မန်းကသရက်သီးဈေးရောင်းပွဲတော်တွင် စိန်တစ်လုံးသရက်သီးတစ်လုံးကို ငါးဆယ်ကျပ်တန်ဖြင့် ရောင်းချ၊ သရက်သီးနှင့်သရက်သီးဖျော်ရည်များလည်း စတုဒိတာကျွေးမွေး

မန်းကသရက်သီးဈေးရောင်းပွဲတော်တွင် စိန်တစ်လုံးသရက်သီးတစ်လုံးကို ငါးဆယ်ကျပ်တန်ဖြင့် ရောင်းချ၊ သရက်သီးနှင့်သရက်သီးဖျော်ရည်များလည်း စတုဒိတာကျွေးမွေး

မန္တလေးမြို့မှာကျင်းပနေတဲ့ ဒုတိယအကြိမ် သရက်သီးဈေးရောင်းပွဲတော် ရဲ့နောက်ဆုံးရက်မှာ စိန်တစ်လုံးသရက်သီးတစ်လုံးကို မြန်မာငွေငါးဆယ်ကျပ်တန်တစ်ရွက်နဲ့ ရောင်းချပေးခဲ့ပြီး သရက်သီးနဲ့သရက်သီးဖျော်ရည်များနဲ့လည်း စတုဒီသာကျွေးမွေးခဲ့ပါတယ်။

သရက်သီးအလုံးရေလေးထောင်အား တစ်လုံးကိုမြန်မာငွေငါးဆယ်ကျပ်တန်ငွေစက္ကူ တစ်ရွက်နှုန်းနဲ့ရောင်းချပေးခဲ့တာလို့သိရပြီး ရောင်းချလို့ရတဲ့ငွေတွေကို ကုသိုလ်တော်ဘုရား ဂေါပက အဖွဲ့ဆီ လှူဒါန်းသွားမှာဖြစ်တယ်လို့ ပွဲတော်ကျင်းပရေး တာဝန်ရှိသူတစ်ဦးဖြစ်တဲ့  မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အထွေထွေအတွင်းရေးမှူးဦးကျော်စိုးနိုင်က Opinion Leaders media ကိုပြောပါတယ်။

မန္တလေးမြို့ မန္တလေးတောင်ခြေအနိး ကုသိုလ်တော်ဘုရားနဲ့စန္ဒာမုနိဘုရားကြားမှာ မေ ၁၆ ရက်ကနေ ဒီနေ့ မေ ၁၈ ရက်အထိကျင်းပခဲ့တဲ့သရက်သီးဈေးရောင်းပွဲတော်မှာ သရက်သီးမျိုးပေါင်း ၈၀ ကျော်ကို ပြခန်းပေါင်း ၅၀ ခန့်နဲ့ခင်းကျင်းပြသရောင်းချပေးခဲ့တာဖြစ်ပြီး ပုံမှန်ရောင်းဈေးတွေထက် လျှော့ရောင်းပေး တဲ့အစီအစဉ်တွေလည်းပါဝင်တယ်လို့သိရပါတယ်။

မြန်မာ့သရက်သီးဈေးကွက် ပိုမိုကျယ်ပြန့်ဖွံ့ဖြိုးတိုးတက်လာစေဖို့ရည်ရွယ်တဲ့ ဒီသရက်သီးဈေးရောင်းပွဲတော်ကို ဒုတိယအကြိမ်အဖြစ်နဲ့ ကျင်းပခဲ့တာလည်းဖြစ်ပြီး  မြန်မာ့သရက်ဈေးကွက်နှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးအသင်းကစီစဉ်တာပါ။

ပွဲတော်မှာ သရက်သီးအရောင်းဆိုင်တွေအပြင် သရက်သီးနဲ့ပတ်သက် တဲ့တန်ဖိုးမြင့် ထုတ်ကုန် ဆိုင်ခန်းတွေလည်း ပါဝင်ခင်းကျင်းပြသခဲ့ပြီး ဒေသတွင်းသရက်ခြံတွေကထွက်ရှိတဲ့ စိန်တစ်လုံး သရက်သီးတွေအပြင် ရင်ကွဲ မချစ်စု ရွှေဟင်္သာအစရှိတဲ့သရက် မျိုးရင်းတွေ လည်းရောင်းချပေး ခဲ့တယ်လို့ ဦးကျော်စိုးနိုင်ကပြောပါတယ်။

