ပေါင်မြို့နယ် သဲဖြူကုန်း တောင်ပြိုမှု သေဆုံးသူ ၆၂ ဦးထိ ရှာဖွေတွေ့ရှိထား

ပေါင်မြို့နယ် သဲဖြူကုန်း တောင်ပြိုမှု သေဆုံးသူ ၆၂ ဦးထိ ရှာဖွေတွေ့ရှိထား

မွန်ပြည်နယ်၊ ပေါင်မြို့၊သဲဖြူကုန်းကျေးရွာက တောင်ပြိုကျမှုနေရာကို နည်းပညာမြင့် ကိရိယာပစ္စည်းတွေနဲ့ ရှာဖွေလင်းရှင်းမှုတွေ ဆက်လက် လုပ်ဆောင်နေရာကနေ ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့၊ မနက် ၁၁ နာရီ အချိန်ထိ သေဆုံးသူ ဦးရေ ၆၂ ဦးထိ ရှာဖွေတွေ့ရှိထားပြီးဖြစ်တယ်လို့ မြေပြင်ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရပါတယ်။

အဆိုပါတောင်ပြိုကျမှုက ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်၊ မနက် ၇ နာရီ၊ မိနစ် ၅ဝ ခန့်အချိန်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး မော်လမြိုင် - ရန်ကုန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၈၄/၅နှင့် ၁၈၄/ ၆အကြား ပေါင်မြို့နယ်၊ မုတ္တမ သဲဖြူကုန်း ကျေးရွာအုပ်စု၊ မလတ်တောင်နံရံက ပြိုကျမှုဖြစ်ပွားခဲ့တာပါ။ တောင်ပြိုကျမှုကြောင့် နေအိမ် ၁၆ လုံးနဲ့ ခရီးသွားကားတွေနစ်မြုပ်ခဲ့တယ်လို့သိရပြီး အဲ့ဒီနေရာမှာ ရှာဖွေ ရှင်းလင်းမှုတွေလုပ်ဆောင်နေတာက ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ဆိုရင် ၅ ရက်မြောက်ရှိခဲ့ပြီဖြစ်ပါတယ်။ အဲ့ဒီနေရာမှာ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ရှာဖွေကယ်ဆယ် ရေး အထူးတပ်ဖွဲ့ဝင်တွေက နည်းပညာမြင့် ပစ္စည်းတွေ အသုံးပြုုပြီး ရှာဖွေရှင်းလင်းမှုတွေ လုပ်ဆောင်နေ သလို တပ်မတော်သားတွေ၊ ဌာနဆိုင်ရာအဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းအဖွဲ့တွေနဲ့ ဒေသခံပြည်သူတွေ ကလည်း ပူးပေါင်းပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေကြပါတယ်။

မနေ့က သြဂုတ်လ ၁၂ ရက်နေ့မှာပဲ အဲ့ဒီတောင်ပြိုကျမှုနေရာကို နိုင်ငံတော် ဒုတိယသမ္မတ ဦးဟင်နရီဗန် ထီးယူ ဦးစီးတဲ့ နိုင်ငံတော် အကြီး အကဲတွေ က သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ် ဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေကို ထောက်ပံ့ကြေးငွေတွေ ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

 ရဲနိုင်(လောက်ကိုင်)
ရန်ကုန်၊ သြဂုတ် ၁၃
ဓာတ်ပုံ- မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

(  Zawgyi  )

 မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕၊သဲျဖဴကုန္းေက်း႐ြာက ေတာင္ၿပိဳက်မႈေနရာကို နည္းပညာျမင့္ ကိရိယာပစၥည္းေတြနဲ႔ ရွာေဖြလင္းရွင္းမႈေတြ ဆက္လက္ လုပ္ေဆာင္ေနရာကေန ဒီကေန႔ ၾသဂုတ္လ ၁၃ ရက္ေန႔၊ မနက္ ၁၁ နာရီ အခ်ိန္ထိ ေသဆုံးသူ ဦးေရ ၆၂ ဦးထိ ရွာေဖြေတြ႕ရွိထားၿပီးျဖစ္တယ္လို႔ ေျမျပင္ေရာက္ရွိေနတဲ့ ျမန္မာႏိုင္ငံ မီးသတ္တပ္ဖြဲ႕မွ သိရပါတယ္။

