမ်းသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်တယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း ကေ ပြောကြားခဲ့ပါတယ်။

အဆိုပါပြောကြားမှုကို ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဒဿမပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့ အစီအစဉ်မှာ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အထက်ပါအတိုင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ထီလက်မှတ်ခ သတ်မှတ်တန်ဖိုးထက် ပိုမိုရောင်းချသူများကို အရေးယူခြင်းနှင့် စပ်လျဉ်းပြီး ကိုယ်စားလှယ် (၃၈၀) ဦးကို ထီလက်မှတ်ဝယ်ယူခွင့် ပိတ်သိမ်းသည့် ပြစ်ဒဏ်များ ချမှတ်ခဲ့ပြီးဖြစ်ပါတယ်။စပေါ်ငွေ (deposit) သိမ်းယူမှုမှာလည်း ကျပ် (၁၂၃.၂၄၃) သန်း ဖြစ်ပါတယ်။ထီလုပ်ငန်း လုပ်ကိုင်သူများကို အခွန်ကင်းလွတ်ခွင့်ပြုသည့် ကိစ္စနှင့် ပတ်သက်၍လည်း ထီလက်မှတ်ရောင်းချခြင်း လုပ်ငန်းတွင် ထီတစ်အုပ် (၁၁) စောင်တွင် (၁၀) စောင်ဖိုးကို နိုင်ငံတော်ဘဏ္ဍာနှင့် ထီဆုငွေ ခွဲဝေပေးနိုင်ရေး ပြန်လည်ပေးသွင်းရပြီး တစ်စောင်မှာ ရောင်းချသူအတွက် ဝန်ဆောင်ခအဖြစ် ရယူပါတယ်။ထီရောင်းချသည့်အပေါ် ကုန်သွယ်ခွန်ကောက်ခံခြင်း မပြုဘဲ၊ ထီရောင်းသူများအပေါ် ရောင်းရငွေအတွက် ကုန်ကျစရိတ် နှုတ်ပယ်ပြီး ဝင်ငွေခွန်ကို ကောက်ခံပါတယ်။သို့ဖြစ်ပါ၍ ထီလုပ်ငန်းလုပ်ကိုင်သူများကို အခွန်ကင်းလွတ်ခွင့် ပြုမထားပါဘူး။” လို့ ဒုတိယဝန်ကြီးမှ ရှင်းလင်းပြောကြားခဲ့တာပါ။

ဒါ့အပြင် အောင်ဘာလေသိန်းဆု အခွန်ကိစ္စနှင့် ပတ်သက်၍လည်း ဆုမဲ လာရောက်ထုတ်ယူခြင်းမရှိသည့် အောင်ဘာလေထီ ဘဏ္ဍာသိမ်းများကို ဘဏ္ဍာသိမ်းမည့်အစား ပြည်သူများအပေါ် ထီဆုမဲအဖြစ် ပြန်လည်ခွဲဝေပေးနိုင်ရေးနှင့် ထီဆုမဲများကို သိန်း ၂၀၀၊ သိန်း ၃၀၀၊ အစရှိသည့် ဆုမဲများ ခွဲဝေပေးရေး ဆွေးနွေးချက်နှင့် ပတ်သက်၍ မှတ်သားထားရှိပြီး လိုအပ်သည်များကို သုံးသပ်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့လည်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ပြောကြားခဲ့ပါသေးတယ်။

PTG
နေပြည်တော်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ထီလက္မွတ္ခ သတ္မွတ္တန္ဖိုးထက္ ပိုမိုေရာင္းခ်သူ ကိုယ္စားလွယ္ (၃၈၀) ဦးကို ထီလက္မွတ္ဝယ္ယူခြင့္ ပိတ္သိမ္းသည့္ ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ၿပီးျဖစ္တယ္လို႔ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း ေက ေျပာၾကားခဲ့ပါတယ္။

