မန်းတိုင်းအစိုးရက ရဟန်းသာမဏေနှင့် သီလရှင်များအား ကျပ်သိန်းတစ်ထောင့်ခုနှစ်ရာကျော် တန်ဖိုးရှိသော ပစ္စည်းလေးပါး လှူဒါန်း

မန်းတိုင်းအစိုးရက ရဟန်းသာမဏေနှင့် သီလရှင်များအား ကျပ်သိန်းတစ်ထောင့်ခုနှစ်ရာကျော် တန်ဖိုးရှိသော ပစ္စည်းလေးပါး လှူဒါန်း

မန္တလေးခရိုင်အတွင်း ဝါကပ်ဝါဆိုတော်မူကြတဲ့ ရဟန်းသာမဏေတွေနဲ့ သီလရှင်တွေအတွက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က  ဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို  ဒီကနေ့မွန်းလွဲပိုင်းက မဟာအတုလဝေယံ (အတုမရှိ) ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။

ရဟန်းသာမဏေနဲ့ သီလရှင် စုစုပေါင်း အပါး ၄၃၀၀၀ ကျော်အတွက် လှူဒါန်းခဲ့တာပဲဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးစီစဉ်တဲ့ ၂၉ ကြိမ်မြောက် စတုပစ္စယာနုဂ္ဂဟ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းတာ ဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းတာပဲ ဖြစ်တယ်လို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောပါတယ်။

အခမ်းအနားသို့ နိုင်ငံတော်သြဝါဒစရိယ၊ မဟာအောင်မြေမြို့နယ်၊ မြတောင်ကျောင်းတိုက်၊ သမ္မတစာချကျောင်း ဆရာတော် ဘဒ္ဒန္တအကုၤရ နဲ့ ချမ်းမြသာစည်မြိ့နယ် ဆင်မင်းကျောင်း ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရု၊ ဘဒ္ဒန္တ ဩဘာသာဘိဝံသ အမှူးပြုတဲ့ ပင့်သံဃာဆရာတော် ၆၃ ပါး၊ သီလရှင်ဆရာကြီး ၂၇ ပါး ကြွရောက်အပူဇော်ခံခဲ့ပြီး မြတောင်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တအကုၤရက ၉ ပါးသီလ ချီးမြှင့်တော်မူခဲ့ပါတယ်။

အခမ်းအနား အပြီးမှာတော့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတာဝန်ရှိသူတွေ အလှူရှင်တွေက ဆရာတော် သံဃာတော်တွေကို ဝါဆိုသင်္ကန်းနဲ့ လှူဖွယ်ပစ္စည်းတွေ၊ သီလရှင်တွေကို သီလရှင်ဝတ်စုံတွေ ဆက်ကပ်လှူဒါန်းခဲ့ကြပါတယ်။

ဒီကနေ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးစီစဉ်တဲ့ ၂၉ ကြိမ်မြောက် စတုပစ္စယာနုဂ္ဂဟ ပစ္စည်းလေးပါး ထောက်ပံ့လှူဒါန်းခြင်းနဲ့ ဝါဆိုသင်္ကန်းနဲ့ ဆွမ်းဆန်တော် ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားမှာ ဆွမ်းဆန်အိတ် ၇၀၃၀ အိတ် (တန်ဖိုး ၁၄၇၆,၃၀၀၀၀ ကျပ်၊ သင်္ကန်းဒွိစုံ ၁၈၃၂ စုံ (တန်ဖိုး ၂၁၉, ၈၄၀၀၀ ကျပ်၊ သီလရှင်ဝတ်စုံ ၁၄၉ စုံ (တန်ဖိုး ၁၁,၁၇၅၀၀ ကျပ်၊ ဝေယျာဝစ္စ ၅၆၉၅၃၅၀ ကျပ်၊ စုစုပေါင်းတန်ဖိုး ၁၇၆၄, ၂၆၈၅၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။                                            

KT
မန္တလေး၊ သြဂုတ် - ၁၅

( Zawgyi )