အဆိုပါေတာင္ၿပိဳက်မႈက ၿပီးခဲ့တဲ့ ၾသဂုတ္လ ၉ ရက္၊ မနက္ ၇ နာရီ၊ မိနစ္ ၅ဝ ခန႔္အခ်ိန္မွာျဖစ္ပြားခဲ့တာျဖစ္ၿပီး ေမာ္လၿမိဳင္ - ရန္ကုန္လမ္းမႀကီး မိုင္တိုင္အမွတ္ ၁၈၄/၅ႏွင့္ ၁၈၄/ ၆အၾကား ေပါင္ၿမိဳ႕နယ္၊ မုတၱမ သဲျဖဴကုန္း ေက်း႐ြာအုပ္စု၊ မလတ္ေတာင္နံရံက ၿပိဳက်မႈျဖစ္ပြားခဲ့တာပါ။ ေတာင္ၿပိဳက်မႈေၾကာင့္ ေနအိမ္ ၁၆ လုံးနဲ႔ ခရီးသြားကားေတြနစ္ျမဳပ္ခဲ့တယ္လို႔သိရၿပီး အဲ့ဒီေနရာမွာ ရွာေဖြ ရွင္းလင္းမႈေတြလုပ္ေဆာင္ေနတာက ဒီကေန႔ ၾသဂုတ္လ ၁၃ ရက္ေန႔ဆိုရင္ ၅ ရက္ေျမာက္ရွိခဲ့ၿပီျဖစ္ပါတယ္။ အဲ့ဒီေနရာမွာ ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕ဌာနခ်ဳပ္နဲ႔ ရန္ကုန္တိုင္းေဒသႀကီး မီးသတ္ဦးစီးမႉး႐ုံးမွ ရွာေဖြကယ္ဆယ္ ေရး အထူးတပ္ဖြဲ႕ဝင္ေတြက နည္းပညာျမင့္ ပစၥည္းေတြ အသုံးျပဳုၿပီး ရွာေဖြရွင္းလင္းမႈေတြ လုပ္ေဆာင္ေန သလို တပ္မေတာ္သားေတြ၊ ဌာနဆိုင္ရာအဖြဲ႕အစည္းေတြ၊ လူမႈကူညီေရးအသင္းအဖြဲ႕ေတြနဲ႔ ေဒသခံျပည္သူေတြ ကလည္း ပူးေပါင္းၿပီး ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ားကို ဆက္လက္လုပ္ေဆာင္ေနၾကပါတယ္။

မေန႔က ၾသဂုတ္လ ၁၂ ရက္ေန႔မွာပဲ အဲ့ဒီေတာင္ၿပိဳက်မႈေနရာကို ႏိုင္ငံေတာ္ ဒုတိယသမၼတ ဦးဟင္နရီဗန္ ထီးယူ ဦးစီးတဲ့ ႏိုင္ငံေတာ္ အႀကီး အကဲေတြ က သြားေရာက္ၾကည့္ရႈစစ္ေဆးခဲ့ၿပီး ကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ ေဆာင္ေနတဲ့ မီးသတ္တပ္ဖြဲ႕ဝင္ေတြကို ေထာက္ပံ့ေၾကးေငြေတြ ခ်ီးျမႇင့္ခဲ့တယ္လို႔ သိရပါတယ္။

 ရဲႏိုင္(ေလာက္ကိုင္)
ရန္ကုန္၊ ၾသဂုတ္ ၁၃
ဓာတ္ပုံ- ျမန္မာႏိုင္ငံမီးသတ္တပ္ဖြဲ႕