ပထမဆုံးအကြိမ် လေကြောင်းသုတပညာပေးပြပွဲ၊ လေယာဉ်ပုံစံငယ် တည်ဆောက် ပျံသန်းမှုပြပွဲ နှင့် ပြိုင်ပွဲကို မန္တလေး ချမ်းမြသာစည်လေ ယာဉ်ကွင်းဟောင်းတွင် ကျင်းပလျက်ရှိ

ပထမဆုံးအကြိမ် လေကြောင်းသုတပညာပေးပြပွဲ၊ လေယာဉ်ပုံစံငယ် တည်ဆောက် ပျံသန်းမှုပြပွဲ နှင့် ပြိုင်ပွဲကို မန္တလေး ချမ်းမြသာစည်လေ ယာဉ်ကွင်းဟောင်းတွင် ကျင်းပလျက်ရှိ

မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းမှကြီးမှူးကျင်းပတဲ့ မြန်မာနိုင်ငံရဲ့ပထမဆုံးအကြိမ် လေကြောင်းသုတပညာပေးပြပွဲ၊ လေ ယာဉ်ပုံစံငယ်တည်ဆောက်ပျံသန်းမှုပြပွဲ နှင့် ပြိုင်ပွဲကို မန္တလေး ချမ်းမြသာစည်မြို့နယ် ချမ်းမြသာစည်လေယာဉ်ကွင်းဟောင်းမှာ ဒီနေ့ ကျင်းပနေပါတယ်။

မြန်မာနိုင်ငံမှာ လေကြောင်းနဲ့ပတ်သက်ပြီးတော့ အသိပညာဗဟုသုတပြန့်ပွားရေးအတွက် နောက်တစ်ခုက မြန်မာနိုင်ငံမှာ မပေါ် ပေါက်ဖူးသေးတဲ့ လေကြောင်းအားကစားတစ်ရပ်ပေါ်ထွန်းလာစေရေးအတွက် ပျံသန်းရေးနဲ့ပတ်သက်၍သော်လည်းကောင်း၊ လေကြောင်းနဲ့ ပတ်သက်၍သော်လည်းကောင်း အသိပညာဗဟုသုတတွေဖြန့်ဝေမယ်ဆိုပြီးတော့ ဒီပွဲစီစဉ်ဖြစ်တာပါ လို့ မြန်မာနိုင်ငံလေကြောင်း ဝါသနာရှင်များအသင်းဥက္ကဋ္ဌဦးအောင်ကျော်ငြိမ်းကပြောပါတယ်။

မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်များအသင်းကို အဲဒီရည်ရွယ်ချက်တွေနဲ့ဖွဲ့စည်းခဲ့တာလို့သိရပြီး အသင်းဖွဲ့စည်းပြီးနောက် ပထမဆုံး အကြိမ်ကျင်းပတဲ့လေကြောင်းဆိုင်ရာပြပွဲနဲ့ပြိုင်ပွဲတစ်ခုလည်းဖြစ်ပါတယ်။

တစ်ခုက ပြပွဲ၊ နောက်တစ်ခုက ပြိုင်ပွဲ၊ ပြပွဲအနေနဲ့ဆိုလို့ရှိရင်တော့လေယာဉ်ပုံစံငယ်လေးတွေကိုပြတဲ့ပွဲလည်းပါတယ်၊ လေကြောင်းနဲ့ပတ် သက်ပြီးတော့မှ ဗဟုသုတပေါ့၊ ဗဟုသုတရစေဖို့ ပြခန်းလေးတွေနဲ့ပြသပေးထားတဲ့ပွဲပေါ့၊ ပြိုင်ပွဲဆိုတဲ့နေရာမှာ ကျတော့တည်ဆောက်ရေးအပိုင်းနဲ့ပျံသန်းရေးအပိုင်းပေါ့၊ တည်ဆောက်ရေးအပိုင်းမှာ မြန်မာလူမျိုးတွေထဲမှာ လေ ယာဉ်ပုံစံနဲ့ပတ်သက်တဲ့ တည်ဆောက်ရေးဝါသနာရှင် ရွက်ပုံးသီးတွေကိုဖော်ထုတ်ဖို့ နောက်တစ်ခုကတော့ ပျံသန်းရေးမှာလည်း ထိုနည်း လည်းကောင်းပဲ၊ ဝါသနာပါတဲ့လူတွေထဲကနေပြီးတော့မှ ရွက်ပုံးသီးတွေဖော်ထုတ်သွားဖို့လည်းရည်ရွယ်ပါတယ် လို့လည်း ၎င်းကဆိုပါတယ်။

