ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေး အား တိုင်းလွှတ်တော် အတည်ပြု

ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေး အား တိုင်းလွှတ်တော် အတည်ပြု

လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုးခန့်အပ်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတက အဆိုပြုပေးပို့လာသည့် ဦးလှအေး အား တိုင်းလွှတ်တော်မှာ ကန့်ကွက်သူမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တရားလွှတ်တော် တရားသူကြီးချုပ်အဖြစ် တိုင်းလွှတ်တော်က ဒီကနေ့ ဒီဇင်ဘာ ၁၂  ရက်တွင် ကျင်းပတဲ့ တိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၀၈) ဒုတိယနေ့မှာ အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ လစ်လပ်နေသည့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်နေရာတွင် အစားထိုးခန့်အပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း က ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ကျင်းပသည့် အရေးပေါ်အစည်းအဝေး (၁/၂၀၀၈) ပထမနေ့မှာ တိုင်းဒေသကြီးလွှတ်တော်၏ သဘောတူညီမှုရယူရန် လွှတ်တော်သို့ အမည်စာရင်း တင်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ကန့်ကွက်လိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်သို့ အမည်စာရင်းပေးသွင်းရန်နှင့် ဖွဲ့စည်းပုံ အခြေခံပုဒ်မ (၃၁၀) ပါ သတ်မှတ်ထားသည့် အရည်အချင်းများနှင့် မပြည့်စုံပါက ခိုင်လုံသည့် သက်သေအထောက်အထားများကို တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၄) နှင့်အညီ ပူးတွဲတင်ပြရန် လွှတ်တော်ဥက္ကဋ္ဌက ဒီဇင်ဘာ ၁၁ ရက် လွှတ်တော်အစည်းအဝေးတွင် ကြေညာခဲ့သော်လည်း ကန့်ကွက်မည့် လွှတ်တော်ကိုယ်စားလှယ်များ မရှိသဖြင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ (၅၂) အရ လွှတ်တော်က သဘောတူကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပေးခဲ့ပါတယ်။

ပြေသိမ်း
ဓါတ်ပုံ - PMT (Page)
ရန်ကုန်၊ ဒီဇင်ဘာ - ၁၂

( Zawgyi )

လစ္လပ္ေနသည့္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ေနရာတြင္ အစားထိုးခန႔္အပ္ႏိုင္ရန္အတြက္ ႏိုင္ငံေတာ္သမၼတက အဆိုျပဳေပးပို႔လာသည့္ ဦးလွေအး အား တိုင္းလႊတ္ေတာ္မွာ ကန႔္ကြက္သူမရွိသျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္အျဖစ္ တိုင္းလႊတ္ေတာ္က ဒီကေန႔ ဒီဇင္ဘာ ၁၂  ရက္တြင္ က်င္းပတဲ့ တိုင္းလႊတ္ေတာ္ အေရးေပၚအစည္းအေဝး (၁/၂၀၀၈) ဒုတိယေန႔မွာ အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။

အဆိုပါ လစ္လပ္ေနသည့္ ရန္ကုန္တိုင္းေဒသႀကီး တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္ေနရာတြင္ အစားထိုးခန႔္အပ္ႏိုင္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး၊ လႊတ္ေတာ္ဥကၠ႒ ဦးတင္ေမာင္ထြန္း က ဒီဇင္ဘာ ၁၁ ရက္ေန႔တြင္ က်င္းပသည့္ အေရးေပၚအစည္းအေဝး (၁/၂၀၀၈) ပထမေန႔မွာ တိုင္းေဒသႀကီးလႊတ္ေတာ္၏ သေဘာတူညီမႈရယူရန္ လႊတ္ေတာ္သို႔ အမည္စာရင္း တင္သြင္းခဲ့တာလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ကန႔္ကြက္လိုသည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားရွိပါက လႊတ္ေတာ္သို႔ အမည္စာရင္းေပးသြင္းရန္ႏွင့္ ဖြဲ႕စည္းပုံ အေျခခံပုဒ္မ (၃၁၀) ပါ သတ္မွတ္ထားသည့္ အရည္အခ်င္းမ်ားႏွင့္ မျပည့္စုံပါက ခိုင္လုံသည့္ သက္ေသအေထာက္အထားမ်ားကို တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ (၅၄) ႏွင့္အညီ ပူးတြဲတင္ျပရန္ လႊတ္ေတာ္ဥကၠ႒က ဒီဇင္ဘာ ၁၁ ရက္ လႊတ္ေတာ္အစည္းအေဝးတြင္ ေၾကညာခဲ့ေသာ္လည္း ကန႔္ကြက္မည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား မရွိသျဖင့္ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္လႊတ္ေတာ္ဆိုင္ရာ နည္းဥပေဒ (၅၂) အရ လႊတ္ေတာ္က သေဘာတူေၾကာင္း လႊတ္ေတာ္ဥကၠ႒က ေၾကညာေပးခဲ့ပါတယ္။

ေျပသိမ္း
ဓါတ္ပုံ - PMT (Page)
ရန္ကုန္၊ ဒီဇင္ဘာ - ၁၂