ဘဏ္ဍာနှစ်သစ် တစ်လအတွင်း ပြည်ပသို့ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် တင်ပို့ထား

ဘဏ္ဍာနှစ်သစ် တစ်လအတွင်း ပြည်ပသို့ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် တင်ပို့ထား

ကုန်သွယ်ရေးဦးစီးဌာနက နိုဝင်ဘာလအတွင်း ထုတ်ပြန်သည့်  ကာလတူ ပုံမှန်/နယ်စပ် ပြည်ပပို့ကုန် အုပ်စုအလိုက် နှိုင်းယှဉ်သည့် စာရင်းအချက်အလက်အရ ပြည်ပသို့ ယခုဘဏ္ဍာနှစ် ပထမလအတွင်း တင်ပို့သည့် ကုန်ပမာဏမှာ ကန်ဒေါ်လာ တစ်ဘီလျံခွဲကျော် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါစာရင်းအချက်အလက်အရ ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်း ပြည်ပသို့ ကုန်ပစ္စည်း ကန်ဒေါ်လာ ၁၅၇၉ ဒသမ ၂၀၁ သန်း တင်ပို့ခဲ့ရာမှာ လယ်ယာထွက်ကုန်မှ ကန်ဒေါ်လာ ၂၆၄ ဒသမ ၄၇၅ သန်း၊ တိရစ္ဆာန်ထွက်ကုန်မှ ကန်ဒေါ် လာ ၂၀ ဒသမ ၁၇၄ သန်း၊ ရေထွက်ကုန်မှ ကန်ဒေါ်လာ ၉၃ ဒသမ ၁၉၀ သန်း၊ သတ္တုတွင်းထွက်မှ ကန်ဒေါ်လာ ၃၉၉ ဒသမ ၄၇၈ သန်း၊ သစ်တောထွက်ကုန်မှ ကန်ဒေါ်လာ ၁၄ ဒသမ ၇၁၇ သန်း၊ စက်မှုကုန်ချောမှ ကန်ဒေါ်လာ ၇၃၅ ဒသမ ၅၀၂ သန်းနှင့် အခြားတင်ပို့ကုန်မှ ကန်ဒေါ်လာ ၅၁ ဒသမ ၆၆၅ သန်း တင်ပို့နိုင်ခဲ့ကြောင်း သိရပါတယ်။    

၂၀၁၉ ခုနှစ် အောက်တိုဘာလမှ နိုဝင်ဘာ ၁ ရက်အထိ ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုပမာဏကို ပြန်ကြည့်ပါက တစ်လကျော်ကာလအတွင်း ကန်ဒေါ်လာ ၁၅၇၉ ဒသမ ၂၀၁  သန်းရှိကာ စက်မှုကုန်ချောကဏ္ဍ တစ်ခုတည်းမှ ကန်ဒေါ်လာ ၇၃၅ ဒသမ ၅၀၂ သန်းဖိုး တင်ပို့ခဲ့ကြောင်း သိရပါတယ်။

ပြီးခဲ့သည့် ၂၀၁၈- ၂၀၁၉ ဘဏ္ဍာနှစ်တစ်ခုအတွင်း ပြည်ပသို့ တင်ပို့မှုပမာဏ ၁၆ ဘီလျံခွဲနီးပါးတွင် နိုင်ငံပိုင်ကဏ္ဍမှ အမေရိကန်ဒေါ်လာ လေးဘီလျံခွဲနီးပါးနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ဆယ်တစ်ဘီလျံကျော် တင်ပို့ခဲ့ပြီး ထိုပမာဏမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကာလတူထက် ကန်ဒေါ်လာသန်း ၈၀ဝ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ထို သန်း ၈၀ဝ နီးပါးတွင် နိုင်ငံပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၈၁ ဒသမ ၉၇၉ သန်းနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍမှ ကန်ဒေါ်လာ ၇၁၀ ဒသမ ၄၂၄ သန်း ပိုမိုတင်ပို့နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။      

PWA
ရန်ကုန်၊ နိုဝင်ဘာ - ၁၆

( Zawgyi )

