မန္တလေးတွင် အသက်မပြည့်သေးတဲ့ လူငယ်အုပ်စုကမင်္ဂလာမန္တလေး ကားပါကင်CCTVကို ဖျက်ဆီးကာ ကျောင်းသား ၄ ဦးကို အုပ်စုလိုက်ဝိုင်းရိုက်

မန္တလေးမြို့ မင်္ဂလာမန္တလေးအိမ်ရာမှာ ယမန်နေ့ညနေပိုင်းက ကျောင်းသား ၄ ဦး လူတစ်စုရဲ့ဝိုင်းရိုက်နှက်ခံရလို့ ဒဏ်ရာတွေရရှိခဲ့တဲ့ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်မှာ သြဂုတ်လ ၈ ရက်နေ့ညနေ ၅ နာရီအချိန်ခန့်က မန္တလေး ချမ်းမြသာစည်မြို့နယ် ၇၃ လမ်း ငုရွှေဝါလမ်းနဲ့ သဇင်လမ်းကြားက မင်္ဂလာမန္တလေး ကားပါကင်ပထမထပ်မှာ အသက်မပြည့်သေးတဲ့ လူငယ်တွေပါဝင်တဲ့လူငယ် ၁၁ ဦးခန့်က ကားပါကင် စီစီတီဗီကိုဖျက်ဆီးနေကြောင်း၊ ၎င်းတို့ဟာ အနားမှာရှိနေတဲ့ Strategy First University ပုဂ္ဂလိကကျောင်းမှကျောင်းသား ၄ ဦးကိုလည်း အသင့်ပါလာ တဲ့သံတုတ် ဓားမြှောင်တို့နဲ့ချိန်ရွယ်ပြီး ဆဲဆိုရိုက်နှက်ထိုးကြိတ်နေကြောင်း၊ ဒီဖြစ်စဉ်အား လုံခြုံရေးဆောင် ရွက်နေ တဲ့ ဦးအောင်မြင့်သူ က အမှတ် ၁၁ နယ်မြေရဲစခန်းဆီဆက်သွယ် အကြောင်းကြားတာကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ချက်ချင်း ပဲရောက်လာ ဖမ်းဆီးနိုင် ခဲ့ကြောင်း သိရပါတယ်။

 ဖမ်းဆီးရမိမှုအရ လူငယ် ၁၁ ဦးဖြစ်ပြီး ၎င်းတို့အထဲမှာ အသက် ၁၈ နှစ်မပြည့်တဲ့သူတွေ ပါပါဝင်နေတယ် လို့လည်း ရဲမှတ်တမ်းကဖော်ပြ ထားပါတယ်။ အသက်မပြည့်သေးသူတွေကိုတော့ လူငယ်သင်တန်းကျောင်းမှာ ထိန်းသိမ်းခွင့်တောင်းရမှာပါ သူတို့ကိုပုဒ်မ ၄၄၀ နဲ့ အမှုဖွင့် ထားပါတယ် ပုဒ်မက အာမခံမရဘူး" လို့ အမှတ် ၁၁ ရဲစခန်းတာဝန်ကျရဲဝန်ထမ်းတစ်ဦးက Opinion Leaders media ကိုပြောပါတယ်။

ဒီဖြစ်စဉ်မှာ Strategy First University ပုဂ္ဂလိကကျောင်းမှမောင်ရဲသီဟအောင်မှာ မျက်လုံးဖူးယောင် ဦးခေါင်း နောက်စေ့ဖူးယောင် အောက်သွားဖုံးဖူးယောင်ဒဏ်ရာများ၊ မောင် ဇေယျာဆွေဝင်းမှာ မျက်လုံးအောက်ဖူး ယောက် အပေါ်နှုတ်ခမ်းဖူးယောင်ဒဏ်ရာများ၊ မောင် မြတ်မင်းကောင်း ယာဘက်မျက်လုံးဖူးယောင်ဒဏ်ရာများ၊ မောင်လင်းကိုဆောင် ဝဲမျက်လုံးအောက်ဖူးယောင် ဝဲမေးစေ့ဖူးယောင်ဒဏ်ရာများ အသီးသီးရရှိခဲ့တာကြောင့် ရဲနောင်(ခ)ဗေကြီး(အသက် ၂၀ နှစ် အောင်မြေသာစံမြို့နယ်)၊ အောင်ဖြိုးကျော်(ခ)ဖားကြီး (အသက် ၁၅ နှစ် အောင်မြေသာစံမြို့နယ်)၊ စည်သူနိုင် (အသက် ၁၈ နှစ် အောင်မြေသာစံမြို့နယ်)၊ ထွန်းရန်နိုင် (အသက် ၁၈ နှစ် ချမ်းအေးသာစံမြို့နယ်)၊ ကျော်မင်းထက်(ခ)ကျော်ကြီး(အသက် ၁၇ နှစ် အောင်မြေသာစံမြို့နယ်)၊ မြတ်ဘုန်းနိုင်(ခ)တုတ်ပေါ(အသက် ၁၇ နှစ် အောင်မြေသာစံမြို့နယ်)၊ အောင်ပြည့်မျိုးထက်(ခ)ဒိတ္ထိ(အသက် ၁၅ နှစ် အောင်မြေသာစံမြို့နယ်)၊ နေဇော်ဝင်း(ခ)ကုလား (အသက် ၂၀ နှစ် အောင်မြေသာစံမြို့နယ်)၊ ရန်ပိုင်မျိုး (အသက် ၁၈ နှစ် အောင်မြေသာစံမြို့နယ်)၊ ကောင်းကောင်း(ခ)ဖွတ်ကြီး(အသက် ၁၇ နှစ် အောင်မြေသာစံမြို့နယ်) နဲ့ အောင်ကျော်ဖြိုး(ခ)ငပေါ(အသက် ၁၈ နှစ် အောင်မြေသာစံမြို့နယ်)တို့ကို ချမ်းမြသာစည်မြို့နယ် အမှတ် ၁၁ ရဲစခန်းက (ပ)၄၇၃/၂၀၁၉ ရာဇသတ်ကြီးဥပဒေပုဒ်မ ၄၄၀(ထောင်ဒဏ် ၅ နှစ်အထိချမှတ်နိုင်တဲ့ဘနာကျင်အကျိုးဖျက်ဆီးမှု)နဲ့အမှုဖွင့်ထားတယ်လို့သိရပါတယ်။

KT
မန္တလေး၊ သြဂုတ် ၉

(  Zawgyi  )