ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

ပြည်ထောင်စုအခွန်အကောက် ဥပဒေကြမ်းအား ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်း

အခွန်ထမ်းပြည်သူများ အခွန်တာဝန်ကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ထမ်းဆောင်နိုင်ရေး၊ မျှတသော အခွန်နှုန်းများ ဖြစ်စေရေး၊ ၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား ယနေ့ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အစိုးရအဖွဲ့ ကိုယ်စား၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ တင်သွင်းခဲ့ပါတယ်။

၂၀၁၉ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းအား ၂၀၁၄ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို (၂၅-၂-၂၀၁၄) ရက်နေ့တွင် ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် နဝမပုံမှန်အစည်းအဝေး (၁၇) ရက်မြောက်နေ့တွင် ပထမဆုံးအကြိမ် တင်ခဲ့ပါကြောင်း၊ ၂၀၁၉ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေသည် သတ္တမမြောက် ဖြစ်ပါကြောင်း၊ နှစ်စဉ် အခွန်အကောက်ဥပဒေသည် နိုင်ငံတော်အတွက် အခွန်ရရှိရေးအတွက်သာကြည့်၍ ပြဌာန်းခြင်းမဟုတ်ဘဲ ဘက်ပေါင်းစုံမှ ချဉ်းကပ်သုံးသပ်၍ ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံတော်အတွက် အခွန်ရရှိရေးသာမက အခွန်ထမ်းပြည်သူများ အခွန်တာဝန်ကို ဝန်ထုတ်ဝန်ပိုးမဖြစ်စေဘဲ ထမ်းဆောင်နိုင်ရေး၊ မျှတသော အခွန်နှုန်းများဖြစ်စေရေး၊ နိုင်ငံ၏ စီးပွားရေးဖွ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရေးတို့အတွက် ဂရုပြုဆောင်ရွက်ထားပါကြောင်း၊ ယင်းဥပဒေကို ၂၀၁၈-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို အခြေခံ၍ ပြုစုရေးဆွဲထားပါကြောင်းနှင့် ၂၀၁၉ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှစ၍ အကျိုးသက်ရောက်မည် ဖြစ်ပါကြောင်း၊ ၂၀၁၉-ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းတွင် အခန်းပေါင်း (၁၀) ခန်း အပိုဒ်ပေါင်း (၄၀) ခုပါရှိပြီး၊ ၂၀၁၈/၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကို အခြေခံ၍ ပုဒ်မ၊ ပုဒ်မခွဲများ ထပ်မံဖြည့်စွက်ခြင်း၊ စကားရပ်များ ပယ်ဖျက်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်း၊ အခွန်နှုန်းထားများ ပြင်ဆင်ခြင်း၊ အထူးကုန်စည် အမျိုးအစားပယ်ဖျက်ခြင်းနှင့် ရတနာခွန်အဖြစ် ပြောင်းလဲခြင်း၊ ကင်းလွတ်ခွင့်ရ ကုန်စည်အမျိုးအစား ပယ်ဖျက်ခြင်း၊ ဒဏ်ကြေးတိုးမြင့်ခြင်းနှင့် ဆုကြေးငွေချီးမြှင့်နိုင်ရေး ဖြည့်စွက်ခြင်းတို့ဖြစ်ပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ ပြောကြားခဲ့ပါတယ်။

ယင်းအပြင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း မှ အခွန်ထမ်းပြည်သူများအပေါ် ကြီးမားသောသက်ရောက်မှုများ မဖြစ်စေရေးအတွက် ပြင်ဆင်ဖြည့်စွက်ချက်များ နည်းနိုင်သမျှ နည်းစေရန် ဆောင်ရွက်ထားပါကြောင်း၊ လက်ရှိ နိုင်ငံတော်၏ စီးပွားရေးအခြေအနေနှင့် လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်သင့်ပြင်ဆင်ထိုက်သည့် အခွန်နှုန်းများ ကင်းလွတ်ခွင့်များ သက်သာခွင့်ပြုခြင်းများကိုသာ ပါဝင်နိုင်ရန် ဆောင်ရွက်ထားပါကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ယခင်နှစ် ၂၀၁၈ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းပါ စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေခွန် နှုန်းထားများမှာ (က) ကျပ်သိန်းသုံးရာအထိ ၁၅ ရာခိုင်နှုန်း၊ (ခ) ကျပ်သိန်းသုံးရာ အထက်မှ သိန်းတစ်ထောင်အထိ ၂၀ ရာခိုင်နှုန်း၊ (ဃ) ကျပ်သိန်းတစ်ထောင်နှင့် အထက် ၃၀ ရာခိုင်နှုန်းတို့ဖြစ်ပြီး ယခုတင်သွင်းလိုက်သော ၂၀၁၉ ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းထဲတွင် စည်းကြပ်မှုမှ လွတ်ကင်းသော ဝင်ငွေများအပေါ် ကောက်ခံသည့် ဝင်ငွေခွန်နှုန်းထားများကို (က) တစ်ကျပ်မှ ကျပ်သိန်းတစ်ထောင်အထိ သုံးရာခိုင်နှုန်း၊ (ခ) ကျပ်သိန်းတစ်ထောင် အထက်မှ သိန်းသုံးထောင်အထိ ငါးရာခိုင်နှုန်း၊ (ဂ) သိန်းသုံးထောင် အထက်မှ သိန်းသုံးသောင်းအထိ ၁၀ ရာခိုင်နှုန်း၊ (ဃ) ကျပ်သိန်းသုံးသောင်း အထက် ၃၀ ရာခိုင်နှုန်းတို့သို့ ပြောင်းလဲသတ်မှတ်ကြောင်း ထည့်သွင်းထားသည်။

