ပြည်သူအတွက်ပဲ ရည်ရွယ်ပြီး အလုပ်လုပ်နေသည့် အတွက်၂၀၂၀ မှာ ပြည်သူကပဲ အဆုံးအဖြတ် ပေးမည်ဟု တိုင်းဒေသကြီး လွှတ်တေ်ာကိုယ်စားလှယ် ဦးညီညီ ပြောကြား

ပြည်သူအတွက်ပဲ ရည်ရွယ်ပြီး အလုပ်လုပ်နေသည့် အတွက်၂၀၂၀ မှာ ပြည်သူကပဲ အဆုံးအဖြတ် ပေးမည်ဟု တိုင်းဒေသကြီး လွှတ်တေ်ာကိုယ်စားလှယ် ဦးညီညီ ပြောကြား

၂၀၂၀ အတွက်ရည်ရွယ်ပြီးအလုပ်လုပ်နေ တာမဟုတ်ပဲ ပြည်သူအတွက် ရည်ရွယ်ပြီး အလုပ်လုပ်နေတာဖြစ်သည့်အတွက် ၂၀၂၀ မှာရွေးခြင်း၊မရွေးခြင်းက ပြည်သူကပဲ အဆုံးအဖြတ် ပေးသွားမှာဖြစ် တယ်လို့ တောင်ဒဂုံမဲဆန္ဒနယ်မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တေ်ာကိုယ်စားလှယ် ဦးညီညီ ပြောကြားလိုက်ပါတယ်။

ပြည်သူလူထုကတင်ပြလာတဲ့တင်ပြချက်တွေအခက်အခဲတွေကိုပြည်သူကျေနပ်အောင်ရှင်းပြပေးနိုင်ဖို့က လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အရည်အချင်းတွေဖြစ်သလို ဒါကလည်း ပညာရပ် တစ်ခုဖြစ်တယ်လို့လည်း ၎င်းကဆိုပါတယ်။

“၂၀၂၀ ဆိုတဲ့ဟာကိုအလုပ်နဲ့ပဲသွားတာကောင်းပါတယ်။ အလုပ်သည် စည်းရုံးရေးပါပဲ အလုပ် လုပ်နေ တဲ့ သူတစ်ယောက်သည် အလိုလိုနေရင်းနဲ့ကစည်းရုံးရေးပါထားပြီးဖြစ်ပါတယ်။ ကျနော် အနေနဲ့ပြောချင်တာက ၂၀၂၀ အတွက်ကိုရည်ရွယ်ပြီးတော့အလုပ် မလုပ်ပါဘူးပြည်သူအတွက် ကိုပဲ ရည်ရွယ်ပြီးတော့ အလုပ်လုပ်ပါတယ်။ရွေးတယ် မရွေးတယ်ဆိုတာလည်း ၂၀၂၀ မှာပြည်သူကပဲ အဆုံးအဖြတ်ပေးသွားမှာပါ။ ကျနော်တို့အဖွဲ့ချုပ်ကလူကြီးတွေကလည်း အမျှော်အမြင်ကြီးကြီးနဲ့ တကယ်ပဲ လူထုကို ထိတွေ့ပြီး တော့လုပ်ကိုင်နိုင်တဲ့သူ လူထုအကျိုးကိုဆောင်ရွက် ပေးနိုင်တဲ့သူ ကိုလည်းပဲရွေးချယ်သွားမယ်ဆိုတာအားလုံးသိပြီးဖြစ်တယ်လို့ကျနော်ပြောချင်ပါတယ်။” လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီ ကပြောကြားခဲ့ပါတယ်။

လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်နေမှုအပိုင်းတွေကို Opinion Leaders Media က မေးမြန်းခဲ့ရာတွင်လည်း တိုင်းဒေသကြီးလွှတ်တေ်ာကိုယ်စားလှယ် ဦးညီညီ က “စာမေးပွဲဖြေဖို့အတွက်စာပုံမှန်ကျက်ရမယ်၊ အနီးကပ် ရောက်မှစားမေးပွဲအတွက်ကိုစာတွေကိုဝုန်းဝုန်းနဲ့ ကျက်တယ်ဆိုရင်တော့စာမေးပွဲကိုလည်းမလေးစားရာရောက်တယ်လို့ပြောချင်ပါတယ်။အဲ့တော့ကိုယ် စာမေးပွဲဖြေရမှာသိပြီ စာမေးပွဲဖြေသူအဖြစ်ကိုလုပ်ရမယ်ဆိုရင်တော့ တစ်နေ့စာကို တစ်နေ့ပုံမှန် ကျက်ဖို့လိုတယ်။စာမေးပွဲကိုလည်းလေးလေးစားဖြစ်ဖို့လိုအပ်ပါတယ်။စာတွေကိုလည်းမိမိခေါင်းထဲကိုကျက်မှတ်နိုင်ဖို့လိုပါတယ်။ဒါဆိုရင်တော့မိမိဖြေဆိုမယ့်စာမေးပွဲအောင်ဖို့အတွက်ကို ဒါ အေးအေးဆေးဆေး ဖြစ်သွားပါပြီ။ဂုဏ်ထူး ဘယ်လောက်ထွက်လဲ ဆိုတာကိုပဲစဉ်းစားရမှာဖြစ်ပါတယ်။

အဲ့လိုပါပဲ ကျနော် တို့လွှတ်တော်ကိုယ်စားလှယ်တွေက ၂၀၂၀ ဆိုတဲ့ဟာကို ခေါင်းထဲကို ထည့်ထား စရာမလိုပါဘူး။ကျနော်တို့ထည့်ထားရမယ့်ဟာကအလုပ်ပါ ပြည်သူကို ဘယ်လောက် အထိ အလုပ် အကျွေးပြုနိုင်မလဲ ပြည်သူတွေတင်ပြလာတဲ့ အကူအညီတောင်းခံမှုတွေကို ဘယ်လိုတွေဆောင်ရွက်ပေးနိုင်မလဲ။

ဆိုကြပါစို့ ကျနော်ကလွှတ်တော်မှာဆွေးနွေးပြီ လမ်းတွေအတွက် တံတားတွေ အတွက်လိုပါတယ်။ အကယ်၍ ဒီလမ်းတံတားဆေးရုံတွေကို ကျနော်ကတောင်းတယ်လမ်းကို လေးငါးခြောက်ဆယ် တောင်းတယ် ဒါပေမယ့် တကယ်တမ်းသက်ဆိုင်ရာ စည်ပင်ကချပေးတဲ့ဟာမြို့တော်ဝန်ကြီးချပေးတဲ့ဟာ (၁၀) လမ်းပဲရှိတယ် ကျန်တဲ့လမ်းတွေကိုမပေးနိုင်ဘူးဆိုရင် အဲ့ဟာကိုကျန်တဲ့လမ်းတွေ ကိုပါဖြေရှင်းပေးနိုင်အောင် လို့ ပြည်သူကျေနပ်အောင်လို့ ဘယ်လိုလုပ်ပေးရမလဲ ဆိုတဲ့ ဟာကို ကျနော်တို့
စဉ်းစားထားရမယ်။

လွှတ်တော်မှာမေးခွန်းမေးနေလို့လမ်းတွေတောင်းနေလို့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ဒါသိပ်တော့မဟုတ်သေးဘူးလို့ပြောချင်ပါတယ်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ တင်ပြ လာတဲ့ တင်ပြချက်တွေ အဲ့ဒီအခက်အခဲတွေကို ပြည်သူကျေနပ်အောင်ရှင်းပြပေးနိုင်ဖို့က လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်ရဲ့အရည်အချင်းတွေဖြစ်သလိုဒါကလည်းပညာရပ်တစ်ခုလို့ပြောချင်ပါတယ်။”လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ပြေသိမ်း
ရန်ကုန်၊သြဂုတ် ၁၂

(  Zawgyi  )

