မူးယစ်ဆေးကြောင့် ဖြစ်ပေါ်လာမယ့် ဆိုကျိုး အန္တရာယ်အတွက် လူငယ်များကြား ပညာပေးရန် UNOPS အကူအညီဖြင့် လုပ်ဆောင်နေ

 မူးယစ်ဆေးကြောင့် ဖြစ်ပေါ်လာမယ့် ဆိုကျိုး အန္တရာယ်အတွက် လူငယ်များကြား ပညာပေးရန် UNOPS အကူအညီဖြင့် လုပ်ဆောင်နေ

မူးယစ်ဆေးကြောင့် ဖြစ်ပေါ်လာနိုင်မယ့် ဆိုးကျိုး အန္တရာယ်တွေ အတွက် အသိပညာပေးနိုင်ဖို့ အစီအစဉ်တွေ ကို UNOPS အကူ အညီဖြင့် လူငယ်တွေကြားမှာ လေ့ကျင့်လုပ်ဆောင်ပေးနေတယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေး ဝါး ဆန့်ကျင်ရေးအသင်းရဲ့ နှစ်ပတ်လည် ဗဟိုကော်မတီ အစည်းအဝေးမှ သိရပါတယ်။

အဆိုပါ UNOPS ရဲ့ ထောက်ပံ့ကူညီမှုနဲ့အတူ လုပ်ဆောင် နေတဲ့ အစီအစဉ်တွေမှာ လူငယ်တွေအတွက် လိင်မှု ဆိုင်ရာ ကိစ္စရပ်တွေနဲ့ မျိုးဆက်ပွားကျန်းမာရေး အခွင့်အရေးဆိုင်ရာ အကြောင်းအရာ ကိစ္စရပ်တွေကို တွဲဖက် ပညာပေးလုပ်ဆောင် တာဖြစ်ပြီး မူးယစ်ဆေးစွဲသူတွေ၊ ဆေးဖြတ်ကာ လုပ်ဆောင် နေသူတွေ၊ သူတို့နဲ့ နှီးနွယ် နေ သူတွေကို မြန်မာနိုင်ငံ မူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်းက ရက်တိုသင်တန်းများ ဖွင့်လှစ် ပညာပေး တာတွေကို လုပ်ဆောင်နေတာလို့ သိရပါတယ်။ "ဒီလိုသုံးစွဲတာတွေကြောင့် လူမှုရေး စီးပွားရေး တွေအပေါ် ထိခိုက် လာ တယ် ဆိုတာကို ဆရာတို့ ပညာပေး တယ်၊ ဒီလိုလုပ်ငန်းတွေဟာ ရေရှည်လုပ်ဆောင်နေတာ ဖြစ်ပါတယ်"လို့ ယင်းအသင်းမှ ပညာပေး လုပ်ဆောင် နေတဲ့ ဒေါက်တာ မောင်မောင်လွင်က ဆိုပါတယ်။ ပြည်တွင်း မှာ မူးယစ်ဆေးဝါးအလွဲသုံးမှုဖြစ်စဉ်တွေဟာ လူငယ်တွေကြားမှာ များပြားနေတာတွေကြောင့်လည်း ပညာပေးမှုတွေကို လူငယ်တွေစိတ်ဝင်စားမယ့် အခြေအနေမျိုးဖြစ်အောင် ဖန်တီး သွားဖို့ စီစဉ်နေကြပါတယ်။

ရန်ကုန်မြို့က မူးယစ်ဆေးဝါးပပျောက်ရေး အထိမ်းအမှတ် ပြတိုက် အစည်းအဝေးခန်းမမှာ သုံးရက်ကြာ ကျင်းပ နေတဲ့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး ဆန့်ကျင်ရေးအသင်းရဲ့ နှစ်ပတ်လည် ဗဟိုကော်မတီအစည်းအဝေးမှာ မူးယစ်ဆေးဝါး အန္တရာယ် တားဆီး ကာကွယ်ရေး လုပ်ငန်းတွေကို အမျိုးသားရေး တာဝန်အဖြစ်သတ်မှတ်ပြီး မပာာဗျူဟာနှစ်ရပ်၊နည်းဗျူဟာသုံးရပ် ချမှတ်ဆောင်ရွက်နေသလို မူးယစ်ကင်းစင် သော မြန်မာ့လူဘောင် အဖွဲ့အစည်း တစ်ရပ်ဖြစ်ပေါ်စေရေး အတွက် ဆွေးနွေး လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ထို့အပြင် ၂၀၁၈ ခုနှစ် တစ်နှစ်တာပတ်လုံးအတွက် ပြုလုပ်ခဲ့တဲ့ မူးယစ်အန္တရာယ် အသိပညာပေးဟောပြောပွဲ တွေကနေ ရရှိသော အကျိုးရလဒ်တွေနဲ့ ရှေ့ဆက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြပါတယ်။ UNOPS ရဲ့ ထောက်ပံ့မှုတွေနဲ့ ဆောင်ရွက်နေတဲ့ Access to Health Fund Project ကိုတော့ ပြည်တွင်းက နေရာ ၁၄ ခုမှာ ဆောင်ရွက် နေတဲ့အပြင် Global Fund Project အနေနဲ့ နေရာပေါင်း ၁၅ ခုမှာ ဆောင်ရွက်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

 ဇွဲမာန်
ရန်ကုန်၊ မေ ၂၄

(  Zawgyi  )

