ဘဏ္ဍာရေးနှစ်သစ် နှစ်လကျော် ကာလအတွင်း ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှု ကန်ဒေါ်လာ ၆ ဘီလျံကျော်ရှိလာ

ဘဏ္ဍာရေးနှစ်သစ် နှစ်လကျော် ကာလအတွင်း  ပြည်ပနိုင်ငံများနှင့်ကုန်သွယ်မှု ကန်ဒေါ်လာ ၆ ဘီလျံကျော်ရှိလာ

စီးပွား/ ကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်သည့် နောက်ဆုံးအချက်အလက်များအရ အောက်တိုဘာ ၁ ရက်မှ စတင်သည့် ဘဏ္ဍာရေးနှစ်သစ် နှစ်လကျော်ကာလအတွင်း ပြည်ပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၆ ဘီလျံကျော်ရှိလာပြီး ယခင်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း ၃၀၀ ကျော် ပိုမိုကုန်သွယ်ခဲ့ ကြောင်း သိရပါတယ်။

    စီးပွား/ ကူးသန်း ဝန်ကြီးဌာနကထုတ်ပြန်သည့် ဘဏ္ဍာနှစ်အ လိုက် ပုံမှန်/နယ်စပ် (နိုင်ငံအလိုက်) ပို့ကုန်၊ သွင်းကုန်၊ ကုန်သွယ်မှုပမာဏ အခြေအနေစာရင်း ဇယားအရ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ကုန်သွယ်မှုပမာဏမှာပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာသန်းပေါင်း ၁၅၈၉  ဒသမ ၆၇၄သန်း နှင့် သွင်းကုန် အမေရိကန် ဒေါ်လာသန်းပေါင်း ၂၉၃၁ ဒသမ ၆၁၃  သန်း စုစုပေါင်းပင်လယ် ရေကြောင်း ကုန်သွယ် မှုပမာဏအမေရိကန် ဒေါ်လာသန်းပေါင်း ၄၅၂၀ ဒသမ ၇၃၈ သန်း ဖိုးကုန်သွယ်ခဲ့ကာ၊ နယ်စပ် မှ ကုန်သွယ်မှု ပမာဏမှာ ပို့ကုန်ပမာဏ အ မေရိကန် ဒေါ်လာသန်းပေါင်း ၁၀၈၈ ဒသမ ၆၁၄သန်း နှင့် သွင်းကုန် အမေရိကန် ဒေါ်လာသန်းပေါင်း၅၀၁ဒသမ ၉၃၂ သန်း စုစုပေါင်း နယ်စပ် ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ သန်းပေါင်း ၁၅၉၀ ဒသမ ၅၄၆သန်း ဖိုး ကုန်သွယ်ခဲ့ကြောင်း သိရပါတယ်။

ထိုပမာဏမှာ ယခင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် နိုဝင်ဘာ ၉  ရက်အထိစုပေါင်းကုန်သွယ်မှုပမာဏထက် အမေရိကန်ဒေါ်လာ  ၃၄၂ ဒသမ ၇၃၇သန်း ပိုမိုကုန်သွယ်ခဲ့ပြီး ပို့ကုန်တွင် အမေရိကန်ဒေါ်လာ ၂၆၁ ဒသမ၅၆၁ သန်း၊ သွင်းကုန်တွင် အမေရိကန်ဒေါ်လာ ၈၁ ဒသမ ၁၇၆ သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်းသိရပါတယ်။ကုန်သွယ်မှုလိုငွေပမာဏတွင် ယခင်ဘဏ္ဍာနှစ် ဒီဇင်ဘာ ၇  ရက်အထိ ကုန်သွယ်ရာတွင် အမေရိကန် ဒေါ် လာ ၉၃၆  ဒသမ ၁၉၁သန်းလိုငွေဖြစ်ပေါ်ခဲ့ရာမှ ယခုဘဏ္ဍာနှစ် ဒီဇင်ဘာ ၇  ရက်အထိ ကုန်သွယ်ရာတွင် အမေရိကန်ဒေါ်လာ ၇၅၅ ဒသမ ၈၀၆သန်းလိုငွေဖြစ်ပေါ်ခဲ့သဖြင့် ယခင်ကာလတူထက် အမေရိကန်ဒေါ်လာ ၁၈၀ ဒသမ ၃၈၅  သန်းလျော့နည်းခဲ့ကြောင်း သိရပါတယ်။

PWA
ရန်ကုန်၊ ဒီဇင်ဘာ ၁၆ 

( Zawgyi )