 ၂၀၂၀ အတြက္ရည္႐ြယ္ၿပီးအလုပ္လုပ္ေန တာမဟုတ္ပဲ ျပည္သူအတြက္ ရည္႐ြယ္ၿပီး အလုပ္လုပ္ေနတာျဖစ္သည့္အတြက္ ၂၀၂၀ မွာေ႐ြးျခင္း၊မေ႐ြးျခင္းက ျပည္သူကပဲ အဆုံးအျဖတ္ ေပးသြားမွာျဖစ္ တယ္လို႔ ေတာင္ဒဂုံမဲဆႏၵနယ္မွ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတ္ာကိုယ္စားလွယ္ ဦးညီညီ ေျပာၾကားလိုက္ပါတယ္။

ျပည္သူလူထုကတင္ျပလာတဲ့တင္ျပခ်က္ေတြအခက္အခဲေတြကိုျပည္သူေက်နပ္ေအာင္ရွင္းျပေပးႏိုင္ဖို႔က လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္ရဲ႕ အရည္အခ်င္းေတြျဖစ္သလို ဒါကလည္း ပညာရပ္ တစ္ခုျဖစ္တယ္လို႔လည္း ၎ကဆိုပါတယ္။

“၂၀၂၀ ဆိုတဲ့ဟာကိုအလုပ္နဲ႔ပဲသြားတာေကာင္းပါတယ္။ အလုပ္သည္ စည္း႐ုံးေရးပါပဲ အလုပ္ လုပ္ေန တဲ့ သူတစ္ေယာက္သည္ အလိုလိုေနရင္းနဲ႔ကစည္း႐ုံးေရးပါထားၿပီးျဖစ္ပါတယ္။ က်ေနာ္ အေနနဲ႔ေျပာခ်င္တာက ၂၀၂၀ အတြက္ကိုရည္႐ြယ္ၿပီးေတာ့အလုပ္ မလုပ္ပါဘူးျပည္သူအတြက္ ကိုပဲ ရည္႐ြယ္ၿပီးေတာ့ အလုပ္လုပ္ပါတယ္။ေ႐ြးတယ္ မေ႐ြးတယ္ဆိုတာလည္း ၂၀၂၀ မွာျပည္သူကပဲ အဆုံးအျဖတ္ေပးသြားမွာပါ။ က်ေနာ္တို႔အဖြဲ႕ခ်ဳပ္ကလူႀကီးေတြကလည္း အေမွ်ာ္အျမင္ႀကီးႀကီးနဲ႔ တကယ္ပဲ လူထုကို ထိေတြ႕ၿပီး ေတာ့လုပ္ကိုင္ႏိုင္တဲ့သူ လူထုအက်ိဳးကိုေဆာင္႐ြက္ ေပးႏိုင္တဲ့သူ ကိုလည္းပဲေ႐ြးခ်ယ္သြားမယ္ဆိုတာအားလုံးသိၿပီးျဖစ္တယ္လို႔က်ေနာ္ေျပာခ်င္ပါတယ္။” လို႔ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးညီညီ ကေျပာၾကားခဲ့ပါတယ္။

လာမည့္ ၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲႀကီးအတြက္ ႀကိဳတင္ျပင္ဆင္ေနမႈအပိုင္းေတြကို Opinion Leaders Media က ေမးျမန္းခဲ့ရာတြင္လည္း တိုင္းေဒသႀကီးလႊတ္ေတ္ာကိုယ္စားလွယ္ ဦးညီညီ က “စာေမးပြဲေျဖဖို႔အတြက္စာပုံမွန္က်က္ရမယ္၊ အနီးကပ္ ေရာက္မွစားေမးပြဲအတြက္ကိုစာေတြကိုဝုန္းဝုန္းနဲ႔ က်က္တယ္ဆိုရင္ေတာ့စာေမးပြဲကိုလည္းမေလးစားရာေရာက္တယ္လို႔ေျပာခ်င္ပါတယ္။အဲ့ေတာ့ကိုယ္ စာေမးပြဲေျဖရမွာသိၿပီ စာေမးပြဲေျဖသူအျဖစ္ကိုလုပ္ရမယ္ဆိုရင္ေတာ့ တစ္ေန႔စာကို တစ္ေန႔ပုံမွန္ က်က္ဖို႔လိုတယ္။စာေမးပြဲကိုလည္းေလးေလးစားျဖစ္ဖို႔လိုအပ္ပါတယ္။စာေတြကိုလည္းမိမိေခါင္းထဲကိုက်က္မွတ္ႏိုင္ဖို႔လိုပါတယ္။ဒါဆိုရင္ေတာ့မိမိေျဖဆိုမယ့္စာေမးပြဲေအာင္ဖို႔အတြက္ကို ဒါ ေအးေအးေဆးေဆး ျဖစ္သြားပါၿပီ။ဂုဏ္ထူး ဘယ္ေလာက္ထြက္လဲ ဆိုတာကိုပဲစဥ္းစားရမွာျဖစ္ပါတယ္။

