မှတ်ပုံတင်တစ်ခုတည်းဖြင့် ပိုမိုမှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ အပြီးသတ်ပိတ်သိမ်းရန်စီစဉ်နေ

မှတ်ပုံတင်တစ်ခုတည်းဖြင့် ပိုမိုမှတ်ပုံတင်ထားသော ဆင်းမ်ကတ်များ အပြီးသတ်ပိတ်သိမ်းရန်စီစဉ်နေ

မိုဘိုင်းဖုန်းဆင်းမ်ကတ်များတွင် မှတ်ပုံတင်တစ်ခုလျှင် ဆင်းမ်ကတ်နှစ်ခုသာ မှတ်ပုံတင်ရန်သတ်မှတ်ထား သော်လည်း သတ်မှတ် အရေအတွက်ထက် ပိုမိုမှတ်ပုံတင်ထားသော ကတ်များနဲ့ အချက်အလက်မှန်ကန်စွာ မှတ်ပုံမတင်ထားသော ကတ်များကို လာမယ့် ဧပြီ ၃၀ရက်တွင် အထွက်ခေါ်ဆိုမှု ပိတ်ထားကာ ဇွန်လ ၃၀ ရက်မှ စ၍ အပြီးသတ် ပိတ်သိမ်းသွားဖို့ လျှာထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာန မှ သိရပါတယ်။

ထိုသို့ ကျင့်သုံးဆောင်ရွက်မယ့်အကြောင်းကို မိုဘိုင်းဖုန်းအသုံးပြုသူတွေ ကျယ်ကျယ်ပြန့်ပြန့် သိနိုင်ဖို့ ပညာပေးလုပ်ဆောင်နေကြောင်း၊ ယခုနောက်ပိုင်းတွင် ငွေပေးငွေယူကိစ္စ (Mobile Financial Service)များကို မိုဘိုင်းဖုန်းကို အသုံးပြု ဆောင်ရွက်မှုတွေဟာ ပိုမို တိုးတက် လာခဲ့ပြီး လုံခြုံစိတ်ချမှုရှိစွာ ဆောင်ရွက်နိုင်ရန်သာမက စနစ်တကျ မှတ်ပုံတင်ထားခြင်းမရှိသော SIM Card များကို အသုံးပြုပြီး ဆက်သွယ်ရေး ကွန်ရက်ကိုအသုံးပြုကာ ရာဇဝတ်မှု ကျူးလွန်တာတွေကို လျှော့ချနိုင်ရန်၊ မိုဘိုင်းဖုန်းသုံးစွဲသူများမှာ မိမိတို့ မိုဘိုင်းဖုန်း ဖြင့် ဆောင်ရွက်မှုများကို တာဝန်ယူတာဝန်ခံနိုင်စေရန် အတွက် အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီး ဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ၂၀၁၄ ခုနှစ်မှာ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနဲ့ဆိုင်တဲ့ လုပ်ငန်းဆိုင်ရာကျင့်စဉ် (Code of Practice for Mobile Service User Registration) ကို ထုတ်ပြန်ကာ မှတ်ပုံတင်နိုင်ရေးကို စနစ်တကျလုပ်ဆောင်နိုင်ရန် မိုဘိုင်း အော်ပရေတာ များသို့ အကြိမ်ကြိမ် ညွှန်ကြားခဲ့ကြောင်း၊ ထိုဆင်းမ်ကတ် မှတ်ပုံတင်ရာတွင် ယင်းအချိန်ကာလက ကန့်သတ်ထားခြင်း မျိုး မရှိခဲ့တဲ့အတွက် အချို့သော အရောင်းဆိုင်များက နိုင်ငံသား စိစစ်ရေးကတ်တစ်ခုတည်းဖြင့် ဆင်းမ်ကတ်များစွာကို မှတ်ပုံတင်ကာ အခြားသူများကို ရောင်းချခြင်း၊ အချို့မှာ နိုင်ငံသားစိစစ်ရေး ကတ်တစ်ခုဖြင့် ဆင်းမ်ကတ်များစွာကို မှတ်ပုံတင်ဝယ်ယူပြီး အပြင်တွင် ပြန်လည် ရောင်းချခြင်း အစရှိတဲ့ အခြေအနေတွေနဲ့ အချက်အလက်မှန်ကန်မှု မရှိတဲ့အခြေအနေတွေကို စိစစ်တွေ့ရှိရတဲ့အတွက် ၂၀၁၉ ခုနှစ် ဧပြီလမှစတင်ကာ အသိအမှတ်ပြုကတ်ပြားတစ်ခုခုဖြင့် ဆင်းမ်ကတ် နှစ်ခုသာ မှတ်ပုံတင်ရန် ညွှန်ကြားသတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။

သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၃၁ ရက်အထိ စိစစ်တွေ့ရှိချက်အရ အသိအမှတ်ပြုကတ်ပြားတစ်ခုဖြင့် ဆင်းမ်ကတ် နှစ်ခုထက် ပိုမိုမှတ်ပုံတင်ထားမှုကို MPT တွင် ၁၂ ဒသမ ၉၅ သန်းဝန်းကျင်၊ MyTel တွင် ၄ ဒသမ ၅ သန်း ကျော်၊ Ooredoo တွင် ၄ ဒသမ ၅ သန်း ကျော်၊ Telenor တွင် ၆ ဒသမ ဝ၄ သန်းကျော် တို့အပါအဝင် ဆင်းမ်ကတ်စုစုပေါင်း ၂၈ ဒသမ ၂ သန်းခန့် ကိုလည်း တွေ့ရှိထားတာ ကြောင့် မှန်ကန်စွာမှတ်ပုံတင်နိုင်ရန် ညွှန်ကြားမှုများလုပ်ဆောင်နေတယ်လို့ ဆက်လက်သိရှိရပါတယ်။

ဇွဲမာန်  
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

(  Zawgyi  )

 မိုဘိုင္းဖုန္းဆင္းမ္ကတ္မ်ားတြင္ မွတ္ပုံတင္တစ္ခုလွ်င္ ဆင္းမ္ကတ္ႏွစ္ခုသာ မွတ္ပုံတင္ရန္သတ္မွတ္ထား ေသာ္လည္း သတ္မွတ္ အေရအတြက္ထက္ ပိုမိုမွတ္ပုံတင္ထားေသာ ကတ္မ်ားနဲ႔ အခ်က္အလက္မွန္ကန္စြာ မွတ္ပုံမတင္ထားေသာ ကတ္မ်ားကို လာမယ့္ ဧၿပီ ၃၀ရက္တြင္ အထြက္ေခၚဆိုမႈ ပိတ္ထားကာ ဇြန္လ ၃၀ ရက္မွ စ၍ အၿပီးသတ္ ပိတ္သိမ္းသြားဖို႔ လွ်ာထားတယ္လို႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရးဝန္ႀကီးဌာန၊ ဆက္သြယ္ေရး ၫႊန္ၾကားမႈ ဦးစီးဌာန မွ သိရပါတယ္။

