နဝတလက်ထက် သိမ်းခဲ့သည့် ကျိုင်းတုံဟော်နန်းမြေနေရာ ပြန်လည် စွန့်လွှတ်ပေးဖို့မရှိကြောင်း ဝန်ကြီးဌာနဆို

နဝတလက်ထက် သိမ်းခဲ့သည့် ကျိုင်းတုံဟော်နန်းမြေနေရာ  ပြန်လည် စွန့်လွှတ်ပေးဖို့မရှိကြောင်း ဝန်ကြီးဌာနဆို

ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်က ကျိုင်းတုံဟော်နန်းကို နိုင်ငံပိုင်အဖြစ် သိမ်းယူထားရာကနေ ပြန်လည် စွန့်လွှတ်ပေးဖို့ မရှိသေးဘူးလို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်လတ်က ဖေဖော်ဝါရီ ၃ ရက်နေ့က ပြုလုပ်တဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုင်းဆိုင်ကျောက်ဆမ်က ဒီကနေ့ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ မေးမြန်းခဲ့တဲ့ ကျိုင်းတုံဟော်လုံ(ဟော်နန်း)ကို ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ/ မရှိ ကြယ်ပွင့်ပြမေးခွန်းကို ဒုတိယဝန်ကြီး ဦးတင်လတ်က နိုင်ငံတော်အနေနဲ့ ပြန်လည် စွန့်လွတ်ဖို့ မရှိသေးဘူးလို့ ပြန်လည် ဖြေဆိုခဲ့တာပါ။ ကျိုင်းတုံဟော်နန်းဟာ ယိုယွင်းနေပြီး ခိုင်ခံ့မှုမရှိတော့တာကြောင့် ၁၉၉၁ ခုနှစ်မှာ နဝတအစိုးရက ကျိုင်းတုံဟော်နန်း အဆောက်အဦးအဟောင်းကို ဖျက်သိမ်း ပြီး နိုင်ငံတကာအဆင့်မီ ဟိုတယ်ဆောက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ အဲ့ဒီနောက် ကျိုင်းတုံဟိုတယ်နဲ့ ကျိုင်းတုံ ဟိုတယ် သစ်ကို ဆောက်လုပ်ပြီး ၁၉၉၇ ခုနှစ်မှာ မြန်မာ့ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းက မြေလွှဲရယူထားခဲ့တယ်လို့ အစိုးရဘက်က ဖြေဆိုခဲ့ ပါတယ်။

အခုလက်ရှိမှာတော့ ကျိုင်းတုံဟိုတယ်ကို Kyaing Tone Paradise အမည်နဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် ဒေါက်တာဖုန်းမြင့်ကို မြေအသုံးချခ ပရီမီယံကြေး ကျပ်(၂၅)သန်း ကို ပေးသွင်းစေပြီး ၂၀၁၄ ခုနှစ် ဧပြီလ ၁ ရက်နေ့က စတင်ကာ နှစ် ၅၀ လုပ်ပိုင်ခွင့် ပေးထားပြီး (၁၀) နှစ် ၂ ကြိမ် သက်တမ်းတိုး ငှားရမ်းခွင့် စာချုပ် ချုပ်ဆိုထားတယ်လို့ အစိုးရက ပြောပါတယ်။ ဒါအပြင် ကျိုင်းတုံ ဟိုတယ်သစ်ကိုလည်း Amazing Kyaing Tone Resorts အမည်နဲ့ ပုဂ္ဂလိကလုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်ကို မြေအသုံးချခ ပရီမီယံကြေး ကျပ်(၂၀၀)သန်း ပေးသွင်းစေပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လ ၂ ရက်နေ့က စတင်ကာ နှစ် ၅၀ လုပ်ပိုင်ခွင့် ပေးထားပြီး (၁၀) နှစ် ၂ ကြိမ် သက်တမ်းတိုး ငှားရမ်းခွင့် စာချုပ် ချုပ်ဆိုထားတယ်လို့ အစိုးရက အမျိုးသားလွှတ်တော်မှာ ဖြေဆိုခဲ့ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျိုင်းတုံဟော်နန်း မြေနေရာကို လုပ်ငန်းရှင် နှစ်ဦးအား တရားဝင် ငှားရမ်းထားတဲ့ စာချုပ်တွေနဲ့ နှစ်(၇၀) နှစ်ရှည်ငှားရမ်းထားပြီး လုပ်ငန်းတွေ လည်ပတ် ဆောင်ရွက်နေတာကြောင့် ငှားရမ်းစာချုပ် သက်တမ်း ကုန်ဆုံးချိန်မှသာ ဟော်နန်းမြေနေရာကို နိုင်ငံပိုင်အဖြစ်မှ ပြန်လည်စွန့်လွှတ်ပေးဖို့ စဉ်းစားပေးနိုင်မယ်လို့ အစိုးရဘက်က ဖြေဆိုခဲ့တာဖြစ်ပါတယ်။

 ဇေယျာမော်
ဓါတ်ပုံ - အမျိုးသားလွှတ်တော်
ရန်ကုန် ၊ ဖေဖော်ဝါရီ ၃

(  Zawgyi  )

 ရွမ္းျပည္နယ္ အေရွ႕ပိုင္း က်ိဳင္းတုံၿမိဳ႕နယ္က က်ိဳင္းတုံေဟာ္နန္းကို ႏိုင္ငံပိုင္အျဖစ္ သိမ္းယူထားရာကေန ျပန္လည္ စြန႔္လႊတ္ေပးဖို႔ မရွိေသးဘူးလို႔ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးတင္လတ္က ေဖေဖာ္ဝါရီ ၃ ရက္ေန႔က ျပဳလုပ္တဲ့ အမ်ိဳးသားလႊတ္ေတာ္အစည္းအေဝးမွာ ေျပာဆိုခဲ့ပါတယ္။

