ဓာတ်တိုင် ထက်ပိုင်းကျိုးအောင် တိုက်သည့် ယာဉ်မောင်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိ

ဓာတ်တိုင် ထက်ပိုင်းကျိုးအောင် တိုက်သည့် ယာဉ်မောင်း စိုးရိမ်ရသည့် အခြေအနေတွင်ရှိ

လားရှိုးမြို့တွင် သြဂုတ်လ ၁၃ ရက်နေ့က ဓာတ်တိုင်အား ထက်ပိုင်းကျိုးအောင် တိုက်မိသည့် ယာဉ်မောင်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေတယ်လို့ ပြည်ထဲရေးမှ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဖြစ်စဉ်မှာ သြဂုတ်လ ၁၃ ရက် နံနက် ၄ နာရီ ၃၅ မိနစ် အချိန်ခန့်တွင် လားရှိုးမြို့၊ (၈) ရပ်ကွက်တွင် မန်ဆူဈေးဘက်မှ ရေပန်းလမ်းဆုံဘက်သို့ လားရှိုး-သိန်းနီ လမ်းမကြီးအတိုင်း မောင်းနှင်လာသည့် Fielder ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ ကွန်ကရစ်ဓါတ်တိုင်အား ဝင်ရောက်တိုက်မိရာ ဓါတ်တိုင်ကျိုးကျ၍ ၎င်းယာဉ်၏ရှေ့ပိုင်း မီးလောင်မှု ဖြစ်ပေါ်ခဲ့ပါတယ်။

ယာဉ်မတော်တဆမှုကြောင့် ယာဉ်မောင်းတွင် ဝဲနဖူးပွန်းခြစ်၊ ဝဲခြေသလုံး မီးလောင်ဒဏ်ရာတို့ ရရှိခဲ့ပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေတဲ့အတွက် လားရှိုးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်းဖြစ်သူအား လားရှိုးမြို့မရဲစခန်း ယာဉ် (ပ) ၃၀/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၃၈/၂၇၉/၂၈၅၊ ပေါ့လျော့မှုကြောင့် ပြင်းထန်နာကျင်စေမှု/ ယာဉ်မဆင်မခြင်မောင်းနှင်မှု/ မီးပေါ့ဆမှုတို့ဖြင့် အမှုဖွင့်လှစ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

မင်းထွန်း(အုတ်ကျင်း)
လားရှိုး၊ သြဂုတ် - ၁၄

( Zawgyi )

လားရႈိးၿမိဳ႕တြင္ ၾသဂုတ္လ ၁၃ ရက္ေန႔က ဓာတ္တိုင္အား ထက္ပိုင္းက်ိဳးေအာင္ တိုက္မိသည့္ ယာဥ္ေမာင္း စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနတယ္လို႔ ျပည္ထဲေရးမွ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ျဖစ္စဥ္မွာ ၾသဂုတ္လ ၁၃ ရက္ နံနက္ ၄ နာရီ ၃၅ မိနစ္ အခ်ိန္ခန႔္တြင္ လားရႈိးၿမိဳ႕၊ (၈) ရပ္ကြက္တြင္ မန္ဆူေဈးဘက္မွ ေရပန္းလမ္းဆုံဘက္သို႔ လားရႈိး-သိန္းနီ လမ္းမႀကီးအတိုင္း ေမာင္းႏွင္လာသည့္ Fielder ယာဥ္သည္ အရွိန္မထိန္းႏိုင္ဘဲ လမ္းေဘးရွိ ကြန္ကရစ္ဓါတ္တိုင္အား ဝင္ေရာက္တိုက္မိရာ ဓါတ္တိုင္က်ိဳးက်၍ ၎ယာဥ္၏ေရွ႕ပိုင္း မီးေလာင္မႈ ျဖစ္ေပၚခဲ့ပါတယ္။

ယာဥ္မေတာ္တဆမႈေၾကာင့္ ယာဥ္ေမာင္းတြင္ ဝဲနဖူးပြန္းျခစ္၊ ဝဲေျခသလုံး မီးေလာင္ဒဏ္ရာတို႔ ရရွိခဲ့ၿပီး စိုးရိမ္ရသည့္ အေျခအေနတြင္ ရွိေနတဲ့အတြက္ လားရႈိးၿမိဳ႕ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့တယ္လို႔ ဆိုပါတယ္။

အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ ယာဥ္ေမာင္းျဖစ္သူအား လားရႈိးၿမိဳ႕မရဲစခန္း ယာဥ္ (ပ) ၃၀/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ ၃၃၈/၂၇၉/၂၈၅၊ ေပါ့ေလ်ာ့မႈေၾကာင့္ ျပင္းထန္နာက်င္ေစမႈ/ ယာဥ္မဆင္မျခင္ေမာင္းႏွင္မႈ/ မီးေပါ့ဆမႈတို႔ျဖင့္ အမႈဖြင့္လွစ္ခဲ့တယ္လို႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

မင္းထြန္း(အုတ္က်င္း)
လားရႈိး၊ ၾသဂုတ္ - ၁၄