 စီးပြား/ ကူးသန္းဝန္ႀကီးဌာနက ထုတ္ျပန္သည့္ ေနာက္ဆုံးအခ်က္အလက္မ်ားအရ ေအာက္တိုဘာ ၁ ရက္မွ စတင္သည့္ ဘ႑ာေရးႏွစ္သစ္ ႏွစ္လေက်ာ္ကာလအတြင္း ျပည္ပႏိုင္ငံမ်ားႏွင့္ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ ေဒၚလာ ၆ ဘီလ်ံေက်ာ္ရွိလာၿပီး ယခင္ကာလတူထက္ အေမရိကန္ေဒၚလာ သန္း ၃၀၀ ေက်ာ္ ပိုမိုကုန္သြယ္ခဲ့ ေၾကာင္း သိရပါတယ္။

    စီးပြား/ ကူးသန္း ဝန္ႀကီးဌာနကထုတ္ျပန္သည့္ ဘ႑ာႏွစ္အ လိုက္ ပုံမွန္/နယ္စပ္ (ႏိုင္ငံအလိုက္) ပို႔ကုန္၊ သြင္းကုန္၊ ကုန္သြယ္မႈပမာဏ အေျခအေနစာရင္း ဇယားအရ ၂၀၁၈-၂၀၁၉ ဘ႑ာႏွစ္ ေအာက္တိုဘာ ၁ ရက္မွ ဒီဇင္ဘာ ၇ ရက္အတြင္း ပင္လယ္ေရေၾကာင္းမွ ကုန္သြယ္မႈပမာဏမွာပို႔ကုန္ပမာဏ အေမရိကန္ ေဒၚလာသန္းေပါင္း ၁၅၈၉  ဒသမ ၆၇၄သန္း ႏွင့္ သြင္းကုန္ အေမရိကန္ ေဒၚလာသန္းေပါင္း ၂၉၃၁ ဒသမ ၆၁၃  သန္း စုစုေပါင္းပင္လယ္ ေရေၾကာင္း ကုန္သြယ္ မႈပမာဏအေမရိကန္ ေဒၚလာသန္းေပါင္း ၄၅၂၀ ဒသမ ၇၃၈ သန္း ဖိုးကုန္သြယ္ခဲ့ကာ၊ နယ္စပ္ မွ ကုန္သြယ္မႈ ပမာဏမွာ ပို႔ကုန္ပမာဏ အ ေမရိကန္ ေဒၚလာသန္းေပါင္း ၁၀၈၈ ဒသမ ၆၁၄သန္း ႏွင့္ သြင္းကုန္ အေမရိကန္ ေဒၚလာသန္းေပါင္း၅၀၁ဒသမ ၉၃၂ သန္း စုစုေပါင္း နယ္စပ္ ကုန္သြယ္မႈပမာဏမွာ အေမရိကန္ ေဒၚလာ သန္းေပါင္း ၁၅၉၀ ဒသမ ၅၄၆သန္း ဖိုး ကုန္သြယ္ခဲ့ေၾကာင္း သိရပါတယ္။

ထိုပမာဏမွာ ယခင္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္ ႏိုဝင္ဘာ ၉  ရက္အထိစုေပါင္းကုန္သြယ္မႈပမာဏထက္ အေမရိကန္ေဒၚလာ  ၃၄၂ ဒသမ ၇၃၇သန္း ပိုမိုကုန္သြယ္ခဲ့ၿပီး ပို႔ကုန္တြင္ အေမရိကန္ေဒၚလာ ၂၆၁ ဒသမ၅၆၁ သန္း၊ သြင္းကုန္တြင္ အေမရိကန္ေဒၚလာ ၈၁ ဒသမ ၁၇၆ သန္း ပိုမိုကုန္သြယ္ႏိုင္ခဲ့ေၾကာင္းသိရပါတယ္။ကုန္သြယ္မႈလိုေငြပမာဏတြင္ ယခင္ဘ႑ာႏွစ္ ဒီဇင္ဘာ ၇  ရက္အထိ ကုန္သြယ္ရာတြင္ အေမရိကန္ ေဒၚ လာ ၉၃၆  ဒသမ ၁၉၁သန္းလိုေငြျဖစ္ေပၚခဲ့ရာမွ ယခုဘ႑ာႏွစ္ ဒီဇင္ဘာ ၇  ရက္အထိ ကုန္သြယ္ရာတြင္ အေမရိကန္ေဒၚလာ ၇၅၅ ဒသမ ၈၀၆သန္းလိုေငြျဖစ္ေပၚခဲ့သျဖင့္ ယခင္ကာလတူထက္ အေမရိကန္ေဒၚလာ ၁၈၀ ဒသမ ၃၈၅  သန္းေလ်ာ့နည္းခဲ့ေၾကာင္း သိရပါတယ္။

PWA
ရန္ကုန္၊ ဒီဇင္ဘာ ၁၆