အဲ့လိုပါပဲ က်ေနာ္ တို႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ၂၀၂၀ ဆိုတဲ့ဟာကို ေခါင္းထဲကို ထည့္ထား စရာမလိုပါဘူး။က်ေနာ္တို႔ထည့္ထားရမယ့္ဟာကအလုပ္ပါ ျပည္သူကို ဘယ္ေလာက္ အထိ အလုပ္ အေကြၽးျပဳႏိုင္မလဲ ျပည္သူေတြတင္ျပလာတဲ့ အကူအညီေတာင္းခံမႈေတြကို ဘယ္လိုေတြေဆာင္႐ြက္ေပးႏိုင္မလဲ။

ဆိုၾကပါစို႔ က်ေနာ္ကလႊတ္ေတာ္မွာေဆြးေႏြးၿပီ လမ္းေတြအတြက္ တံတားေတြ အတြက္လိုပါတယ္။ အကယ္၍ ဒီလမ္းတံတားေဆး႐ုံေတြကို က်ေနာ္ကေတာင္းတယ္လမ္းကို ေလးငါးေျခာက္ဆယ္ ေတာင္းတယ္ ဒါေပမယ့္ တကယ္တမ္းသက္ဆိုင္ရာ စည္ပင္ကခ်ေပးတဲ့ဟာၿမိဳ႕ေတာ္ဝန္ႀကီးခ်ေပးတဲ့ဟာ (၁၀) လမ္းပဲရွိတယ္ က်န္တဲ့လမ္းေတြကိုမေပးႏိုင္ဘူးဆိုရင္ အဲ့ဟာကိုက်န္တဲ့လမ္းေတြ ကိုပါေျဖရွင္းေပးႏိုင္ေအာင္ လို႔ ျပည္သူေက်နပ္ေအာင္လို႔ ဘယ္လိုလုပ္ေပးရမလဲ ဆိုတဲ့ ဟာကို က်ေနာ္တို႔
စဥ္းစားထားရမယ္။

လႊတ္ေတာ္မွာေမးခြန္းေမးေနလို႔လမ္းေတြေတာင္းေနလို႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ဒါသိပ္ေတာ့မဟုတ္ေသးဘူးလို႔ေျပာခ်င္ပါတယ္။အဲ့ေတာ့ဘယ္လိုပဲျဖစ္ျဖစ္ ျပည္သူလူထုရဲ႕ တင္ျပ လာတဲ့ တင္ျပခ်က္ေတြ အဲ့ဒီအခက္အခဲေတြကို ျပည္သူေက်နပ္ေအာင္ရွင္းျပေပးႏိုင္ဖို႔က လႊတ္ေတာ္ ကိုယ္စားလွယ္တစ္ေယာက္ရဲ႕အရည္အခ်င္းေတြျဖစ္သလိုဒါကလည္းပညာရပ္တစ္ခုလို႔ေျပာခ်င္ပါတယ္။”လို႔ ဆက္လက္ေျပာျပခဲ့ပါတယ္။

ေျပသိမ္း
ရန္ကုန္၊ၾသဂုတ္ ၁၂