ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီလုပ်ငန်းများတွင် အသုံးပြု ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ မော်တော်ယာဉ် (၁၀) စီး ပေးအပ်လှူဒါန်း

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီလုပ်ငန်း များတွင် အသုံးပြု ရန်အတွက် အိန္ဒိယသမ္မတ နိုင်ငံသံရုံးမှ မော်တော်ယာဉ် (၁၀) စီး ပေးအပ်လှူဒါန်း

ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ၏ လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အိန္ဒိယသမ္မတနိုင်ငံ သံရုံးမှ မော်တော်ယာဉ် (၁၀) စီး လွှဲပြောင်းပေးအပ် လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၁၅ ရက် မွန်းလွဲပိုင်းအချိန်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာနမှာကျင်းပခဲ့ပါတယ်။

ရှေးဦးစွာ အိန္ဒိယသမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Vikram Misri က JMC သို့ မော်တော်ယာဉ် များ ပေးအပ်လှူဒါန်းရခြင်း အကြောင်းကို အကျဉ်းချုပ်ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အားအိန္ဒိယသမ္မတနိုင်ငံကဆက်လက် ထောက်ခံအားပေး သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်၍ JMC-U ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ဒုတိယဥက္ကဋ္ဌ (၂) အရပ်သား ကိုယ်စားလှယ် သူရဦးဘိုနီတို့ကအိန္ဒိယသမ္မတနိုင်ငံသံအမတ်ကြီးအား မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးတာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာတော့မည့် သံအမတ်ကြီးအနေဖြင့် နေရာသစ်တွင် အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာစကား ပြောကြားခဲ့ပါတယ်။

ထို့နောက် မော်တော်ယာဉ်များ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ JMC-U ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များထံသို့ သံအမတ်ကြီး H.E. Mr. Vikram Misri က TATA အမျိုးအစား မော်တော်ယာဉ် (၁၀) စီးကို လွှဲပြောင်းပေးအပ်ခဲ့ပြီး JMC-U ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံအမတ်ကြီး အား ကျေးဇူးတင် ဂုဏ်ပြုလွှာနှင့် အထိမ်းအမှတ်လက်ဆောင်ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။ယနေ့ ပြုလုပ်တဲ့အခမ်းအနားသို့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်
ရေးကော်မတီ (JMC-U) ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် JMC အဆင့်ဆင့်မှ ကော်မတီဝင်များ၊ အိန္ဒိယသမ္မတနိုင်ငံ သံရုံးမှ သံအမတ်ကြီး H.E. Mr. Vikram Misri နှင့် အဖွဲ့ဝင်များ၊ သီးခြား ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ ကြတယ်လို့ သိရပါတယ်။

ပြေသိမ်း
ဓာတ်ပုံ - JMC (Page)
ရန်ကုန်၊ဒီဇင်ဘာ ၁၅

(  Zawgyi  )

 ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရးေကာ္မတီ (JMC) ၏ လုပ္ငန္းမ်ားတြင္ အသုံးျပဳႏိုင္ရန္အတြက္ အိႏၵိယသမၼတႏိုင္ငံ သံ႐ုံးမွ ေမာ္ေတာ္ယာဥ္ (၁၀) စီး လႊဲေျပာင္းေပးအပ္ လႉဒါန္းပြဲ အခမ္းအနားကို ယေန႔ ဒီဇင္ဘာလ ၁၅ ရက္ မြန္းလြဲပိုင္းအခ်ိန္တြင္ ရန္ကုန္ၿမိဳ႕၊ ေ႐ႊလီလမ္းရွိ အမ်ိဳးသား ျပန္လည္ သင့္ျမတ္ေရးႏွင့္ ၿငိမ္းခ်မ္းေရးဗဟိုဌာနမွာက်င္းပခဲ့ပါတယ္။

ေရွးဦးစြာ အိႏၵိယသမၼတႏိုင္ငံ သံအမတ္ႀကီး H.E. Mr. Vikram Misri က JMC သို႔ ေမာ္ေတာ္ယာဥ္ မ်ား ေပးအပ္လႉဒါန္းရျခင္း အေၾကာင္းကို အက်ဥ္းခ်ဳပ္ရွင္းလင္းေျပာၾကားၿပီး ျမန္မာႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္အားအိႏၵိယသမၼတႏိုင္ငံကဆက္လက္ ေထာက္ခံအားေပး သြားမည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ဆက္လက္၍ JMC-U ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ႏွင့္ ဒုတိယဥကၠ႒ (၂) အရပ္သား ကိုယ္စားလွယ္ သူရဦးဘိုနီတို႔ကအိႏၵိယသမၼတႏိုင္ငံသံအမတ္ႀကီးအား ေမာ္ေတာ္ယာဥ္မ်ား ေပးအပ္လႉဒါန္းျခင္းအတြက္ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကားၿပီးတာဝန္ၿပီးဆုံး၍ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာေတာ့မည့္ သံအမတ္ႀကီးအေနျဖင့္ ေနရာသစ္တြင္ ေအာင္ျမင္ပါေစေၾကာင္း ဆုေတာင္းေမတၱာစကား ေျပာၾကားခဲ့ပါတယ္။

ထို႔ေနာက္ ေမာ္ေတာ္ယာဥ္မ်ား ေပးအပ္လႉဒါန္းျခင္း အခမ္းအနားကို ဆက္လက္က်င္းပရာ JMC-U ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားထံသို႔ သံအမတ္ႀကီး H.E. Mr. Vikram Misri က TATA အမ်ိဳးအစား ေမာ္ေတာ္ယာဥ္ (၁၀) စီးကို လႊဲေျပာင္းေပးအပ္ခဲ့ၿပီး JMC-U ဥကၠ႒ႏွင့္ အဖြဲ႕ဝင္မ်ားက သံအမတ္ႀကီး အား ေက်းဇူးတင္ ဂုဏ္ျပဳလႊာႏွင့္ အထိမ္းအမွတ္လက္ေဆာင္ကို ျပန္လည္ေပးအပ္ခဲ့ပါတယ္။ယေန႔ ျပဳလုပ္တဲ့အခမ္းအနားသို႔ ျပည္ေထာင္စုအဆင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္
ေရးေကာ္မတီ (JMC-U) ဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္ႀကီးရာျပည့္ႏွင့္ JMC အဆင့္ဆင့္မွ ေကာ္မတီဝင္မ်ား၊ အိႏၵိယသမၼတႏိုင္ငံ သံ႐ုံးမွ သံအမတ္ႀကီး H.E. Mr. Vikram Misri ႏွင့္ အဖြဲ႕ဝင္မ်ား၊ သီးျခား ဖိတ္ၾကားထားသူမ်ား တက္ေရာက္ခဲ့ ၾကတယ္လို႔ သိရပါတယ္။

ေျပသိမ္း
ဓာတ္ပုံ - JMC (Page)
ရန္ကုန္၊ဒီဇင္ဘာ ၁၅