ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့် မြန်မာနိုင်ငံဆိုင်ရာကန်သံအမတ်ဟောင်း NDI ဥက္ကဌ တို့တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ နှင့် မြန်မာနိုင်ငံဆိုင်ရာကန်သံအမတ်ဟောင်း NDI ဥက္ကဌ တို့တွေ့ဆုံ

မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုအခြေအနေနှင့်ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့် မြန်မာနိုင်ငံ ဆိုင်ရာ ကန်သံအမတ်ဟောင်း National Democratic Institute (NDI) ဥက္ကဌ H.E.Mr. Derek Mitchell တို့သည် ဒီကနေ့ နိုဝင်ဘာ ၂၂ ရက်၊ နံနက်ပိုင်းအချိန်က  နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ်ရုံး ဧည့်ခန်းမမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းသို့ တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုအခြေအနေများ၊ မြန်မာနိုင်ငံရေးတွင် နိုင်ငံရေးပါတီများ၊ လွှတ်တော် အသီးသီးတွင် ကူညီဆောင်ရွက်ပေးမည့် အခြေအနေများနှင့်ပတ်သက်၍ နှစ်ဖက်အမြင်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အတူ ပါတီထိပ်ပိုင်းခေါင်းဆောင်များတက်ရောက်ခဲ့ကြပြီး National Democratic Institute (NDI)ဘက်မှ ဥက္ကဋ္ဌဖြစ်သူ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီးဟောင်း H.E.Mr. Derek Mitchell နှင့်အတူ အဖွဲ့ဝင် (၅)ဦးတက်ရောက်ခဲ့ကြတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

ပြေသိမ်း
နေပြည်တော်၊နိုဝင်ဘာ ၂၂
ဓါတ်ပုံ - USDP

(  Zawgyi  )




ပြေသိမ်း
ဓါတ်ပုံ - USDP