မြို့သာစက်မှုဥယျာဉ်ဆေးခြောက်စိုက်ခင်းအမှုမှ တရားစွဲခံမြန်မာနိုင်ငံသူ တရားရှင် လွတ် မြောက်လာ

မြို့သာစက်မှုဥယျာဉ်ဆေးခြောက်စိုက်ခင်းအမှုမှ  တရားစွဲခံမြန်မာနိုင်ငံသူ တရားရှင် လွတ် မြောက်လာ

မြို့သာစက်မှုဥယျာဉ်ဆေးခြောက်စိုက်ခင်းအမှုမှာ တရားစွဲခံထားရတဲ့ မြန်မာနိုင်ငံသား နှစ်ဦး ထဲက  မရွှန်းလဲ့မြတ်နိုးကို တရားစွဲဆိုထားတဲ့ ပုဒ်မတွေကျူးလွန်တာမရှိဘူးလို့တွေ့ရလို့ဆိုပြီး ဒီကနေ့မှာပဲ မြင်းခြံခရိုင်တရားရုံးက တရားရှင်လွှ တ်ပေးခဲ့တယ်လို့သိရပါတယ်။

တရားစွဲထားတဲ့စွဲချက်တွေမတင်တော့ဘဲ တရားရှင်လွှတ်ပေးလိုက်တာဖြစ်တယ်လို့သိရပြီး ဒါနဲ့ပတ်သက်လို့လည်း ဒီအမှုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော် ရှေ့နေကြီး ဦးသိန်းသန်းဦးက "မရွှန်းလဲ့မြတ်နိုးကိုဒီကနေ့ရုံးချိန်းမှာ စွဲချက်မတင်ဘဲ တရားရှင်လွှတ်ပေးလိုက် တာဖြစ်ပါတယ်"လို့ပြောပါတယ်။

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်အတွင်း ဆေးခြောက် စိုက်ခင်းစိုက်တယ်ဆိုပြီး အမေရိကန်နိုင်ငံသား Mr John Fredric Todorlki နဲ့ မြန်မာနိုင်ငံသား နှစ်ဦးဖြစ်တဲ့ ကိုရှိန်းလတ်နဲ့မရွှန်းလဲ့မြတ်နိုးတို့ကို  ပြီးခဲ့တဲ့နှစ်ဧပြီလက  မြင်းခြံခရိုင်တရားရုံးမှာ တရားစွဲခဲ့တာပါ။

တရားစွဲခံ ၃ ဦးထဲက အမေရိကန်နိုင်ငံသားက ကျန်းမာရေးမကောင်းလို့ဆိုပြီး အာမခံတောင်း ခဲ့တာ မှာ တရားရုံးက ၇ ကြိမ်မြောက်ရုံးချိန်းမှာ အာမခံပေးခဲ့ပေမယ့်လည်း မြန်မာနိုင်ငံသား နှစ်ဦးကတော့ အာမခံမရခဲ့ဘဲ ဒီကနေ့မှာတော့ အဲဒီနှစ်ဦးထဲ ကမရွှန်းလဲ့မြတ်နိုး တရားရှင်လွတ် မြောက်ခဲ့တာပဲဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားဟာ ကျန်းမာရေးအခြေအနေအရ ကျပ်သိန်းသုံးထောင်နဲ့ အာမခံ ပေးထား ပေမယ့်လည်း တရားခွင်လာရောက်ခြင်း မရှိလို့ အာမခံတာ၀န်ယူပေးထားသူ တရားစွဲခံထား ရတယ်လို့ သိရပြီး ဒီအမှုမှာကျန်နေသေးတဲ့ အဲဒီအမေရိကန်နိုင်ငံသား နဲ့ကိုရှိန်းလတ်တို့ကိုတော့ လာမယ့်ဖေဖော်ဝါရီလ ၂၄ ရက်မှာဆက်လက်စစ်ဆေးဖို့ မြင်းခြံခရိုင်တရားရုံးက ပြန်လည် ချိန်းဆို ထားတယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ဧပြီလက မန္တလေးတိုင်းဒေသကြိး ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဥယျာဉ်မြို့တော်မှာ တရားမ၀င်ဆေးခြောက်စိုက်ခင်းစိုက်လို့ဆိုပြီး ဖေ့စ်ဘွတ်စာမျက်နှာတွေကတစ်ဆင့် သတင်းတွေ ပျံ့နှံ့ ခဲ့ တာမှာ ရဲတပ်ဖွဲ့၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန၊ ဓာတုဗေဒစစ်ဆေးရေး ဌာနခွဲ(မန္တလေး)တို့က၀င်ရောက်စစ်ဆေးပြီး အမေရိကန်နိုင်ငံသား Mr.John Fredric Todoroki (အသက် ၆၃ နှစ်)နဲ့ မြန်မာနိုင်ငံသားနှစ်ဦးဖြစ်ကြတဲ့ ကိုရှိန်းလတ်(အသက် ၃၇ နှစ်)နဲ့ မရွှန်းလဲ့မြတ်နိုး (အသက် ၂၃ နှစ်)တို့ကို စိုက်ခင်းတာ၀န်ရှိသူတွေလို့ဆိုပြီး ဖမ်းဆီးတရားစွဲခဲ့ ပါတယ်။