KT
မန္တလေး မေ ၁၈

(  Zawgyi  )

 မႏၲေလးၿမိဳ႕မွာက်င္းပေနတဲ့ ဒုတိယအႀကိမ္ သရက္သီးေဈးေရာင္းပြဲေတာ္ ရဲ႕ေနာက္ဆုံးရက္မွာ စိန္တစ္လုံးသရက္သီးတစ္လုံးကို ျမန္မာေငြငါးဆယ္က်ပ္တန္တစ္႐ြက္နဲ႔ ေရာင္းခ်ေပးခဲ့ၿပီး သရက္သီးနဲ႔သရက္သီးေဖ်ာ္ရည္မ်ားနဲ႔လည္း စတုဒီသာေကြၽးေမြးခဲ့ပါတယ္။

သရက္သီးအလုံးေရေလးေထာင္အား တစ္လုံးကိုျမန္မာေငြငါးဆယ္က်ပ္တန္ေငြစကၠဴ တစ္႐ြက္ႏႈန္းနဲ႔ေရာင္းခ်ေပးခဲ့တာလို႔သိရၿပီး ေရာင္းခ်လို႔ရတဲ့ေငြေတြကို ကုသိုလ္ေတာ္ဘုရား ေဂါပက အဖြဲ႕ဆီ လႉဒါန္းသြားမွာျဖစ္တယ္လို႔ ပြဲေတာ္က်င္းပေရးတာဝန္ရွိသူတစ္ဦးျဖစ္တဲ့  ျမန္မာ့သရက္ေဈးကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ အေထြေထြအတြင္းေရးမႉးဦးေက်ာ္စိုးႏိုင္က Opinion Leaders media ကိုေျပာပါတယ္။

မႏၲေလးၿမိဳ႕ မႏၲေလးေတာင္ေျခအနိး ကုသိုလ္ေတာ္ဘုရားနဲ႔စႏၵာမုနိဘုရားၾကားမွာ ေမ ၁၆ ရက္ကေန ဒီေန႔ ေမ ၁၈ ရက္အထိက်င္းပခဲ့တဲ့သရက္သီးေဈးေရာင္းပြဲေတာ္မွာ သရက္သီးမ်ိဳးေပါင္း ၈၀ ေက်ာ္ကို ျပခန္းေပါင္း ၅၀ ခန႔္နဲ႔ခင္းက်င္းျပသေရာင္းခ်ေပးခဲ့တာျဖစ္ၿပီး ပုံမွန္ေရာင္းေဈးေတြထက္ ေလွ်ာ့ေရာင္းေပး တဲ့အစီအစဥ္ေတြလည္းပါဝင္တယ္လို႔သိရပါတယ္။

ျမန္မာ့သရက္သီးေဈးကြက္ ပိုမိုက်ယ္ျပန႔္ဖြံ႕ၿဖိဳးတိုးတက္လာေစဖို႔ရည္႐ြယ္တဲ့ ဒီသရက္သီးေဈးေရာင္းပြဲေတာ္ကို ဒုတိယအႀကိမ္အျဖစ္နဲ႔ က်င္းပခဲ့တာလည္းျဖစ္ၿပီး  ျမန္မာ့သရက္ေဈးကြက္ႏွင့္ နည္းပညာဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းကစီစဥ္တာပါ။

ပြဲေတာ္မွာ သရက္သီးအေရာင္းဆိုင္ေတြအျပင္ သရက္သီးနဲ႔ပတ္သက္ တဲ့တန္ဖိုးျမင့္ ထုတ္ကုန္ ဆိုင္ခန္းေတြလည္း ပါဝင္ခင္းက်င္းျပသခဲ့ၿပီး ေဒသတြင္းသရက္ၿခံေတြကထြက္ရွိတဲ့ စိန္တစ္လုံး သရက္သီးေတြအျပင္ ရင္ကြဲ မခ်စ္စု ေ႐ႊဟသၤာအစရွိတဲ့သရက္ မ်ိဳးရင္းေတြ လည္းေရာင္းခ်ေပး ခဲ့တယ္လို႔ ဦးေက်ာ္စိုးႏိုင္ကေျပာပါတယ္။

KT
မႏၲေလး ေမ ၁၈