မိုးရေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ စီမံချက် လာမည့်နှစ် မိုးကာလ၌ အခြားမြို့နယ်များသို့ တိုးချဲ့ရန်ရှိနေ

မိုးရေကို အကျိုးရှိစွာ အသုံးချနိုင်ဖို့ စီမံချက် လာမည့်နှစ် မိုးကာလ၌ အခြားမြို့နယ်များသို့ တိုးချဲ့ရန်ရှိနေ

မိုးရေကို သုံးရေအဖြစ် အကျိုးရှိစွာ အသုံးချနိုင်ရန် စီမံလုပ်ဆောင်မှုကို လာမည့်နှစ် မိုးကာလ၌ အခြားသော မြို့နယ်များသို့ တိုးချဲ့လုပ်ကိုင်ရန် အစီအစဉ်များရှိနေကြောင်း ရေမိခင်အဖွဲ့မှ သိရပါတယ်။

အဆိုပါ အသုံးချဖို့ စီမံချက်ကို သင်္ဃန်းကျွန်းမြို့နယ်ထဲက ရပ်ကွက်တစ်ချို့မှာ စီမံချက်ချ လုပ်ကိုင်တဲ့အခါ အောင်မြင်တဲ့ အနေအထားမျိုး ရှိလာခဲ့တဲ့အပြင် ပတ်ဝန်းကျင် ရေသယံဇာတ အခြေအနေကိုပါ များစွာ အထောက်အကူပြုလာတယ်လို့ ယင်းအဖွဲ့မှ ပညာရှင်တစ်ဦးဖြစ်သူ ဦးအောင်ကြည်မောင် က ပြောပါတယ်။

“အရင်ဆုံး ကျွန်တော်တို့ဟာ ဆ/က ရပ်ကွက်ထဲက အုပ်ချုပ်ရေးမှူးရုံး၊ ကျောင်းနဲ့ ရပ်ကွက် စာကြည့်တိုက်တွေမှာ စမ်းသပ်ပြီး လုပ်ဆောင်ခဲ့တယ်၊ စိတ်ဝင်စားတဲ့ အိမ်တွေမှာလည်း လုပ်ဆောင်တဲ့အခါ အကျိုးရှိတာကို တွေ့ရပါတယ်၊ အခုဆိုရင် တော်တော်များများကလည်း ဒါကိုစိတ်ဝင်စားခဲ့ကြပါတယ်” လို့ သူက ရှင်းပြပါတယ်။

ထိုအစီအစဉ်မှာ မိုးရေကို သုံးရေအဖြစ် စီမံချက်ချကာ ထားသိုလုပ်ကိုင်ဖို့ စီစဉ်ခဲ့တာကြောင့် ရပ်ကွက်ထဲက မြေအောက် အဝီစိတွင်းရေများ အနေဖြင့်လည်း ရေအတက်မြန်လာတာကို ထူးခြားစွာ တွေ့ရတယ်လို့ သိရပါတယ်။

“တစ်ချို့ကတော့ မိုးရေကို ကိုက်ခဲတတ်တယ်ဆိုပြီးတော့ ကြောက်ကြတယ်၊ တကယ့် တကယ်တမ်း လုပ်ကိုင်ပြတဲ့အခါကျတော့ ယုံကြည်လက်ခံလာကြတယ်လေ၊ အဲ့ဒီမှာက အဝီစိတွင်းရေဟာ ပေ ၄၀၀ လောက် အနက်တူးမှရတာ၊ အစတုန်းကဆိုရင် အဝီစိတွင်းရေကို စုပ်တင်လိုက်ရင် ရေအတက်လည်း နှေးတယ်၊ အခုတော့ ရေအတက်လည်း သွက်လာတယ်၊ ပေ ၄၀၀ လောက်အထိ တူးစရာမလိုဘဲ ရေထွက်တာတွေလည်း ရှိလာတယ်” လို့ သူက ဆက်လက်ရှင်းပြပါတယ်။

လတ်တလောမှာ အသစ်ဆောက်လုပ်တဲ့ တိုက်တာ အဆောက်အအုံတွေမှာ ပိုင်ရှင်တွေအနေနဲ့ စမ်းသပ်အသုံးပြုနိုင်ရန် ပညာပေးမှုများရှိသလို အခြားသော မြို့နယ်တွေမှာလည်း အကောင်အထည်ဖော်နိုင်ဖို့ စီစဉ်သွားမယ်လို့ ဆိုပါတယ်။

“တိုက်အဟောင်းတွေကျတော့ လုပ်လို့ သိပ်အဆင်မပြေနိုင်တော့ဘူးလေ၊ တိုက်အသစ်တွေကျတော့ သုံးရေက တစ်လိုင်း၊ ရေအသန့်က တစ်လိုင်း သွားလို့ရတယ်၊ အခုဟာက သုံးတာရော အကုန်လုံးက အဝီစိကထွက်တဲ့ ရေအသန့်နဲ့ပဲ သွားနေကြတာပါ၊ ဒါကို ပြင်ဆင်မှုတွေ လုပ်သွားဖို့ ပညာပေးလုပ်ကိုင်ခဲ့ကြတာ ဖြစ်ပါတယ်” လို့လည်း သူက ဆက်လက်ရှင်းပြပါတယ်။

ဇွဲမာန်
ရန်ကုန်၊ ဒီဇင်ဘာ - ၁၁

( Zawgyi )

