မန္တလေးမြို့တွင် ဒုတိယမြောက် Covid-19 အတည်ပြုလူနာ တစ်ဦးထွက်ပေါ်၊ ၎င်း၏နေအိမ်အား Lock Down ချ၊ ထိတွေ့ခဲ့သူများ အား ဆေးရုံပို့

မန္တလေးမြို့တွင်  ဒုတိယမြောက် Covid-19 အတည်ပြုလူနာ တစ်ဦးထွက်ပေါ်၊ ၎င်း၏နေအိမ်အား Lock Down ချ၊ ထိတွေ့ခဲ့သူများ အား ဆေးရုံပို့

မန္တလေး အောင်မြေသာစံမြို့နယ်အတွင်းနေထိုင်တဲ့အမျိုးသမီးတစ်ဦး ဒီကနေ့ Covid-19 ရောဂါပိုးတွေ့ရှိစာရင်းထဲပါဝင်ခဲ့တဲ့အတွက် သူနေထိုင်တဲ့နေအိမ်ကို တာဝန်ရှိသူတွေက Lock Down ပြုလုပ်လိုက်သလို အတူနေမိသားစုဝင်တွေအပါအဝင် သူနဲ့ထိတွေ့ခဲ့သူ ၃ ဦးကိုပါ ကန်တော်နဒီဆေးရုံဆီပို့ဆောင်လိုက်ပြီဖြစ်ပါတယ်။

"Positive လူနာကိုတော့ နဒီမြန်မာဟိုတယ်ကနေ ကန်တော်နဒီဆေးရုံဆီရွှေ့ထားလိုက်ပြီ၊ ဒီမှာက သူ့နေအိမ်ကို Lock Down ချပြီး တစ်လမ်းလုံးကိုဆေးဖြန်းတာပါ၊ အတူနေမိသားစုတွေနဲ့ သူနဲ့ထိ တွေ့ခဲ့တဲ့သူနာပြုနှစ်ဦး ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ကိုလည်း ကန် တော်နဒီဆေးရုံဆီ ပို့လိုက်ပါ တယ် " လို့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်အမှတ်(၂) မှ လွှတ်တော် ကိုယ်စားလှယ်ဒေါက်တာအောင်ကျော်ဦးက Opinion Leaders ကိုပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ပိုင်းသတင်းထုတ်ပြန်မှုအရ Covid-19 ရောဂါပိုးတွေ့ရှိသူ နောက်ထပ် ၁၁ ဦး တွေ့ရှိခဲ့တာမှာ အဲဒီအထဲ မန္တလေးမြို့က တစ်ဦးလည်း ပါဝင်လာတယ်လို့ အတည်ပြုချက်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမျိုးသမီးက မန္တလေး အောင်မြေသာစံမြို့နယ် မေဃဂီရိရပ်ကွက် အမှတ် ၈၁၊ အကွက် ၁၄၂ ၁၈ လမ်း၊ ၈၂ လမ်းနဲ့ ၈၃ လမ်းကြား နေ အသက် ၃၈ နှစ်အရွယ် မခင်သွယ်သွယ်ထွန်းဆိုသူဖြစ်ပြီး ၎င်းဟာ စင်ကာပူ နိုင်ငံကတစ်ဆင့် တူရကီနိုင်ငံသို့ သွားရောက်လည်ပတ်ခဲ့ပြီး မတ်လ ၂၃ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်မြို့ဆီပြန်ရောက်လာတာမှာ ၁၄ ရက်ကြာ Quarantine နေထိုင်ခဲ့ကြောင်း၊ ဧပြီလ ၇ ရက်နေ့က မန္တလေးမြို့ကိုပြန်ရောက်လာပြီး Home  Quarantine အဖြစ်ဆက်လက်နေထိုင် ခဲ့ကြောင်း၊ နောက်တစ်ရက်မှာတော့ ကိုယ်လက်မအီ မသာဖြစ်လို့ နဒီမြန်မာဟိုတယ်မှာ Facility Quarantine အဖြစ် သွားရောက်နေထိုင်ရင်း Covid-19 အတည်ပြုလူနာအဖြစ် ဒီကနေ့မနက် ကြေညာခံခဲ့ရတာဖြစ်ကြောင်းသိရပါတယ်။

