ပန်းဘဲတန်းမြို့နယ်ထဲ ပဉ္စမမြောက် နောက်ဖေးလမ်းကြား ဥယျာဉ်တစ်ခု ယခုလအတွင်း အပြီးလုပ်ဆောင်နေ

ပန်းဘဲတန်းမြို့နယ်ထဲ ပဉ္စမမြောက် နောက်ဖေးလမ်းကြား ဥယျာဉ်တစ်ခု ယခုလအတွင်း အပြီးလုပ်ဆောင်နေ

ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်၊ အမှတ် (၈) ရပ်ကွက်ထဲမှာ ပဉ္စမမြောက်ဖြစ်လာမယ့် နောက်ဖေးလမ်းကြား ဥယျာဉ်တစ်ခုကို အခုလထဲ အပြီးလုပ်ဆောင်နေတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနကနေ သိရပါတယ်။

အဆိုပါ နောက်ဖေးလမ်းကြားဥယျာဉ်ကို ဗိုလ်ဆွန်ပက်(အထက်)လမ်းနဲ့ လမ်း ၃၀(အထက်) နောက်ဖေးလမ်းကြား နေရာမှာ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

“လောလောဆယ်တော့ ကွန်ကရစ်ခင်းတာတွေ တော်တော်လေးပြီးနေပြီ၊ အချောသတ် သန့်ရှင်းမှုအပိုင်းကို လုပ်ပြီးတာနဲ့ အလှဆင်တဲ့အပိုင်းကို လုပ်သွားတော့မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေး ဌာနမှ လက်ထောက်ဌာနမှူး ဦးဇော်ဝင်းနိုင်က ပြောပါတယ်။

အဆိုပါပြုပြင်လုပ်ဆောင်မှုကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ဦးဆောင်မှုဖြင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့နဲ့ ရပ်ကွက်နေပြည်သူများ၊ ဒို့အိမ်အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင် ကြတာဖြစ်သလို နောက်ဖေးလမ်းကြားမှာရှိတဲ့ အမှိုက်တွေကိုရှင်းလင်းကာ မိလ္လာကန်တွေနဲ့ ရေမြောင်းတွေကို ကွန်ကရစ်ခင်းတဲ့ အပိုင်းတွေကို မြို့တော်စည်ပင်က တာဝန်ယူလုပ်ဆောင်နေကြောင်း၊ နံရံမှာ ပန်းချီ ခြယ်သတာတို့ အလှအပတို့ လုပ်ဆောင်တဲ့ အပိုင်းစတွေကိုတော့ ဒို့အိမ်အဖွဲ့ကနေ လုပ်ဆောင်မှာ ဖြစ်ပြီး ရပ်ကွက်က ဒေသခံတွေအနေနဲ့ လိုအပ်တဲ့ဟာတွေကို ဝိုင်းပြီးတော့ လုပ်ပေးကြတာ ဖြစ်တယ်လို့ သိရပါတယ်။

ထိုနောက်ဖေးလမ်းကြားမှာ အပန်းဖြေနားနေနိုင်ဖို့ ဥယျာဉ် ဖော်ဆောင်မှုအတွက် ကုန်ကျစရိတ်တွေကို ဒို့အိမ်အဖွဲ့က ၈၀ ရာခိုင်နှုန်း ပံ့ပိုးပေးပြီး ရပ်ကွက်နေပြည်သူများက ကျန် ၂၀ ရာခိုင်နှုန်းကို စုပေါင်း ထည့်ဝင်ကာ ကျခံဆောင်ရွက်ရသလို နောက်ဖေးလမ်းကြား ဥယျာဉ်တစ်ခုလျှင် ပျမ်းမျှ ကျပ်သိန်း ၁၀၀ ကျော်လောက် ကုန်ကျမှုရှိနေကြောင်း၊ ယင်းနောက်ဖေးလမ်းကြားမှာ ကလေးကစားကစားကွင်းနဲ့ စာကြည့်တိုက်ကိုပါ လုပ်ဆောင်ဖို့ လျာထားပြီး အပိုင်းလိုက် လုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၀

( Zawgyi )

ရန္ကုန္ၿမိဳ႕၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ အမွတ္ (၈) ရပ္ကြက္ထဲမွာ ပၪၥမေျမာက္ျဖစ္လာမယ့္ ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္တစ္ခုကို အခုလထဲ အၿပီးလုပ္ေဆာင္ေနတယ္လို႔ ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရး ဌာနကေန သိရပါတယ္။