၄င်းတို့ကို မူးယစ်တပ်ဖွဲ့မှရဲအုပ်တစ်ဦးတရားလိုပြုလုပ်ပြီးအမှုဖွင့်တိုင်ကြားချက်အရ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ ဆိုင်ရာဥပဒေပုဒ်မ ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို့နဲ့ မြင်းခြံခရိုင်တရားရုံးမှာတရားစွဲတင်ခဲ့တာဖြစ်ပါတယ်။

ဆေးခြောက်စိုက်ခင်းစိုက်တယ်ဆိုတဲ့ III M ကုမ္ပဏီကတော့ မန္တလေးတိုင်းဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သဘာဝဆေးဖက်၀င်လျှော်ပင် စမ်းသပ်စိုက်ပျိုး သုတေသနပြုလုပ်နေတာပဲ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

KT                                                                        
မန္တလေး၊ ဖေဖော်ဝါရီ ၁၀

(  Zawgyi  )

 ၿမိဳ႕သာစက္မႈဥယ်ာဥ္ေဆးေျခာက္စိုက္ခင္းအမႈမွာ တရားစြဲခံထားရတဲ့ ျမန္မာႏိုင္ငံသား ႏွစ္ဦး ထဲက  မ႐ႊန္းလဲ့ျမတ္ႏိုးကို တရားစြဲဆိုထားတဲ့ ပုဒ္မေတြက်ဴးလြန္တာမရွိဘူးလို႔ေတြ႕ရလို႔ဆိုၿပီး ဒီကေန႔မွာပဲ ျမင္းၿခံခ႐ိုင္တရား႐ုံးက တရားရွင္လႊ တ္ေပးခဲ့တယ္လို႔သိရပါတယ္။

တရားစြဲထားတဲ့စြဲခ်က္ေတြမတင္ေတာ့ဘဲ တရားရွင္လႊတ္ေပးလိုက္တာျဖစ္တယ္လို႔သိရၿပီး ဒါနဲ႔ပတ္သက္လို႔လည္း ဒီအမႈလိုက္ပါေဆာင္႐ြက္ေပးေနသူ တရားလႊတ္ေတာ္ ေရွ႕ေနႀကီး ဦးသိန္းသန္းဦးက "မ႐ႊန္းလဲ့ျမတ္ႏိုးကိုဒီကေန႔႐ုံးခ်ိန္းမွာ စြဲခ်က္မတင္ဘဲ တရားရွင္လႊတ္ေပးလိုက္ တာျဖစ္ပါတယ္"လို႔ေျပာပါတယ္။

မႏၲေလးတိုင္းေဒသႀကီး ျမင္းၿခံခ႐ိုင္ ငါန္းဇြန္ၿမိဳ႕နယ္ ၿမိဳ႕သာစက္မႈဥယ်ာဥ္အတြင္း ေဆးေျခာက္ စိုက္ခင္းစိုက္တယ္ဆိုၿပီး အေမရိကန္ႏိုင္ငံသား Mr John Fredric Todorlki နဲ႔ ျမန္မာႏိုင္ငံသား ႏွစ္ဦးျဖစ္တဲ့ ကိုရွိန္းလတ္နဲ႔မ႐ႊန္းလဲ့ျမတ္ႏိုးတို႔ကို  ၿပီးခဲ့တဲ့ႏွစ္ဧၿပီလက  ျမင္းၿခံခ႐ိုင္တရား႐ုံးမွာ တရားစြဲခဲ့တာပါ။