မိုးေရကို သုံးေရအျဖစ္ အက်ိဳးရွိစြာ အသုံးခ်ႏိုင္ရန္ စီမံလုပ္ေဆာင္မႈကို လာမည့္ႏွစ္ မိုးကာလ၌ အျခားေသာ ၿမိဳ႕နယ္မ်ားသို႔ တိုးခ်ဲ႕လုပ္ကိုင္ရန္ အစီအစဥ္မ်ားရွိေနေၾကာင္း ေရမိခင္အဖြဲ႕မွ သိရပါတယ္။

အဆိုပါ အသုံးခ်ဖို႔ စီမံခ်က္ကို သဃၤန္းကြၽန္းၿမိဳ႕နယ္ထဲက ရပ္ကြက္တစ္ခ်ိဳ႕မွာ စီမံခ်က္ခ် လုပ္ကိုင္တဲ့အခါ ေအာင္ျမင္တဲ့ အေနအထားမ်ိဳး ရွိလာခဲ့တဲ့အျပင္ ပတ္ဝန္းက်င္ ေရသယံဇာတ အေျခအေနကိုပါ မ်ားစြာ အေထာက္အကူျပဳလာတယ္လို႔ ယင္းအဖြဲ႕မွ ပညာရွင္တစ္ဦးျဖစ္သူ ဦးေအာင္ၾကည္ေမာင္ က ေျပာပါတယ္။

“အရင္ဆုံး ကြၽန္ေတာ္တို႔ဟာ ဆ/က ရပ္ကြက္ထဲက အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ေက်ာင္းနဲ႔ ရပ္ကြက္ စာၾကည့္တိုက္ေတြမွာ စမ္းသပ္ၿပီး လုပ္ေဆာင္ခဲ့တယ္၊ စိတ္ဝင္စားတဲ့ အိမ္ေတြမွာလည္း လုပ္ေဆာင္တဲ့အခါ အက်ိဳးရွိတာကို ေတြ႕ရပါတယ္၊ အခုဆိုရင္ ေတာ္ေတာ္မ်ားမ်ားကလည္း ဒါကိုစိတ္ဝင္စားခဲ့ၾကပါတယ္” လို႔ သူက ရွင္းျပပါတယ္။

ထိုအစီအစဥ္မွာ မိုးေရကို သုံးေရအျဖစ္ စီမံခ်က္ခ်ကာ ထားသိုလုပ္ကိုင္ဖို႔ စီစဥ္ခဲ့တာေၾကာင့္ ရပ္ကြက္ထဲက ေျမေအာက္ အဝီစိတြင္းေရမ်ား အေနျဖင့္လည္း ေရအတက္ျမန္လာတာကို ထူးျခားစြာ ေတြ႕ရတယ္လို႔ သိရပါတယ္။

“တစ္ခ်ိဳ႕ကေတာ့ မိုးေရကို ကိုက္ခဲတတ္တယ္ဆိုၿပီးေတာ့ ေၾကာက္ၾကတယ္၊ တကယ့္ တကယ္တမ္း လုပ္ကိုင္ျပတဲ့အခါက်ေတာ့ ယုံၾကည္လက္ခံလာၾကတယ္ေလ၊ အဲ့ဒီမွာက အဝီစိတြင္းေရဟာ ေပ ၄၀၀ ေလာက္ အနက္တူးမွရတာ၊ အစတုန္းကဆိုရင္ အဝီစိတြင္းေရကို စုပ္တင္လိုက္ရင္ ေရအတက္လည္း ေႏွးတယ္၊ အခုေတာ့ ေရအတက္လည္း သြက္လာတယ္၊ ေပ ၄၀၀ ေလာက္အထိ တူးစရာမလိုဘဲ ေရထြက္တာေတြလည္း ရွိလာတယ္” လို႔ သူက ဆက္လက္ရွင္းျပပါတယ္။

လတ္တေလာမွာ အသစ္ေဆာက္လုပ္တဲ့ တိုက္တာ အေဆာက္အအုံေတြမွာ ပိုင္ရွင္ေတြအေနနဲ႔ စမ္းသပ္အသုံးျပဳႏိုင္ရန္ ပညာေပးမႈမ်ားရွိသလို အျခားေသာ ၿမိဳ႕နယ္ေတြမွာလည္း အေကာင္အထည္ေဖာ္ႏိုင္ဖို႔ စီစဥ္သြားမယ္လို႔ ဆိုပါတယ္။

“တိုက္အေဟာင္းေတြက်ေတာ့ လုပ္လို႔ သိပ္အဆင္မေျပႏိုင္ေတာ့ဘူးေလ၊ တိုက္အသစ္ေတြက်ေတာ့ သုံးေရက တစ္လိုင္း၊ ေရအသန႔္က တစ္လိုင္း သြားလို႔ရတယ္၊ အခုဟာက သုံးတာေရာ အကုန္လုံးက အဝီစိကထြက္တဲ့ ေရအသန႔္နဲ႔ပဲ သြားေနၾကတာပါ၊ ဒါကို ျပင္ဆင္မႈေတြ လုပ္သြားဖို႔ ပညာေပးလုပ္ကိုင္ခဲ့ၾကတာ ျဖစ္ပါတယ္” လို႔လည္း သူက ဆက္လက္ရွင္းျပပါတယ္။

ဇြဲမာန္
ရန္ကုန္၊ ဒီဇင္ဘာ - ၁၁