"တစ်လမ်းလုံးကို Lock Down ချတာတော့မဟုတ်သေးပါဘူး ဒါကလက်ရှိပြောလို့ ရသလောက် ပါပဲ၊ နောက်ပိုင်းတာဝန်ရှိသူတွေဘက်က ဘယ်လိုညွှန်ကြား လာမလဲတော့ မသိသေးဘူးပေါ့၊ လောလောဆယ်တော့ လမ်းထဲရှိသမျှနေအိမ်တွေကားတွေအကုန် ဆေးဖြန်းတယ် မိသားစုဝင် ၇ ဦးရယ် ကျန်းမာရေးဝန်ထမ်းနှစ်ဦးရယ် ရပ်ကွက်လူကြီးတစ်ယောက်ရယ်ကို ဆေးရုံမှာ စောင့်ကြည့် သွားဖို့ ပို့လိုက်ပါပြီ " လို့လည်း ၎င်းကပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့မတ်လ ၂၆ ရက်နေ့ကလည်း Covid-19 အတည်ပြုလူနာ တစ်ဦး တွေ့ရှိခဲ့ တာမှာ ၎င်းက ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာအိမ်ရာဆီပြန်လာတဲ့ အမေရိကန် နိုင်ငံသားခံ ယူထားသူအမျိုးသားတစ်ဦးဖြစ်ပြီး အခုအခါမှာတော့ ရောဂါပျောက်ကင်းလို့ ဆေးရုံကနေ ဆင်းခွင့်ရသွားပြီ ဖြစ်တယ်လို့သိရပါတယ်။

KT
မန္တလေး၊ ဧပြီ ၁၆

(  Zawgyi  )

 မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္အတြင္းေနထိုင္တဲ့အမ်ိဳးသမီးတစ္ဦး ဒီကေန႔ Covid-19 ေရာဂါပိုးေတြ႕ရွိစာရင္းထဲပါဝင္ခဲ့တဲ့အတြက္ သူေနထိုင္တဲ့ေနအိမ္ကို တာဝန္ရွိသူေတြက Lock Down ျပဳလုပ္လိုက္သလို အတူေနမိသားစုဝင္ေတြအပါအဝင္ သူနဲ႔ထိေတြ႕ခဲ့သူ ၃ ဦးကိုပါ ကန္ေတာ္နဒီေဆး႐ုံဆီပို႔ေဆာင္လိုက္ၿပီျဖစ္ပါတယ္။

"Positive လူနာကိုေတာ့ နဒီျမန္မာဟိုတယ္ကေန ကန္ေတာ္နဒီေဆး႐ုံဆီေ႐ႊ႕ထားလိုက္ၿပီ၊ ဒီမွာက သူ႔ေနအိမ္ကို Lock Down ခ်ၿပီး တစ္လမ္းလုံးကိုေဆးျဖန္းတာပါ၊ အတူေနမိသားစုေတြနဲ႔ သူနဲ႔ထိ ေတြ႕ခဲ့တဲ့သူနာျပဳႏွစ္ဦး ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉးတို႔ကိုလည္း ကန္ ေတာ္နဒီေဆး႐ုံဆီ ပို႔လိုက္ပါ တယ္ " လို႔ မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ ေအာင္ေျမသာစံၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) မွ လႊတ္ေတာ္ ကိုယ္စားလွယ္ေဒါက္တာေအာင္ေက်ာ္ဦးက Opinion Leaders ကိုေျပာပါတယ္။