တရားစြဲခံ ၃ ဦးထဲက အေမရိကန္ႏိုင္ငံသားက က်န္းမာေရးမေကာင္းလို႔ဆိုၿပီး အာမခံေတာင္း ခဲ့တာ မွာ တရား႐ုံးက ၇ ႀကိမ္ေျမာက္႐ုံးခ်ိန္းမွာ အာမခံေပးခဲ့ေပမယ့္လည္း ျမန္မာႏိုင္ငံသား ႏွစ္ဦးကေတာ့ အာမခံမရခဲ့ဘဲ ဒီကေန႔မွာေတာ့ အဲဒီႏွစ္ဦးထဲ ကမ႐ႊန္းလဲ့ျမတ္ႏိုး တရားရွင္လြတ္ ေျမာက္ခဲ့တာပဲျဖစ္ပါတယ္။

အေမရိကန္ႏိုင္ငံသားဟာ က်န္းမာေရးအေျခအေနအရ က်ပ္သိန္းသုံးေထာင္နဲ႔ အာမခံ ေပးထား ေပမယ့္လည္း တရားခြင္လာေရာက္ျခင္း မရွိလို႔ အာမခံတာ၀န္ယူေပးထားသူ တရားစြဲခံထား ရတယ္လို႔ သိရၿပီး ဒီအမႈမွာက်န္ေနေသးတဲ့ အဲဒီအေမရိကန္ႏိုင္ငံသား နဲ႔ကိုရွိန္းလတ္တို႔ကိုေတာ့ လာမယ့္ေဖေဖာ္ဝါရီလ ၂၄ ရက္မွာဆက္လက္စစ္ေဆးဖို႔ ျမင္းၿခံခ႐ိုင္တရား႐ုံးက ျပန္လည္ ခ်ိန္းဆို ထားတယ္လို႔သိရပါတယ္။

ၿပီးခဲ့တဲ့ဧၿပီလက မႏၲေလးတိုင္းေဒသႀကိး ငါန္းဇြန္ၿမိဳ႕နယ္ ၿမိဳ႕သာစက္မႈဥယ်ာဥ္ၿမိဳ႕ေတာ္မွာ တရားမ၀င္ေဆးေျခာက္စိုက္ခင္းစိုက္လို႔ဆိုၿပီး ေဖ့စ္ဘြတ္စာမ်က္ႏွာေတြကတစ္ဆင့္ သတင္းေတြ ပ်ံ႕ႏွံ႔ ခဲ့ တာမွာ ရဲတပ္ဖြဲ႕၊ အစားအေသာက္ႏွင့္ေဆးဝါးကြပ္ကဲမႈဦးစီးဌာန၊ ဓာတုေဗဒစစ္ေဆးေရး ဌာနခြဲ(မႏၲေလး)တို႔က၀င္ေရာက္စစ္ေဆးၿပီး အေမရိကန္ႏိုင္ငံသား Mr.John Fredric Todoroki (အသက္ ၆၃ ႏွစ္)နဲ႔ ျမန္မာႏိုင္ငံသားႏွစ္ဦးျဖစ္ၾကတဲ့ ကိုရွိန္းလတ္(အသက္ ၃၇ ႏွစ္)နဲ႔ မ႐ႊန္းလဲ့ျမတ္ႏိုး (အသက္ ၂၃ ႏွစ္)တို႔ကို စိုက္ခင္းတာ၀န္ရွိသူေတြလို႔ဆိုၿပီး ဖမ္းဆီးတရားစြဲခဲ့ ပါတယ္။

၄င္းတို႔ကို မူးယစ္တပ္ဖြဲ႕မွရဲအုပ္တစ္ဦးတရားလိုျပဳလုပ္ၿပီးအမႈဖြင့္တိုင္ၾကားခ်က္အရ မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ား ဆိုင္ရာဥပေဒပုဒ္မ ၁၆(က)(ခ)/၁၉(က)/၂၀(က)(ခ) တို႔နဲ႔ ျမင္းၿခံခ႐ိုင္တရား႐ုံးမွာတရားစြဲတင္ခဲ့တာျဖစ္ပါတယ္။

ေဆးေျခာက္စိုက္ခင္းစိုက္တယ္ဆိုတဲ့ III M ကုမၸဏီကေတာ့ မႏၲေလးတိုင္းေဒသႀကီး အစိုးရရဲ႕ ခြင့္ျပဳခ်က္နဲ႔ သဘာဝေဆးဖက္၀င္ေလွ်ာ္ပင္ စမ္းသပ္စိုက္ပ်ိဳး သုေတသနျပဳလုပ္ေနတာပဲ ျဖစ္တယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။

KT                                                                        
မႏၲေလး၊ ေဖေဖာ္ဝါရီ ၁၀