မလေးရှားရေယာဉ်အသစ်များ ထည့်သွင်းပြေးဆွဲရန် Yangon Water Bus မှ လုပ်ဆောင်နေ

မလေးရှားရေယာဉ်အသစ်များ ထည့်သွင်းပြေးဆွဲရန် Yangon Water Bus မှ လုပ်ဆောင်နေ

ရန်ကုန်မြို့ရဲ့ ပထမဆုံးသော မြို့တွင်းရေကြောင်းပို့ဆောင်ရေးမှ တာဝန်ယူလုပ်ကိုင်နေတဲ့ Yangon Water Bus မှာ မလေးရှားနိုင်ငံထုတ် ရေယာဉ်အသစ်တွေနဲ့ ထည့်သွင်းပြေးဆွဲဖို့ လုပ်ဆောင်နေတယ်လို့ တင့်တင့်မြန်မာကုမ္ပဏီလီမိတက်မှ သိရပါတယ်။

 “ပြည်ပကနေ တင်သွင်းဖို့လုပ်ဆောင်နေပါတယ်၊ မကြာခင်ရောက်လာတာနဲ့ အားဖြည့်ပြေးဆွဲသွားမှာပါ၊ လောလောဆယ်က တင်သွင်း ဖို့ အတွက် လုပ်ထုံးလုပ်နည်းမူဝါဒတွေနဲ့ လုပ်ဆောင်နေတဲ့ အခြေအနေ ဖြစ်ပါတယ်”လို့ ယင်းကုမ္ပဏီမှ ပြန်ကြားရေး ဆိုင်ရာ တာဝန်ယူဆောင်ရွက်နေ တဲ့ ကိုလင်းက ဆိုပါတယ်။

ထိုမလေးရှားနိုင်ငံထုတ် ရေယာဉ်ရှစ်စင်းကို တင်သွင်းကာ ၎င်းရေယာဉ်များရောက်လာပါက လက်ရှိအသုံးပြု ပြေးဆွဲနေတဲ့ ပြည်တွင်း ထုတ်ရေယာဉ်တွေနေရာမှာ လဲလှယ်သုံးစွဲသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။  Yangon Water Bus အနေနဲ့ လက်ရှိမှာ ခရီးသည် ပုံမှန်စီးနင်းမှု ရှိလာတဲ့ လမ်းသစ်လမ်း-ဆာပါချောင်၊ ပန်းဆိုးတန်း-အံ့ကြီး၊ ဗိုလ်တထောင်-သမ္မတ ကမ်းခြေ စတဲ့ ခရီးစဉ်လမ်းကြောင်းသုံးခုမှာ ခရီးသည်တွေ အတွက် ပိုမိုပြီး Safety ဖြစ်စေတဲ့ သြစတြေးလျ နိုင်ငံထုတ် နှစ်ထပ်ရေယာဉ်များဖြင့် အားဖြည့်ကာ ပြေးဆွဲနေသလို လာမယ့်ပွင့်လင်းရာသီ အစီအစဉ် တွေအတွက် အောက်တိုဘာလမှ စတင်ကာ အထူ းအစီအစဉ်သစ်တွေကို ဝန်ဆောင်သွားနိုင်ရန်လည်း စီစဉ်နေကြတယ်လို့ သိရပါတယ်။

 ဇွဲမာန်  
ရန်ကုန်၊ သြဂုတ် ၁၃

(  Zawgyi  )

 ရန္ကုန္ၿမိဳ႕ရဲ႕ ပထမဆုံးေသာ ၿမိဳ႕တြင္းေရေၾကာင္းပို႔ေဆာင္ေရးမွ တာဝန္ယူလုပ္ကိုင္ေနတဲ့ Yangon Water Bus မွာ မေလးရွားႏိုင္ငံထုတ္ ေရယာဥ္အသစ္ေတြနဲ႔ ထည့္သြင္းေျပးဆြဲဖို႔ လုပ္ေဆာင္ေနတယ္လို႔ တင့္တင့္ျမန္မာကုမၸဏီလီမိတက္မွ သိရပါတယ္။

 “ျပည္ပကေန တင္သြင္းဖို႔လုပ္ေဆာင္ေနပါတယ္၊ မၾကာခင္ေရာက္လာတာနဲ႔ အားျဖည့္ေျပးဆြဲသြားမွာပါ၊ ေလာေလာဆယ္က တင္သြင္း ဖို႔ အတြက္ လုပ္ထုံးလုပ္နည္းမူဝါဒေတြနဲ႔ လုပ္ေဆာင္ေနတဲ့ အေျခအေန ျဖစ္ပါတယ္”လို႔ ယင္းကုမၸဏီမွ ျပန္ၾကားေရး ဆိုင္ရာ တာဝန္ယူေဆာင္႐ြက္ေန တဲ့ ကိုလင္းက ဆိုပါတယ္။

ထိုမေလးရွားႏိုင္ငံထုတ္ ေရယာဥ္ရွစ္စင္းကို တင္သြင္းကာ ၎ေရယာဥ္မ်ားေရာက္လာပါက လက္ရွိအသုံးျပဳ ေျပးဆြဲေနတဲ့ ျပည္တြင္း ထုတ္ေရယာဥ္ေတြေနရာမွာ လဲလွယ္သုံးစြဲသြားဖို႔ ရွိေနတယ္လို႔ သိရပါတယ္။  Yangon Water Bus အေနနဲ႔ လက္ရွိမွာ ခရီးသည္ ပုံမွန္စီးနင္းမႈ ရွိလာတဲ့ လမ္းသစ္လမ္း-ဆာပါေခ်ာင္၊ ပန္းဆိုးတန္း-အံ့ႀကီး၊ ဗိုလ္တေထာင္-သမၼတ ကမ္းေျခ စတဲ့ ခရီးစဥ္လမ္းေၾကာင္းသုံးခုမွာ ခရီးသည္ေတြ အတြက္ ပိုမိုၿပီး Safety ျဖစ္ေစတဲ့ ၾသစေၾတးလ် ႏိုင္ငံထုတ္ ႏွစ္ထပ္ေရယာဥ္မ်ားျဖင့္ အားျဖည့္ကာ ေျပးဆြဲေနသလို လာမယ့္ပြင့္လင္းရာသီ အစီအစဥ္ ေတြအတြက္ ေအာက္တိုဘာလမွ စတင္ကာ အထူ းအစီအစဥ္သစ္ေတြကို ဝန္ေဆာင္သြားႏိုင္ရန္လည္း စီစဥ္ေနၾကတယ္လို႔ သိရပါတယ္။

 ဇြဲမာန္  
ရန္ကုန္၊ ၾသဂုတ္ ၁၃