က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ပိုင္းသတင္းထုတ္ျပန္မႈအရ Covid-19 ေရာဂါပိုးေတြ႕ရွိသူ ေနာက္ထပ္ ၁၁ ဦး ေတြ႕ရွိခဲ့တာမွာ အဲဒီအထဲ မႏၲေလးၿမိဳ႕က တစ္ဦးလည္း ပါဝင္လာတယ္လို႔ အတည္ျပဳခ်က္ထုတ္ျပန္ခဲ့ပါတယ္။ အဆိုပါအမ်ိဳးသမီးက မႏၲေလး ေအာင္ေျမသာစံၿမိဳ႕နယ္ ေမဃဂီရိရပ္ကြက္ အမွတ္ ၈၁၊ အကြက္ ၁၄၂ ၁၈ လမ္း၊ ၈၂ လမ္းနဲ႔ ၈၃ လမ္းၾကား ေန အသက္ ၃၈ ႏွစ္အ႐ြယ္ မခင္သြယ္သြယ္ထြန္းဆိုသူျဖစ္ၿပီး ၎ဟာ စင္ကာပူ ႏိုင္ငံကတစ္ဆင့္ တူရကီႏိုင္ငံသို႔ သြားေရာက္လည္ပတ္ခဲ့ၿပီး မတ္လ ၂၃ ရက္ေန႔က ျမန္မာႏိုင္ငံ ရန္ကုန္ၿမိဳ႕ဆီျပန္ေရာက္လာတာမွာ ၁၄ ရက္ၾကာ Quarantine ေနထိုင္ခဲ့ေၾကာင္း၊ ဧၿပီလ ၇ ရက္ေန႔က မႏၲေလးၿမိဳ႕ကိုျပန္ေရာက္လာၿပီး Home  Quarantine အျဖစ္ဆက္လက္ေနထိုင္ ခဲ့ေၾကာင္း၊ ေနာက္တစ္ရက္မွာေတာ့ ကိုယ္လက္မအီ မသာျဖစ္လို႔ နဒီျမန္မာဟိုတယ္မွာ Facility Quarantine အျဖစ္ သြားေရာက္ေနထိုင္ရင္း Covid-19 အတည္ျပဳလူနာအျဖစ္ ဒီကေန႔မနက္ ေၾကညာခံခဲ့ရတာျဖစ္ေၾကာင္းသိရပါတယ္။

"တစ္လမ္းလုံးကို Lock Down ခ်တာေတာ့မဟုတ္ေသးပါဘူး ဒါကလက္ရွိေျပာလို႔ ရသေလာက္ ပါပဲ၊ ေနာက္ပိုင္းတာဝန္ရွိသူေတြဘက္က ဘယ္လိုၫႊန္ၾကား လာမလဲေတာ့ မသိေသးဘူးေပါ့၊ ေလာေလာဆယ္ေတာ့ လမ္းထဲရွိသမွ်ေနအိမ္ေတြကားေတြအကုန္ ေဆးျဖန္းတယ္ မိသားစုဝင္ ၇ ဦးရယ္ က်န္းမာေရးဝန္ထမ္းႏွစ္ဦးရယ္ ရပ္ကြက္လူႀကီးတစ္ေယာက္ရယ္ကို ေဆး႐ုံမွာ ေစာင့္ၾကည့္ သြားဖို႔ ပို႔လိုက္ပါၿပီ " လို႔လည္း ၎ကေျပာပါတယ္။

မႏၲေလးၿမိဳ႕မွာ ၿပီးခဲ့တဲ့မတ္လ ၂၆ ရက္ေန႔ကလည္း Covid-19 အတည္ျပဳလူနာ တစ္ဦး ေတြ႕ရွိခဲ့ တာမွာ ၎က ခ်မ္းျမသာစည္ၿမိဳ႕နယ္ ျမရည္နႏၵာအိမ္ရာဆီျပန္လာတဲ့ အေမရိကန္ ႏိုင္ငံသားခံ ယူထားသူအမ်ိဳးသားတစ္ဦးျဖစ္ၿပီး အခုအခါမွာေတာ့ ေရာဂါေပ်ာက္ကင္းလို႔ ေဆး႐ုံကေန ဆင္းခြင့္ရသြားၿပီ ျဖစ္တယ္လို႔သိရပါတယ္။

KT
မႏၲေလး၊ ဧၿပီ ၁၆