ထိုသို႔ က်င့္သုံးေဆာင္႐ြက္မယ့္အေၾကာင္းကို မိုဘိုင္းဖုန္းအသုံးျပဳသူေတြ က်ယ္က်ယ္ျပန႔္ျပန႔္ သိႏိုင္ဖို႔ ပညာေပးလုပ္ေဆာင္ေနေၾကာင္း၊ ယခုေနာက္ပိုင္းတြင္ ေငြေပးေငြယူကိစၥ (Mobile Financial Service)မ်ားကို မိုဘိုင္းဖုန္းကို အသုံးျပဳ ေဆာင္႐ြက္မႈေတြဟာ ပိုမို တိုးတက္ လာခဲ့ၿပီး လုံၿခဳံစိတ္ခ်မႈရွိစြာ ေဆာင္႐ြက္ႏိုင္ရန္သာမက စနစ္တက် မွတ္ပုံတင္ထားျခင္းမရွိေသာ SIM Card မ်ားကို အသုံးျပဳၿပီး ဆက္သြယ္ေရး ကြန္ရက္ကိုအသုံးျပဳကာ ရာဇဝတ္မႈ က်ဴးလြန္တာေတြကို ေလွ်ာ့ခ်ႏိုင္ရန္၊ မိုဘိုင္းဖုန္းသုံးစြဲသူမ်ားမွာ မိမိတို႔ မိုဘိုင္းဖုန္း ျဖင့္ ေဆာင္႐ြက္မႈမ်ားကို တာဝန္ယူတာဝန္ခံႏိုင္ေစရန္ အတြက္ အစရွိတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီး ဌာန၊ ဆက္သြယ္ေရးၫႊန္ၾကားမႈဦးစီးဌာနက ၂၀၁၄ ခုႏွစ္မွာ ဆင္းမ္ကတ္ မွတ္ပုံတင္ျခင္းနဲ႔ဆိုင္တဲ့ လုပ္ငန္းဆိုင္ရာက်င့္စဥ္ (Code of Practice for Mobile Service User Registration) ကို ထုတ္ျပန္ကာ မွတ္ပုံတင္ႏိုင္ေရးကို စနစ္တက်လုပ္ေဆာင္ႏိုင္ရန္ မိုဘိုင္း ေအာ္ပေရတာ မ်ားသို႔ အႀကိမ္ႀကိမ္ ၫႊန္ၾကားခဲ့ေၾကာင္း၊ ထိုဆင္းမ္ကတ္ မွတ္ပုံတင္ရာတြင္ ယင္းအခ်ိန္ကာလက ကန႔္သတ္ထားျခင္း မ်ိဳး မရွိခဲ့တဲ့အတြက္ အခ်ိဳ႕ေသာ အေရာင္းဆိုင္မ်ားက ႏိုင္ငံသား စိစစ္ေရးကတ္တစ္ခုတည္းျဖင့္ ဆင္းမ္ကတ္မ်ားစြာကို မွတ္ပုံတင္ကာ အျခားသူမ်ားကို ေရာင္းခ်ျခင္း၊ အခ်ိဳ႕မွာ ႏိုင္ငံသားစိစစ္ေရး ကတ္တစ္ခုျဖင့္ ဆင္းမ္ကတ္မ်ားစြာကို မွတ္ပုံတင္ဝယ္ယူၿပီး အျပင္တြင္ ျပန္လည္ ေရာင္းခ်ျခင္း အစရွိတဲ့ အေျခအေနေတြနဲ႔ အခ်က္အလက္မွန္ကန္မႈ မရွိတဲ့အေျခအေနေတြကို စိစစ္ေတြ႕ရွိရတဲ့အတြက္ ၂၀၁၉ ခုႏွစ္ ဧၿပီလမွစတင္ကာ အသိအမွတ္ျပဳကတ္ျပားတစ္ခုခုျဖင့္ ဆင္းမ္ကတ္ ႏွစ္ခုသာ မွတ္ပုံတင္ရန္ ၫႊန္ၾကားသတ္မွတ္ခဲ့တယ္လို႔ သိရပါတယ္။

သို႔ရာတြင္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီ ၃၁ ရက္အထိ စိစစ္ေတြ႕ရွိခ်က္အရ အသိအမွတ္ျပဳကတ္ျပားတစ္ခုျဖင့္ ဆင္းမ္ကတ္ ႏွစ္ခုထက္ ပိုမိုမွတ္ပုံတင္ထားမႈကို MPT တြင္ ၁၂ ဒသမ ၉၅ သန္းဝန္းက်င္၊ MyTel တြင္ ၄ ဒသမ ၅ သန္း ေက်ာ္၊ Ooredoo တြင္ ၄ ဒသမ ၅ သန္း ေက်ာ္၊ Telenor တြင္ ၆ ဒသမ ဝ၄ သန္းေက်ာ္ တို႔အပါအဝင္ ဆင္းမ္ကတ္စုစုေပါင္း ၂၈ ဒသမ ၂ သန္းခန႔္ ကိုလည္း ေတြ႕ရွိထားတာ ေၾကာင့္ မွန္ကန္စြာမွတ္ပုံတင္ႏိုင္ရန္ ၫႊန္ၾကားမႈမ်ားလုပ္ေဆာင္ေနတယ္လို႔ ဆက္လက္သိရွိရပါတယ္။

ဇြဲမာန္  
ရန္ကုန္၊ ေဖေဖာ္ဝါရီ ၂၄