အဆိုပါ ေနာက္ေဖးလမ္းၾကားဥယ်ာဥ္ကို ဗိုလ္ဆြန္ပက္(အထက္)လမ္းနဲ႔ လမ္း ၃၀(အထက္) ေနာက္ေဖးလမ္းၾကား ေနရာမွာ လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

“ေလာေလာဆယ္ေတာ့ ကြန္ကရစ္ခင္းတာေတြ ေတာ္ေတာ္ေလးၿပီးေနၿပီ၊ အေခ်ာသတ္ သန႔္ရွင္းမႈအပိုင္းကို လုပ္ၿပီးတာနဲ႔ အလွဆင္တဲ့အပိုင္းကို လုပ္သြားေတာ့မွာ ျဖစ္ပါတယ္”ဟု ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ပတ္ဝန္းက်င္ ထိန္းသိမ္းေရးႏွင့္ သန႔္ရွင္းေရး ဌာနမွ လက္ေထာက္ဌာနမႉး ဦးေဇာ္ဝင္းႏိုင္က ေျပာပါတယ္။

အဆိုပါျပဳျပင္လုပ္ေဆာင္မႈကို ရန္ကုန္ၿမိဳ႕ေတာ္ စည္ပင္သာယာေရးေကာ္မတီရဲ႕ ဦးေဆာင္မႈျဖင့္ ရပ္ကြက္အုပ္ခ်ဳပ္ေရးအဖြဲ႕နဲ႔ ရပ္ကြက္ေနျပည္သူမ်ား၊ ဒို႔အိမ္အဖြဲ႕တို႔က ပူးေပါင္းလုပ္ေဆာင္ ၾကတာျဖစ္သလို ေနာက္ေဖးလမ္းၾကားမွာရွိတဲ့ အမႈိက္ေတြကိုရွင္းလင္းကာ မိလႅာကန္ေတြနဲ႔ ေရေျမာင္းေတြကို ကြန္ကရစ္ခင္းတဲ့ အပိုင္းေတြကို ၿမိဳ႕ေတာ္စည္ပင္က တာဝန္ယူလုပ္ေဆာင္ေနေၾကာင္း၊ နံရံမွာ ပန္းခ်ီ ျခယ္သတာတို႔ အလွအပတို႔ လုပ္ေဆာင္တဲ့ အပိုင္းစေတြကိုေတာ့ ဒို႔အိမ္အဖြဲ႕ကေန လုပ္ေဆာင္မွာ ျဖစ္ၿပီး ရပ္ကြက္က ေဒသခံေတြအေနနဲ႔ လိုအပ္တဲ့ဟာေတြကို ဝိုင္းၿပီးေတာ့ လုပ္ေပးၾကတာ ျဖစ္တယ္လို႔ သိရပါတယ္။

ထိုေနာက္ေဖးလမ္းၾကားမွာ အပန္းေျဖနားေနႏိုင္ဖို႔ ဥယ်ာဥ္ ေဖာ္ေဆာင္မႈအတြက္ ကုန္က်စရိတ္ေတြကို ဒို႔အိမ္အဖြဲ႕က ၈၀ ရာခိုင္ႏႈန္း ပံ့ပိုးေပးၿပီး ရပ္ကြက္ေနျပည္သူမ်ားက က်န္ ၂၀ ရာခိုင္ႏႈန္းကို စုေပါင္း ထည့္ဝင္ကာ က်ခံေဆာင္႐ြက္ရသလို ေနာက္ေဖးလမ္းၾကား ဥယ်ာဥ္တစ္ခုလွ်င္ ပ်မ္းမွ် က်ပ္သိန္း ၁၀၀ ေက်ာ္ေလာက္ ကုန္က်မႈရွိေနေၾကာင္း၊ ယင္းေနာက္ေဖးလမ္းၾကားမွာ ကေလးကစားကစားကြင္းနဲ႔ စာၾကည့္တိုက္ကိုပါ လုပ္ေဆာင္ဖို႔ လ်ာထားၿပီး အပိုင္းလိုက္ လုပ္ေဆာင္ေနတာျဖစ္တယ္လို႔ သိရပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၀