 မူးယစ္ေဆးေၾကာင့္ ျဖစ္ေပၚလာႏိုင္မယ့္ ဆိုးက်ိဳး အႏၲရာယ္ေတြ အတြက္ အသိပညာေပးႏိုင္ဖို႔ အစီအစဥ္ေတြ ကို UNOPS အကူ အညီျဖင့္ လူငယ္ေတြၾကားမွာ ေလ့က်င့္လုပ္ေဆာင္ေပးေနတယ္လို႔ ျမန္မာႏိုင္ငံ မူးယစ္ေဆး ဝါး ဆန႔္က်င္ေရးအသင္းရဲ႕ ႏွစ္ပတ္လည္ ဗဟိုေကာ္မတီ အစည္းအေဝးမွ သိရပါတယ္။

အဆိုပါ UNOPS ရဲ႕ ေထာက္ပံ့ကူညီမႈနဲ႔အတူ လုပ္ေဆာင္ ေနတဲ့ အစီအစဥ္ေတြမွာ လူငယ္ေတြအတြက္ လိင္မႈ ဆိုင္ရာ ကိစၥရပ္ေတြနဲ႔ မ်ိဳးဆက္ပြားက်န္းမာေရး အခြင့္အေရးဆိုင္ရာ အေၾကာင္းအရာ ကိစၥရပ္ေတြကို တြဲဖက္ ပညာေပးလုပ္ေဆာင္ တာျဖစ္ၿပီး မူးယစ္ေဆးစြဲသူေတြ၊ ေဆးျဖတ္ကာ လုပ္ေဆာင္ ေနသူေတြ၊ သူတို႔နဲ႔ ႏွီးႏြယ္ ေန သူေတြကို ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါးဆန႔္က်င္ေရးအသင္းက ရက္တိုသင္တန္းမ်ား ဖြင့္လွစ္ ပညာေပး တာေတြကို လုပ္ေဆာင္ေနတာလို႔ သိရပါတယ္။ "ဒီလိုသုံးစြဲတာေတြေၾကာင့္ လူမႈေရး စီးပြားေရး ေတြအေပၚ ထိခိုက္ လာ တယ္ ဆိုတာကို ဆရာတို႔ ပညာေပး တယ္၊ ဒီလိုလုပ္ငန္းေတြဟာ ေရရွည္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္"လို႔ ယင္းအသင္းမွ ပညာေပး လုပ္ေဆာင္ ေနတဲ့ ေဒါက္တာ ေမာင္ေမာင္လြင္က ဆိုပါတယ္။ ျပည္တြင္း မွာ မူးယစ္ေဆးဝါးအလြဲသုံးမႈျဖစ္စဥ္ေတြဟာ လူငယ္ေတြၾကားမွာ မ်ားျပားေနတာေတြေၾကာင့္လည္း ပညာေပးမႈေတြကို လူငယ္ေတြစိတ္ဝင္စားမယ့္ အေျခအေနမ်ိဳးျဖစ္ေအာင္ ဖန္တီး သြားဖို႔ စီစဥ္ေနၾကပါတယ္။

ရန္ကုန္ၿမိဳ႕က မူးယစ္ေဆးဝါးပေပ်ာက္ေရး အထိမ္းအမွတ္ ျပတိုက္ အစည္းအေဝးခန္းမမွာ သုံးရက္ၾကာ က်င္းပ ေနတဲ့ ျမန္မာႏိုင္ငံ မူးယစ္ေဆးဝါး ဆန႔္က်င္ေရးအသင္းရဲ႕ ႏွစ္ပတ္လည္ ဗဟိုေကာ္မတီအစည္းအေဝးမွာ မူးယစ္ေဆးဝါး အႏၲရာယ္ တားဆီး ကာကြယ္ေရး လုပ္ငန္းေတြကို အမ်ိဳးသားေရး တာဝန္အျဖစ္သတ္မွတ္ၿပီး မပာာဗ်ဴဟာႏွစ္ရပ္၊နည္းဗ်ဴဟာသုံးရပ္ ခ်မွတ္ေဆာင္႐ြက္ေနသလို မူးယစ္ကင္းစင္ ေသာ ျမန္မာ့လူေဘာင္ အဖြဲ႕အစည္း တစ္ရပ္ျဖစ္ေပၚေစေရး အတြက္ ေဆြးေႏြး လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ ထို႔အျပင္ ၂၀၁၈ ခုႏွစ္ တစ္ႏွစ္တာပတ္လုံးအတြက္ ျပဳလုပ္ခဲ့တဲ့ မူးယစ္အႏၲရာယ္ အသိပညာေပးေဟာေျပာပြဲ ေတြကေန ရရွိေသာ အက်ိဳးရလဒ္ေတြနဲ႔ ေရွ႕ဆက္ ေဆာင္႐ြက္သြားမယ့္ လုပ္ငန္းစဥ္ေတြကို ေဆြးေႏြးခဲ့ၾကပါတယ္။ UNOPS ရဲ႕ ေထာက္ပံ့မႈေတြနဲ႔ ေဆာင္႐ြက္ေနတဲ့ Access to Health Fund Project ကိုေတာ့ ျပည္တြင္းက ေနရာ ၁၄ ခုမွာ ေဆာင္႐ြက္ ေနတဲ့အျပင္ Global Fund Project အေနနဲ႔ ေနရာေပါင္း ၁၅ ခုမွာ ေဆာင္႐ြက္ေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။

 ဇြဲမာန္
ရန္ကုန္၊ ေမ ၂၄