ရွမ္းျပည္နယ္ မဲဆႏၵနယ္ အမွတ္(၆) မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာစိုင္းဆိုင္ေက်ာက္ဆမ္က ဒီကေန႔က်င္းပတဲ့ အမ်ိဳးသား လႊတ္ေတာ္မွာ ေမးျမန္းခဲ့တဲ့ က်ိဳင္းတုံေဟာ္လုံ(ေဟာ္နန္း)ကို ျပန္လည္စြန႔္လႊတ္ေပးရန္ အစီအစဥ္ ရွိ/ မရွိ ၾကယ္ပြင့္ျပေမးခြန္းကို ဒုတိယဝန္ႀကီး ဦးတင္လတ္က ႏိုင္ငံေတာ္အေနနဲ႔ ျပန္လည္ စြန႔္လြတ္ဖို႔ မရွိေသးဘူးလို႔ ျပန္လည္ ေျဖဆိုခဲ့တာပါ။ က်ိဳင္းတုံေဟာ္နန္းဟာ ယိုယြင္းေနၿပီး ခိုင္ခံ့မႈမရွိေတာ့တာေၾကာင့္ ၁၉၉၁ ခုႏွစ္မွာ နဝတအစိုးရက က်ိဳင္းတုံေဟာ္နန္း အေဆာက္အဦးအေဟာင္းကို ဖ်က္သိမ္း ၿပီး ႏိုင္ငံတကာအဆင့္မီ ဟိုတယ္ေဆာက္လုပ္ဖို႔ ဆုံးျဖတ္ခဲ့တာလည္း ျဖစ္ပါတယ္။ အဲ့ဒီေနာက္ က်ိဳင္းတုံဟိုတယ္နဲ႔ က်ိဳင္းတုံ ဟိုတယ္ သစ္ကို ေဆာက္လုပ္ၿပီး ၁၉၉၇ ခုႏွစ္မွာ ျမန္မာ့ဟိုတယ္ႏွင့္ ခရီးသြား လုပ္ငန္းက ေျမလႊဲရယူထားခဲ့တယ္လို႔ အစိုးရဘက္က ေျဖဆိုခဲ့ ပါတယ္။

အခုလက္ရွိမွာေတာ့ က်ိဳင္းတုံဟိုတယ္ကို Kyaing Tone Paradise အမည္နဲ႔ ပုဂၢလိက လုပ္ငန္းရွင္ ေဒါက္တာဖုန္းျမင့္ကို ေျမအသုံးခ်ခ ပရီမီယံေၾကး က်ပ္(၂၅)သန္း ကို ေပးသြင္းေစၿပီး ၂၀၁၄ ခုႏွစ္ ဧၿပီလ ၁ ရက္ေန႔က စတင္ကာ ႏွစ္ ၅၀ လုပ္ပိုင္ခြင့္ ေပးထားၿပီး (၁၀) ႏွစ္ ၂ ႀကိမ္ သက္တမ္းတိုး ငွားရမ္းခြင့္ စာခ်ဳပ္ ခ်ဳပ္ဆိုထားတယ္လို႔ အစိုးရက ေျပာပါတယ္။ ဒါအျပင္ က်ိဳင္းတုံ ဟိုတယ္သစ္ကိုလည္း Amazing Kyaing Tone Resorts အမည္နဲ႔ ပုဂၢလိကလုပ္ငန္းရွင္ ဦးေအာင္မ်ိဳးမင္းဒင္ကို ေျမအသုံးခ်ခ ပရီမီယံေၾကး က်ပ္(၂၀၀)သန္း ေပးသြင္းေစၿပီး ၂၀၁၅ ခုႏွစ္ ဇူလိုင္လ ၂ ရက္ေန႔က စတင္ကာ ႏွစ္ ၅၀ လုပ္ပိုင္ခြင့္ ေပးထားၿပီး (၁၀) ႏွစ္ ၂ ႀကိမ္ သက္တမ္းတိုး ငွားရမ္းခြင့္ စာခ်ဳပ္ ခ်ဳပ္ဆိုထားတယ္လို႔ အစိုးရက အမ်ိဳးသားလႊတ္ေတာ္မွာ ေျဖဆိုခဲ့ပါတယ္။ အဲ့ဒီအတြက္ေၾကာင့္ က်ိဳင္းတုံေဟာ္နန္း ေျမေနရာကို လုပ္ငန္းရွင္ ႏွစ္ဦးအား တရားဝင္ ငွားရမ္းထားတဲ့ စာခ်ဳပ္ေတြနဲ႔ ႏွစ္(၇၀) ႏွစ္ရွည္ငွားရမ္းထားၿပီး လုပ္ငန္းေတြ လည္ပတ္ ေဆာင္႐ြက္ေနတာေၾကာင့္ ငွားရမ္းစာခ်ဳပ္ သက္တမ္း ကုန္ဆုံးခ်ိန္မွသာ ေဟာ္နန္းေျမေနရာကို ႏိုင္ငံပိုင္အျဖစ္မွ ျပန္လည္စြန႔္လႊတ္ေပးဖို႔ စဥ္းစားေပးႏိုင္မယ္လို႔ အစိုးရဘက္က ေျဖဆိုခဲ့တာျဖစ္ပါတယ္။

 ေဇယ်ာေမာ္
ဓါတ္ပုံ - အမ်ိဳးသားလႊတ္ေတာ္
ရန္ကုန္ ၊ ေဖေဖာ္ဝါရီ ၃