အဆိုပါေျပာၾကားမႈကို ဒီကေန႔ ဒီဇင္ဘာ ၁၀ ရက္တြင္ က်င္းပခဲ့တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ဒႆမပုံမွန္အစည္းအေဝး၊ အ႒မေန႔ အစီအစဥ္မွာ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း က အထက္ပါအတိုင္း ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

“ထီလက္မွတ္ခ သတ္မွတ္တန္ဖိုးထက္ ပိုမိုေရာင္းခ်သူမ်ားကို အေရးယူျခင္းႏွင့္ စပ္လ်ဥ္းၿပီး ကိုယ္စားလွယ္ (၃၈၀) ဦးကို ထီလက္မွတ္ဝယ္ယူခြင့္ ပိတ္သိမ္းသည့္ ျပစ္ဒဏ္မ်ား ခ်မွတ္ခဲ့ၿပီးျဖစ္ပါတယ္။စေပၚေငြ (deposit) သိမ္းယူမႈမွာလည္း က်ပ္ (၁၂၃.၂၄၃) သန္း ျဖစ္ပါတယ္။ထီလုပ္ငန္း လုပ္ကိုင္သူမ်ားကို အခြန္ကင္းလြတ္ခြင့္ျပဳသည့္ ကိစၥႏွင့္ ပတ္သက္၍လည္း ထီလက္မွတ္ေရာင္းခ်ျခင္း လုပ္ငန္းတြင္ ထီတစ္အုပ္ (၁၁) ေစာင္တြင္ (၁၀) ေစာင္ဖိုးကို ႏိုင္ငံေတာ္ဘ႑ာႏွင့္ ထီဆုေငြ ခြဲေဝေပးႏိုင္ေရး ျပန္လည္ေပးသြင္းရၿပီး တစ္ေစာင္မွာ ေရာင္းခ်သူအတြက္ ဝန္ေဆာင္ခအျဖစ္ ရယူပါတယ္။ထီေရာင္းခ်သည့္အေပၚ ကုန္သြယ္ခြန္ေကာက္ခံျခင္း မျပဳဘဲ၊ ထီေရာင္းသူမ်ားအေပၚ ေရာင္းရေငြအတြက္ ကုန္က်စရိတ္ ႏႈတ္ပယ္ၿပီး ဝင္ေငြခြန္ကို ေကာက္ခံပါတယ္။သို႔ျဖစ္ပါ၍ ထီလုပ္ငန္းလုပ္ကိုင္သူမ်ားကို အခြန္ကင္းလြတ္ခြင့္ ျပဳမထားပါဘူး။” လို႔ ဒုတိယဝန္ႀကီးမွ ရွင္းလင္းေျပာၾကားခဲ့တာပါ။

ဒါ့အျပင္ ေအာင္ဘာေလသိန္းဆု အခြန္ကိစၥႏွင့္ ပတ္သက္၍လည္း ဆုမဲ လာေရာက္ထုတ္ယူျခင္းမရွိသည့္ ေအာင္ဘာေလထီ ဘ႑ာသိမ္းမ်ားကို ဘ႑ာသိမ္းမည့္အစား ျပည္သူမ်ားအေပၚ ထီဆုမဲအျဖစ္ ျပန္လည္ခြဲေဝေပးႏိုင္ေရးႏွင့္ ထီဆုမဲမ်ားကို သိန္း ၂၀၀၊ သိန္း ၃၀၀၊ အစရွိသည့္ ဆုမဲမ်ား ခြဲေဝေပးေရး ေဆြးေႏြးခ်က္ႏွင့္ ပတ္သက္၍ မွတ္သားထားရွိၿပီး လိုအပ္သည္မ်ားကို သုံးသပ္ေဆာင္႐ြက္သြားမွာ ျဖစ္တယ္လို႔လည္း ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း က ေျပာၾကားခဲ့ပါေသးတယ္။

PTG
ေနျပည္ေတာ္၊ ဒီဇင္ဘာ - ၁၀