ထိုသို့ပြင်ဆင်လျှော့ချလိုက်သော အခွန်နှုန်းထားများနှင့် ပတ်သက်ပြီး ဝင်ငွေခွန်နှုန်းထား လျှော့ချပေးခြင်းကို အခြေခံပစ္စည်းတစ်ရပ်ရပ် ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်းနှင့် လုပ်ငန်းအသစ် တည်ထောင်ခြင်း၊ လုပ်ငန်းထပ်မံတိုးချဲ့ခြင်းတို့အတွက် အသုံးပြုမည့် ငွေကြေးအပေါ်တွင်သာ ခံစားခွင့်ရရှိမှာ ဖြစ်ပါကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်းပြောကြားခဲ့ပါတယ်။

PTG
နေပြည်တော်၊ သြဂုတ် - ၇

( Zawgyi )

အခြန္ထမ္းျပည္သူမ်ား အခြန္တာဝန္ကို ဝန္ထုတ္ဝန္ပိုးမျဖစ္ေစဘဲ ထမ္းေဆာင္ႏိုင္ေရး၊ မွ်တေသာ အခြန္ႏႈန္းမ်ား ျဖစ္ေစေရး၊ ၂၀၁၉ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းအား ယေန႔ျပဳလုပ္သည့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးတြင္ အစိုးရအဖြဲ႕ ကိုယ္စား၊ စီမံကိန္းႏွင့္ ဘ႑ာေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း မွ တင္သြင္းခဲ့ပါတယ္။

၂၀၁၉ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းအား ၂၀၁၄ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒကို (၂၅-၂-၂၀၁၄) ရက္ေန႔တြင္ ပထမအႀကိမ္ ျပည္ေထာင္စုလႊတ္ေတာ္ နဝမပုံမွန္အစည္းအေဝး (၁၇) ရက္ေျမာက္ေန႔တြင္ ပထမဆုံးအႀကိမ္ တင္ခဲ့ပါေၾကာင္း၊ ၂၀၁၉ ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒသည္ သတၱမေျမာက္ ျဖစ္ပါေၾကာင္း၊ ႏွစ္စဥ္ အခြန္အေကာက္ဥပေဒသည္ ႏိုင္ငံေတာ္အတြက္ အခြန္ရရွိေရးအတြက္သာၾကည့္၍ ျပဌာန္းျခင္းမဟုတ္ဘဲ ဘက္ေပါင္းစုံမွ ခ်ဥ္းကပ္သုံးသပ္၍ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ႏိုင္ငံေတာ္အတြက္ အခြန္ရရွိေရးသာမက အခြန္ထမ္းျပည္သူမ်ား အခြန္တာဝန္ကို ဝန္ထုတ္ဝန္ပိုးမျဖစ္ေစဘဲ ထမ္းေဆာင္ႏိုင္ေရး၊ မွ်တေသာ အခြန္ႏႈန္းမ်ားျဖစ္ေစေရး၊ ႏိုင္ငံ၏ စီးပြားေရးဖြ႕ၿဖိဳးတိုးတက္မႈကို အေထာက္အကူျပဳေရးတို႔အတြက္ ဂ႐ုျပဳေဆာင္႐ြက္ထားပါေၾကာင္း၊ ယင္းဥပေဒကို ၂၀၁၈-၂၀၁၉ ခုႏွစ္၊ ျပည္ေထာင္စု၏ အခြန္အေကာက္ဥပေဒကို အေျခခံ၍ ျပဳစုေရးဆြဲထားပါေၾကာင္းႏွင့္ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလ (၁) ရက္ေန႔မွစ၍ အက်ိဳးသက္ေရာက္မည္ ျဖစ္ပါေၾကာင္း၊ ၂၀၁၉-ခုႏွစ္ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းတြင္ အခန္းေပါင္း (၁၀) ခန္း အပိုဒ္ေပါင္း (၄၀) ခုပါရွိၿပီး၊ ၂၀၁၈/၂၀၁၉ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒကို အေျခခံ၍ ပုဒ္မ၊ ပုဒ္မခြဲမ်ား ထပ္မံျဖည့္စြက္ျခင္း၊ စကားရပ္မ်ား ပယ္ဖ်က္ျခင္း၊ ထပ္မံျဖည့္စြက္ျခင္း၊ အခြန္ႏႈန္းထားမ်ား ျပင္ဆင္ျခင္း၊ အထူးကုန္စည္ အမ်ိဳးအစားပယ္ဖ်က္ျခင္းႏွင့္ ရတနာခြန္အျဖစ္ ေျပာင္းလဲျခင္း၊ ကင္းလြတ္ခြင့္ရ ကုန္စည္အမ်ိဳးအစား ပယ္ဖ်က္ျခင္း၊ ဒဏ္ေၾကးတိုးျမင့္ျခင္းႏွင့္ ဆုေၾကးေငြခ်ီးျမႇင့္ႏိုင္ေရး ျဖည့္စြက္ျခင္းတို႔ျဖစ္ပါေၾကာင္း ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း မွ ေျပာၾကားခဲ့ပါတယ္။