မႏၲေလးခ႐ိုင္အတြင္း ဝါကပ္ဝါဆိုေတာ္မူၾကတဲ့ ရဟန္းသာမေဏေတြနဲ႔ သီလရွင္ေတြအတြက္ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က  ဝါဆိုသကၤန္းနဲ႔ ဆြမ္းဆန္ေတာ္ ဆက္ကပ္လႉဒါန္းပြဲ အခမ္းအနားကို  ဒီကေန႔မြန္းလြဲပိုင္းက မဟာအတုလေဝယံ (အတုမရွိ) ေက်ာင္းေတာ္ႀကီးမွာ က်င္းပခဲ့ပါတယ္။

ရဟန္းသာမေဏနဲ႔ သီလရွင္ စုစုေပါင္း အပါး ၄၃၀၀၀ ေက်ာ္အတြက္ လႉဒါန္းခဲ့တာပဲျဖစ္ၿပီး မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ႀကီးမႉးစီစဥ္တဲ့ ၂၉ ႀကိမ္ေျမာက္ စတုပစၥယာႏုဂၢဟ ပစၥည္းေလးပါး ေထာက္ပံ့လႉဒါန္းတာ ဝါဆိုသကၤန္းနဲ႔ ဆြမ္းဆန္ေတာ္ ဆက္ကပ္လႉဒါန္းတာပဲ ျဖစ္တယ္လို႔ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ေဒါက္တာေဇာ္ျမင့္ေမာင္ က ေျပာပါတယ္။

အခမ္းအနားသို႔ ႏိုင္ငံေတာ္ၾသဝါဒစရိယ၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ ျမေတာင္ေက်ာင္းတိုက္၊ သမၼတစာခ်ေက်ာင္း ဆရာေတာ္ ဘဒၵႏၲအကုရၤ နဲ႔ ခ်မ္းျမသာစည္ၿမိ့နယ္ ဆင္မင္းေက်ာင္း ဆရာေတာ္ အဘိဓဇမဟာရ႒ဂု႐ု၊ ဘဒၵႏၲ ဩဘာသာဘိဝံသ အမႉးျပဳတဲ့ ပင့္သံဃာဆရာေတာ္ ၆၃ ပါး၊ သီလရွင္ဆရာႀကီး ၂၇ ပါး ႂကြေရာက္အပူေဇာ္ခံခဲ့ၿပီး ျမေတာင္ေက်ာင္းတိုက္ ဆရာေတာ္ ဘဒၵႏၲအကုရၤက ၉ ပါးသီလ ခ်ီးျမႇင့္ေတာ္မူခဲ့ပါတယ္။

အခမ္းအနား အၿပီးမွာေတာ့ တိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္နဲ႔ ဝန္ႀကီးတာဝန္ရွိသူေတြ အလႉရွင္ေတြက ဆရာေတာ္ သံဃာေတာ္ေတြကို ဝါဆိုသကၤန္းနဲ႔ လႉဖြယ္ပစၥည္းေတြ၊ သီလရွင္ေတြကို သီလရွင္ဝတ္စုံေတြ ဆက္ကပ္လႉဒါန္းခဲ့ၾကပါတယ္။

ဒီကေန႔ မႏၲေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕က ႀကီးမႉးစီစဥ္တဲ့ ၂၉ ႀကိမ္ေျမာက္ စတုပစၥယာႏုဂၢဟ ပစၥည္းေလးပါး ေထာက္ပံ့လႉဒါန္းျခင္းနဲ႔ ဝါဆိုသကၤန္းနဲ႔ ဆြမ္းဆန္ေတာ္ ဆက္ကပ္လႉဒါန္းျခင္း အခမ္းအနားမွာ ဆြမ္းဆန္အိတ္ ၇၀၃၀ အိတ္ (တန္ဖိုး ၁၄၇၆,၃၀၀၀၀ က်ပ္၊ သကၤန္းဒြိစုံ ၁၈၃၂ စုံ (တန္ဖိုး ၂၁၉, ၈၄၀၀၀ က်ပ္၊ သီလရွင္ဝတ္စုံ ၁၄၉ စုံ (တန္ဖိုး ၁၁,၁၇၅၀၀ က်ပ္၊ ေဝယ်ာဝစၥ ၅၆၉၅၃၅၀ က်ပ္၊ စုစုေပါင္းတန္ဖိုး ၁၇၆၄, ၂၆၈၅၀ က်ပ္ ျဖစ္တယ္လို႔ သိရပါတယ္။                                            

KT
မႏၲေလး၊ ၾသဂုတ္ - ၁၅