လေကြောင်းသုတပညာပေးပြပွဲ၊ လေယာဉ်ပုံစံငယ်တည်ဆောက်ပျံသန်းမှုပြပွဲ နှင့် ပြိုင်ပွဲကို ဒီနေ့နဲ့မနက်ဖြန် နှစ်ရက်ကျင်းပသွားမှာဖြစ်ပြီး ဝေဟင်ပေါ်မှာ စီးချင်းထိုးခြင်း၊ လေယာဉ်တစ်စီးနဲ့တစ်စီး ဝေဟင်ပေါ်မှာဖဲကြိုးလိုက်ဖြတ်ခြင်း၊ လေယာဉ်တည်ဆောက်ခြင်း၊ သရုပ်ပြပျံသန်း ခြင်း၊ ကွင်းပတ်ပြိုင်သန်းခြင်း နဲ့ လေယာဉ်မောင်းသူရဲ့ကျွမ်းကျင်မှုပြသခြင်း ဆိုတဲ့ပြိုင်ပွဲအမျိုးအစားအသီးသီးပါဝင်မှာဖြစ်တယ်လို့သိရပါ တယ်။

ပြပွဲမှာဆိုရင်လည်း လေကြောင်းဆိုင်ရာဗဟုသုတပြခန်းများ၊ လေကြောင်းအမှတ်တရပစ္စည်းပြခန်းများ၊ လက်ရှိတာဝန်ထမ်းဆောင် လျက်ရှိတဲ့ လေယာဉ်မှူးကြီးတွေရဲ့ Pilot Talk Show အစီအစဉ်များ၊ လေကြောင်းလိုင်းပြခန်းများ အပြင် ညပိုင်းတွေမှာလည်း နိုင်ငံကျော် အဆိုတော်တွေရဲ့သီဆိုဖျော်ဖြေမှုအစီအစဉ်တွေပါဝင်မှာဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး ဒီဇင်ဘာ ၁၅

( Zawgyi  )

 ျမန္မာႏိုင္ငံေလေၾကာင္းဝါသနာရွင္မ်ားအသင္းမွႀကီးမႉးက်င္းပတဲ့ ျမန္မာႏိုင္ငံရဲ႕ပထမဆုံးအႀကိမ္ ေလေၾကာင္းသုတပညာေပးျပပြဲ၊ ေလ ယာဥ္ပုံစံငယ္တည္ေဆာက္ပ်ံသန္းမႈျပပြဲ ႏွင့္ ၿပိဳင္ပြဲကို မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ခ်မ္းျမသာစည္ေလယာဥ္ကြင္းေဟာင္းမွာ ဒီေန႔ က်င္းပေနပါတယ္။

ျမန္မာႏိုင္ငံမွာ ေလေၾကာင္းနဲ႔ပတ္သက္ၿပီးေတာ့ အသိပညာဗဟုသုတျပန႔္ပြားေရးအတြက္ ေနာက္တစ္ခုက ျမန္မာႏိုင္ငံမွာ မေပၚ ေပါက္ဖူးေသးတဲ့ ေလေၾကာင္းအားကစားတစ္ရပ္ေပၚထြန္းလာေစေရးအတြက္ ပ်ံသန္းေရးနဲ႔ပတ္သက္၍ေသာ္လည္းေကာင္း၊ ေလေၾကာင္းနဲ႔ ပတ္သက္၍ေသာ္လည္းေကာင္း အသိပညာဗဟုသုတေတြျဖန႔္ေဝမယ္ဆိုၿပီးေတာ့ ဒီပြဲစီစဥ္ျဖစ္တာပါ လို႔ ျမန္မာႏိုင္ငံေလေၾကာင္း ဝါသနာရွင္မ်ားအသင္းဥကၠ႒ဦးေအာင္ေက်ာ္ၿငိမ္းကေျပာပါတယ္။