ယင္းအျပင္ ဒုတိယဝန္ႀကီး ဦးေမာင္ေမာင္ဝင္း မွ အခြန္ထမ္းျပည္သူမ်ားအေပၚ ႀကီးမားေသာသက္ေရာက္မႈမ်ား မျဖစ္ေစေရးအတြက္ ျပင္ဆင္ျဖည့္စြက္ခ်က္မ်ား နည္းႏိုင္သမွ် နည္းေစရန္ ေဆာင္႐ြက္ထားပါေၾကာင္း၊ လက္ရွိ ႏိုင္ငံေတာ္၏ စီးပြားေရးအေျခအေနႏွင့္ လိုက္ေလ်ာညီေထြျဖစ္ေစရန္ ျပင္ဆင္သင့္ျပင္ဆင္ထိုက္သည့္ အခြန္ႏႈန္းမ်ား ကင္းလြတ္ခြင့္မ်ား သက္သာခြင့္ျပဳျခင္းမ်ားကိုသာ ပါဝင္ႏိုင္ရန္ ေဆာင္႐ြက္ထားပါေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

ယခင္ႏွစ္ ၂၀၁၈ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းပါ စည္းၾကပ္မႈမွ လြတ္ကင္းေသာ ဝင္ေငြခြန္ ႏႈန္းထားမ်ားမွာ (က) က်ပ္သိန္းသုံးရာအထိ ၁၅ ရာခိုင္ႏႈန္း၊ (ခ) က်ပ္သိန္းသုံးရာ အထက္မွ သိန္းတစ္ေထာင္အထိ ၂၀ ရာခိုင္ႏႈန္း၊ (ဃ) က်ပ္သိန္းတစ္ေထာင္ႏွင့္ အထက္ ၃၀ ရာခိုင္ႏႈန္းတို႔ျဖစ္ၿပီး ယခုတင္သြင္းလိုက္ေသာ ၂၀၁၉ ျပည္ေထာင္စု၏ အခြန္အေကာက္ ဥပေဒၾကမ္းထဲတြင္ စည္းၾကပ္မႈမွ လြတ္ကင္းေသာ ဝင္ေငြမ်ားအေပၚ ေကာက္ခံသည့္ ဝင္ေငြခြန္ႏႈန္းထားမ်ားကို (က) တစ္က်ပ္မွ က်ပ္သိန္းတစ္ေထာင္အထိ သုံးရာခိုင္ႏႈန္း၊ (ခ) က်ပ္သိန္းတစ္ေထာင္ အထက္မွ သိန္းသုံးေထာင္အထိ ငါးရာခိုင္ႏႈန္း၊ (ဂ) သိန္းသုံးေထာင္ အထက္မွ သိန္းသုံးေသာင္းအထိ ၁၀ ရာခိုင္ႏႈန္း၊ (ဃ) က်ပ္သိန္းသုံးေသာင္း အထက္ ၃၀ ရာခိုင္ႏႈန္းတို႔သို႔ ေျပာင္းလဲသတ္မွတ္ေၾကာင္း ထည့္သြင္းထားသည္။

ထိုသို႔ျပင္ဆင္ေလွ်ာ့ခ်လိုက္ေသာ အခြန္ႏႈန္းထားမ်ားႏွင့္ ပတ္သက္ၿပီး ဝင္ေငြခြန္ႏႈန္းထား ေလွ်ာ့ခ်ေပးျခင္းကို အေျခခံပစၥည္းတစ္ရပ္ရပ္ ဝယ္ယူျခင္း၊ တည္ေဆာက္ျခင္း၊ ရယူျခင္းႏွင့္ လုပ္ငန္းအသစ္ တည္ေထာင္ျခင္း၊ လုပ္ငန္းထပ္မံတိုးခ်ဲ႕ျခင္းတို႔အတြက္ အသုံးျပဳမည့္ ေငြေၾကးအေပၚတြင္သာ ခံစားခြင့္ရရွိမွာ ျဖစ္ပါေၾကာင္း ဒုတိယဝန္ႀကီးက ရွင္းလင္းေျပာၾကားခဲ့ပါတယ္။

PTG
ေနျပည္ေတာ္၊ ၾသဂုတ္ - ၇