ကုန္သြယ္ေရးဦးစီးဌာနက ႏိုဝင္ဘာလအတြင္း ထုတ္ျပန္သည့္  ကာလတူ ပုံမွန္/နယ္စပ္ ျပည္ပပို႔ကုန္ အုပ္စုအလိုက္ ႏႈိင္းယွဥ္သည့္ စာရင္းအခ်က္အလက္အရ ျပည္ပသို႔ ယခုဘ႑ာႏွစ္ ပထမလအတြင္း တင္ပို႔သည့္ ကုန္ပမာဏမွာ ကန္ေဒၚလာ တစ္ဘီလ်ံခြဲေက်ာ္ တင္ပို႔ခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါစာရင္းအခ်က္အလက္အရ ၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလအတြင္း ျပည္ပသို႔ ကုန္ပစၥည္း ကန္ေဒၚလာ ၁၅၇၉ ဒသမ ၂၀၁ သန္း တင္ပို႔ခဲ့ရာမွာ လယ္ယာထြက္ကုန္မွ ကန္ေဒၚလာ ၂၆၄ ဒသမ ၄၇၅ သန္း၊ တိရစာၦန္ထြက္ကုန္မွ ကန္ေဒၚ လာ ၂၀ ဒသမ ၁၇၄ သန္း၊ ေရထြက္ကုန္မွ ကန္ေဒၚလာ ၉၃ ဒသမ ၁၉၀ သန္း၊ သတၱဳတြင္းထြက္မွ ကန္ေဒၚလာ ၃၉၉ ဒသမ ၄၇၈ သန္း၊ သစ္ေတာထြက္ကုန္မွ ကန္ေဒၚလာ ၁၄ ဒသမ ၇၁၇ သန္း၊ စက္မႈကုန္ေခ်ာမွ ကန္ေဒၚလာ ၇၃၅ ဒသမ ၅၀၂ သန္းႏွင့္ အျခားတင္ပို႔ကုန္မွ ကန္ေဒၚလာ ၅၁ ဒသမ ၆၆၅ သန္း တင္ပို႔ႏိုင္ခဲ့ေၾကာင္း သိရပါတယ္။    

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွ ႏိုဝင္ဘာ ၁ ရက္အထိ ျပည္ပသို႔ ကုန္ပစၥည္းတင္ပို႔မႈပမာဏကို ျပန္ၾကည့္ပါက တစ္လေက်ာ္ကာလအတြင္း ကန္ေဒၚလာ ၁၅၇၉ ဒသမ ၂၀၁  သန္းရွိကာ စက္မႈကုန္ေခ်ာက႑ တစ္ခုတည္းမွ ကန္ေဒၚလာ ၇၃၅ ဒသမ ၅၀၂ သန္းဖိုး တင္ပို႔ခဲ့ေၾကာင္း သိရပါတယ္။

ၿပီးခဲ့သည့္ ၂၀၁၈- ၂၀၁၉ ဘ႑ာႏွစ္တစ္ခုအတြင္း ျပည္ပသို႔ တင္ပို႔မႈပမာဏ ၁၆ ဘီလ်ံခြဲနီးပါးတြင္ ႏိုင္ငံပိုင္က႑မွ အေမရိကန္ေဒၚလာ ေလးဘီလ်ံခြဲနီးပါးႏွင့္ ပုဂၢလိကပိုင္က႑မွ ဆယ္တစ္ဘီလ်ံေက်ာ္ တင္ပို႔ခဲ့ၿပီး ထိုပမာဏမွာ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ကာလတူထက္ ကန္ေဒၚလာသန္း ၈၀ဝ နီးပါး ပိုမိုတင္ပို႔ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။ထို သန္း ၈၀ဝ နီးပါးတြင္ ႏိုင္ငံပိုင္က႑မွ ကန္ေဒၚလာ ၈၁ ဒသမ ၉၇၉ သန္းႏွင့္ ပုဂၢလိကပိုင္က႑မွ ကန္ေဒၚလာ ၇၁၀ ဒသမ ၄၂၄ သန္း ပိုမိုတင္ပို႔ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။      

PWA
ရန္ကုန္၊ ႏိုဝင္ဘာ - ၁၆