ျမန္မာႏိုင္ငံေလေၾကာင္းဝါသနာရွင္မ်ားအသင္းကို အဲဒီရည္႐ြယ္ခ်က္ေတြနဲ႔ဖြဲ႕စည္းခဲ့တာလို႔သိရၿပီး အသင္းဖြဲ႕စည္းၿပီးေနာက္ ပထမဆုံး အႀကိမ္က်င္းပတဲ့ေလေၾကာင္းဆိုင္ရာျပပြဲနဲ႔ၿပိဳင္ပြဲတစ္ခုလည္းျဖစ္ပါတယ္။

တစ္ခုက ျပပြဲ၊ ေနာက္တစ္ခုက ၿပိဳင္ပြဲ၊ ျပပြဲအေနနဲ႔ဆိုလို႔ရွိရင္ေတာ့ေလယာဥ္ပုံစံငယ္ေလးေတြကိုျပတဲ့ပြဲလည္းပါတယ္၊ ေလေၾကာင္းနဲ႔ပတ္ သက္ၿပီးေတာ့မွ ဗဟုသုတေပါ့၊ ဗဟုသုတရေစဖို႔ ျပခန္းေလး
ေတြနဲ႔ျပသေပးထားတဲ့ပြဲေပါ့၊ ၿပိဳင္ပြဲဆိုတဲ့ေနရာမွာက်ေတာ့တည္ေဆာက္ေရးအပိုင္းနဲ႔ပ်ံသန္းေရးအပိုင္းေပါ့၊ တည္ေဆာက္ေရးအပိုင္းမွာ ျမန္မာလူမ်ိဳးေတြထဲမွာ ေလ ယာဥ္ပုံစံနဲ႔ပတ္သက္တဲ့ တည္ေဆာက္
ေရးဝါသနာရွင္ ႐ြက္ပုံးသီးေတြကိုေဖာ္ထုတ္ဖို႔ ေနာက္တစ္ခုကေတာ့ ပ်ံသန္းေရးမွာလည္း ထိုနည္း လည္းေကာင္းပဲ၊ ဝါသနာပါတဲ့လူေတြထဲကေနၿပီးေတာ့မွ ႐ြက္ပုံးသီးေတြေဖာ္ထုတ္သြားဖို႔လည္းရည္႐ြယ္ပါတယ္ လို႔လည္း ၎ကဆိုပါတယ္။

ေလေၾကာင္းသုတပညာေပးျပပြဲ၊ ေလယာဥ္ပုံစံငယ္တည္ေဆာက္ပ်ံသန္းမႈျပပြဲ ႏွင့္ ၿပိဳင္ပြဲကို ဒီေန႔နဲ႔မနက္ျဖန္ ႏွစ္ရက္က်င္းပသြားမွာျဖစ္ၿပီး ေဝဟင္ေပၚမွာ စီးခ်င္းထိုးျခင္း၊ ေလယာဥ္တစ္စီးနဲ႔တစ္စီး ေဝဟင္ေပၚမွာဖဲႀကိဳးလိုက္ျဖတ္ျခင္း၊ ေလယာဥ္တည္ေဆာက္ျခင္း၊ သ႐ုပ္ျပပ်ံသန္း ျခင္း၊ ကြင္းပတ္ၿပိဳင္သန္းျခင္း နဲ႔ ေလယာဥ္ေမာင္းသူရဲ႕ကြၽမ္းက်င္မႈျပသျခင္း ဆိုတဲ့ၿပိဳင္ပြဲအမ်ိဳးအစားအသီးသီးပါဝင္မွာျဖစ္တယ္လို႔သိရပါ တယ္။

ျပပြဲမွာဆိုရင္လည္း ေလေၾကာင္းဆိုင္ရာဗဟုသုတျပခန္းမ်ား၊ ေလေၾကာင္းအမွတ္တရပစၥည္းျပခန္းမ်ား၊ လက္ရွိတာဝန္ထမ္းေဆာင္ လ်က္ရွိတဲ့ ေလယာဥ္မႉးႀကီးေတြရဲ႕ Pilot Talk Show အစီအစဥ္မ်ား၊ ေလေၾကာင္းလိုင္းျပခန္းမ်ား အျပင္ ညပိုင္းေတြမွာလည္း ႏိုင္ငံေက်ာ္ အဆိုေတာ္ေတြရဲ႕သီဆိုေဖ်ာ္ေျဖမႈအစီအစဥ္ေတြပါဝင္မွာျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး ဒီဇင္ဘာ ၁၅